Sonic Generation

သင်ဟာ အောင်မြင်မှု လမ်းစကို ရှာဖွေနေတာလား? ‼️ အပိုင်း (၂)

✔ အပိုင်း (၂)

🍁 သင်ဟာ တစ်ယောက်တည်းစွန့်စားရမှာတွေကို ကြောက်ရွံတတ်သူလား။
သူတစ်ပါးကို အားကိုး မှီခိုတတ်လွန်းသူလား။
ဒါဟာ ကောင်းတဲ့ အကျင့် မဟုတ်ပါဘူး ⛔

🍁 ကိုယ့်ကိုကိုယ်သာ အားကိုးရာပါ။ ဘယ်သူမှ သင့်အတွက် လာလုပ်ပေးမှာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ကြိုးစားချင်စိတ်ရှိအောင် အမြဲ ကြိုးစားပါ။ ကြိုးစားချင်စိတ်ရှိအောင် ကိုယ့်ကိုကိုယ် တိုက်တွန်းပါ။ သင့်အောင်မြင်မှုက သင့်အပေါ်မှာပဲ မူတည်နေပါတယ်။

🍁 အခွင့်အလမ်းဆိုတာ စောင့်မျှော်နေရမယ့်အရာမဟုတ်ပါဘူး။ ကိုယ်တိုင် ဖန်တီးပါ။

☘ အောင်မြင်မှုရဲ့ အဓိက သော့ချက်က ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အဓိကထားပြီးကြည့်ပါ။ အခက်အခဲ အတားဆီးတွေကို မကြည့်ပါနဲ့။

☘ နောက်မှလုပ်မယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။ အခုချက်ချင်း ထလုပ်ပါ။ လက်ရှိအချိန်ဟာ သင့်ရဲ့ အလုပ်တွေစဖို့ အကောင်းဆုံးအချိန်ပါပဲ။ သင် စဉ်းစားမိလျှင် မိခြင်း စတင်ပါ။ အချိန်မဆွဲပါနဲ့။

☘ ဒီနေ့မှာ သင် ချက်ချင်းစတင်ကြိုးစားခြင်းဟာ အနာဂတ်မှာ သင့်ကိုယ်သင် ကျေးဇူးတင်စေမှာပါ။
ကိုယ့်အားကိုယ်ကိုးတတ်ဖို့ ကြိုးစားပါ။

🍀 သင်ဟာ မွေးဖွားလာကတည်းက တယောက်တည်းပါ။
တစ်ယောက်ချင်းကိုယ့်အားကိုယ် ကိုးပြီး မွေးဖွား လာခဲ့ရတာပါ။ သင်ဟာ သင့်ဘဝရဲ့ ပဲ့ကိုင်ရှင် စစ်စစ်ပါ။

🍂 ဘေးလူ ဆိုတာ သင့်ဘ၀ လမ်းကြောင်းရဲ့ လေပြေလေညှင်းဖြစ်ပြီး သင့်ကို ကောင်းစေဖို့ ဖြစ်ကောင်းဖြစ်နိုင်သလို မုန်တိုင်းအနေနဲ့ သင့်ကို လမ်းကြောင်းမှားယွင်းစေနိုင်ပါတယ်။
⚡ဒီတော့ ဘေးလူတွေဆိုတာ သင့်ဘဝရဲ့ ဧည့်သည်တွေပါ။ သင့်ဘ၀ ပန်းချီကားချပ်တွေထဲက ဆေးစက်လေးတွေပဲ ဖြစ်တာမို့ အာရုံထားပြီး အားကိုး မျှော်လင့်မနေပါနဲ့။🔑 သင့်ကိုယ်သင်သာ အားကိုးပါ🔑

❗ သင်ဟာ သင့်ဘဝမှာ အတော်ဆုံးပဲ ဖြစ်ပါတယ် 💪

👉👉 အပိုင်း (၃) လာမယ့် အင်္ဂါနေ့ မနက် (၇)နာရီမှာ ဆက်လက်အားပေးကြပါဦး ခင်ဗျာ။

Leave a Comment

Your email address will not be published. Required fields are marked *