Sonic Generation

စစ်မှန်တဲ့ ပျော်ရွှင်မှု

သတင်းစာတစ်စောင်ရဲ့ နောက်ဆုံးမျက်နှာကို လှန်ကြည့်လိုက်ပါ။
များပြားလှတဲ့ နာရေးကြော်ငြာတွေကို နေ့စဉ် တွေ့ရမှာပါ။

ဒီသူတွေထဲ ကိုယ့်ထက် အသက်ကြီးသူတွေ ပါသလို၊ ကိုယ်နဲ့ ရွယ်တူ၊ ကိုယ့်ထက် ငယ်သူတွေလည်း အများကြီးပါ။

ဘဝဆိုတာ တကယ်တော့ တိုတိုလေးပါ။

ဒီလို တိုတောင်းလှတဲ့ အချိန်လေးတွေမှာ ဘာအတွက် သင်စိတ်ညစ်နေမှာလဲ။

Facebook ပေါ်က သူများတွေ ပျော်နေတဲ့ ပုံတွေ ကြည့်ပြီးလည်း သိပ်အားကျမနေပါနဲ့။ ဒါတွေက တကယ်အမှန်တွေလို့ ဘယ်သူကများ ပြောနိုင်မှာလဲ။

သင်မချမ်းသာရင်တောင်မှ ကျန်းမာရေးကောင်းသေးတာပဲ။
သင် မပျော်သင့်ဘူးလား။

သင် ကျန်းမာရေး မကောင်းရင်တောင် အသက်ရှင်နေသေးတာပဲ။
သင် မပျော်သင့်ဘူးလား။

သဘာဝရဲ့ အလှတရားကို ခံစားပါ။

ကိုယ်နှစ်သက်တဲ့ သီချင်းလေးတွေ နားဆင်ပါ။

နေ့တိုင်းကို ကိုယ့်ဘဝရဲ့ နောက်ဆုံးနေ့ရက်လို့ သတ်မှတ်ပြီး နောင်တ မရအောင် နေပါ။

အမှန်တော့ ပျော်ရွှင်မှုဆိုတာ ဘယ်သူနဲ့မှ၊ ဘယ်လို အကြောင်းအရာမျိုးနဲ့မှ မသက်ဆိုင်ပါဘူး။

ကိုယ့်ရဲ့ စိတ်ထားအပေါ်မှာပဲ မူတည်နေတာပါ

ဒါ့ကြောင့်မို့လို့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်၊ နောင်တတရားကင်းမဲ့စွာနဲ့ ဖြတ်သန်းနိုင်အောင် ကြိုးပမ်းပါ။

အရာရာ အားလုံးပာာ သင့်အပေါ်မှာပဲ မူတည်တာပါ။ ။

Leave a Comment

Your email address will not be published. Required fields are marked *