Sonic Generation

သင်ဟာ အောင်မြင်မှု လမ်းစကို ရှာဖွေနေတာလား ? ‼️ အပိုင်း (၁)

သင်ဟာ အောင်မြင်ကို ငံ့လင့်နေတယ် အောင်မြင်မှုလမ်းကြောင်းတွေကို ရှာဖွေနေတယ်ဆိုရင် သင့်ကိုယ်သင် ဘယ်လို ပြင်ဆင်ရမလဲဆိုတာတွေကို ဖတ်ကြည့်ကြရအောင်နော်။

✔ အပိုင်း (၁)

သင်ဟာ အိပ်မက်မက်တတ်သူလား။ စိတ်ကူးစိတ်သန်း ကောင်းမွန်တဲ့ သူလား။ ကြိုးစားသူလား။ ဒါဆိုရင် သင်ဟာ အောင်မြင်မှုရဲ့ လမ်းပေါ်ကို စတတ်တော့မယ့် သူတစ်ယောက်ဖြစ်နေပါပြီ။

🍁 သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်းအတိုင်းအတာဆိုတာ သင့်ရဲ့ စိတ်ကူးနိုင်စွမ်းနဲ့ သင့်ရဲ့ အတွေးအခေါ်ပေါ်မှာပဲ မူတည်ပါတယ်။ သင်မလုပ်နိုင်ဘူးလို့ ဘယ်တော့မှ မတွေးပါနဲ့။ လုပ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်နောက်မှာ ဘယ်လိုလုပ်သင့်လဲ ဆိုတဲ့ စဉ်းစားမှု ကပ်ပါလာပါလိမ့်မယ်။ အရင်ဆုံး တွေးခေါ်ပါ။ လုပ်ဆောင်နိုင်စွမ်း ပေါ်ထွက်လာပါလိမ့်မယ်။

🍁 စိတ်ကူးယဉ်ပါ။ ဖြစ်လာဖို့ ဆုတောင်းပါ။ လက်တွေ့အကောင်ထည်ဖော်ပါ။ အဆင့်သုံးဆင့်ကို ဆက်တိုက်လုပ်ပါ။ ပထမအဆင့် ဒုတိယအဆင့်မှာ ရပ်တန့်မနေပါနဲ့။ လက်တွေ့ အကောင်ထည် ဖော်ဖြစ်အောင်ဖော်ပါ။ သင့်မှာ လုပ်ဆောင်နိုင်စွမ်းတွေ ပြည့်ဝပါတယ်။

🍁 အိပ်မက်ကြီးကြီးမက်ပါ။ လက်တွေ့များများဆောင်ရွက်ပါ။ အိပ်မက်မက်ပြီး အိပ်ရာမနိုးတဲ့ သူတစ်ယောက်လို မဖြစ်ပါစေနဲ့။ အဓိကကတော့ အိပ်မက်တွေမှာ ပျော်ဝင်မသွားပါစေနဲ့။

🌾 သင့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို ယုံကြည်ပါ။ ထို့အတူ တည်ဆောက်ဖို့ မမေ့ပါနဲ့။

🌾 ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ခံယူချက်တွေနဲ့ အတူ သင့်တစ်နေ့တာကို နိုးထပါ။ သင့်ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရဲ့ အကောင်ထည်ဖော်နိုင်မှုကြောင့်ရမယ့် စိတ်ချမ်းသာ ပျော်ရွှင်မှုတွေနဲ့ အိပ်ရာဝင်ပါ။

🌾 သေးသေးလေးကနေ စတင်ပါ။ ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်တွေဆီကို တဖြည်းဖြည်း ရောက်ရှိလာမှာပါ။

💼 အပိုင်း (၁) အတွက် မြန်မာဆိုရိုးတစ်ခု ရှိပါတယ်။ “တစ်ရေးနိုးသော် အကြံပေါ်” ဆိုတဲ့ စကားလေးပါ။ အဲ့ဒါလေးဟာ သင့်ရဲ့ စိတ်ကူးစိတ်သန်းတွေရဲ့ တန်ဖိုးကြီးမှုကို ပြသနေတာပါ။ သို့သော် သင်ဟာ အိပ်မက်တွေမှာ စီးမြောနေတတ်သူဆိုရင်တော့ ဆိုရိုးအဓိပ္ပါယ် ဟြေင်းလဲ သွားပါလိမ့်မယ်။ တကယ်တော့ အိပ်မက်ဆိုတာ အိပ်မက်မက်နေရုံနဲ့ မပြီးပါဘူး။ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့လည်း အရေးကြီးပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *