Sonic Generation

အောင်မြင်ဖို့အတွက် “7 P”

အောင်မြင်မှုရဖို့အတွက် ဘာတွေလိုအပ်မလဲ။
ကမ္ဘာမှာ နာမည်ကြီးနေတဲ့ “7 P” ကို ဖတ်ကြည့်ပါဦး။

၁။ စိတ်အားထက်သန်မှု (Passionate)

  • အောင်မြင်ဖို့အတွက် သင် စိတ်အားထက်သန်တဲ့ အလုပ်ကိုသာ လုပ်ပါ။ တစ်နည်းပြောရရင် အလုပ်သွားရမှာကို ရည်းစားနဲ့ သွားတွေ့ရမှာထက် ပျော်တဲ့အလုပ်ကိုသာ လုပ်ပါ။

၂။ အကောင်းမြင်စိတ် (Positive mindset)

  • သင်လုပ်နေတဲ့ လုပ်ငန်း၊ အတူတူလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ နောက်ဆုံး သင့်ကိုယ်သင် အကောင်းမြင်စိတ် ထားပါ။ ယုံကြည်ချက်ရှိပါ။

၃။ လက်တွေ့ကျပါ (Practical)

  • သင့်ရဲ့ ရည်မှန်းချက်တွေပာာ သင်လက်လှမ်းမီနိုင်တဲ့ အရာဖြစ်ပါစေ။ အရမ်းမြှင့်လွန်းနေရင်လည်း ဖြစ်နိုင်မယ်လို့ ယုံကြည်မှုရှိမှာ မပာုတ်သလို နိမ့်လွန်းပြန်ရင်လည်း ကြိုးစားအားထုတ်မှုကို လျော့နည်းစေပါတယ်။

၄။ ရေးမှတ်ထားပါ။ (Put in writing)

  • သင့်ရဲ့ ရည်မှန်းချက်တွေကို စိတ်ထဲမှာ ထားရင် မေ့သွားနိုင်ပါတယ်။ စာရွက်တစ်ရွက်မှာ ရေးမှတ်ထားပြီး နေ့စဉ်မြင်သာနိုင်တဲ့ နေရာမှာ ကပ်ထားပါ။ ရည်မှန်းချက်တွေ အောင်မြင်အောင် အသေးစိတ်လုပ်ဆောင်ရမယ့်အရာတွေကိုပါ ချရေးပါ။
    ၅။ နည်းလမ်းရှိပါစေ (Plan)
  • ကိုယ့်မှာ တစ်နှစ်အတွင်း ဖြစ်ရမယ့် ရည်မှန်းချက်ရှိရင် ဒီရည်မှန်းချက် ပြည့်မှီအောင် တစ်လ ချင်း၊ တစ်ပတ်ချင်း၊ ကနေ တစ်နေ့ချင်းစီ ဘာတွေလုပ်ဆောင်ရမလဲဆိုတာနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေ ရေးဆွဲထားပါ။

၆။ တန်ရာတန်ကြေးပေးပါ။ (Pay the price)

  • တန်ရာတန်ကြေးဆိုတာ အချိန်နဲ့ လုပ်အားကို ဆိုလိုတာပါ။ ချမ်းသာချင်တယ်၊ ပညာတတ်ချင်တယ်ဆိုပြီး အိပ်ပဲ အိပ်နေရင်တော့ ဘာမှ ဖြစ်လာမှာ မပာုတ်ပါဘူး။

၇။ ဇွဲ ရှိပါစေ။ (Perseverance)

  • အောင်မြင်တဲ့သူတွေတိုင်းပာာ ဇွဲရှိတဲ့သူတွေဖြစ်ပါတယ်။ ဇွဲရှိတယ်ဆိုတာ ဘယ်လိုအခက်အခဲတွေ ရှိရှိ၊ အားမလျှော့၊ အရှုံးမပေးပဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားတာကို ဆိုလိုပါတယ်

Leave a Comment

Your email address will not be published. Required fields are marked *