Sonic Generation

အောင်မြင်သူတွေ ဘယ်လို အလုပ်ကြိုးစားကြလဲ

တရုတ်ဘီလျံနာသူဌေးကြီး ဂျက်မား ပြောဖူးတဲ့ စကားတစ်ခွန်းကြောင့် အငြင်းအခုံများစွာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီစကားပြောခဲ့တာ သိပ်တော့ မကြာသေးပါဘူး။

သူပြောတာက တကယ်အောင်မြင်ချင်ရင် “996 Rule” ကို သုံးပါလို့ ပြောခဲ့တာပါ။

“996 Rule” ဆိုတာ မနက် ၉နာရီကနေ ည ၉ နာရီအထိ၊ တစ်နေ့ကို (၁၂) နာရီ တိတိနှုန်းနဲ့
တစ်ပတ်ကို (၆) ရက် အလုပ်လုပ်ဖို့ပါ။

ဆိုတော့ တစ်ပတ်ကို (၇၂) နာရီ အလုပ်လုပ်ဖို့ပါ။

အဲ့ဒီလောက် ပမာဏလုပ်ဖို့ဆိုတာ မလွယ်ပေမယ့် လုပ်နေတဲ့သူတွေ၊ ကြိုးစားနေတဲ့ သူတွေ အများကြီးပါ။

အောင်မြင်နေသူတွေပာာ အိပ်ချိန်တွေ လျော့ပြီး အလုပ်လုပ်ချိန်ကို တိုးကြပါတယ်။ သူတို့အတွက်တော့ အလုပ်လုပ်နေရတာက အနားယူနေရသလိုပါပဲ။

ကမာ ္ဘပေါ်က အောင်မြင်နေတဲ့သူတွေ တစ်နေ့ကို ဘယ်လောက်ပဲ အိပ်ပြီး အလုပ်လုပ်ကြတယ်ဆိုတာ ကြည့်ကြရအောင်။

မိုက်ခရိုဆော့ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ဘေလ်ဂိတ်က တစ်နေ့ကို ခုနှစ်နာရီပဲ အိပ်ပြီး ကျန်တဲ့ အချိန်တွေ အလုပ်ပေါ် အာရုံစိုက်ထားပါတယ်။

ကုမ္ပဏီပေါင်း (၄၀၀) ကျော်ရှိတဲ့ Virgin Group ပိုင်ရှင် ရစ်ချတ်ဘရစ်ဆန်ကတော့ တစ်နေ့ကို အများဆုံး (၆) နာရီပဲ အိပ်ပါတယ်။

လက်ရှိ ကမ္ဘာ့ အချမ်းသာဆုံးဖြစ်လာတဲ့ အမေဇုန်တည်ထောင်သူ ဂျက်ဘီဇော့က တစ်နေ့ကို (၇) နာရီပဲ အိပ်ပြီး ကျန်အချိန်တွေကို အလုပ်မှာပဲ နှစ်မြှုပ်ထားပါတယ်။

ခေတ်သစ် “Ironman” လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့အထိ နည်းပညာကျွမ်းကျင်သူလည်းဖြစ်၊ ဘီလျံနာလည်း ဖြစ်တဲ့ အဲလွန်မက်စ်က တစ်နေ့ကို (၆) နာရီပဲ အိပ်ပါတယ်။ ဒီထက်ပိုပြီး ကမာ ္ဘကြီးကို ပိုကောင်းတဲ့ နေရာဖြစ်အောင် ဖန်တီးပေးနိုင်ဖို့ တီထွင်မှု များများလုပ်ဖို့ အိပ်ချိန်တွေ လျော့ဦးမယ်လို့ ကြေငြာထားပါသေးတယ်။

သူတို့တတွေ ဒီလို အိပ်ချိန်နည်းနည်းပဲယူပြီး ကျန်အချိန်တွေမှာလည်း အလုပ်အပေါ်အာရုံစိုက်ထားတာက တစ်နှစ်၊ နှစ်နှစ် သာ မပာုတ်ပါဘူး။ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း ဒီလို အောင်မြင်မှုတွေ ရနေခြင်း ဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့လည်း ဘဝမှာ အောင်မြင်မှုရချင်ရင် အလုပ်ချိန် ပိုများဖို့ လိုပါလိမ့်မယ်။ အလုပ်ချိန်ပိုများဖို့ ဆိုတာကလည်း အလုပ်ထဲ ငုတ်တုတ်ထိုင်ရမယ်လို့ ဆိုလိုခြင်း မပာုတ်ပါဘူး။ နာရီတိုင်း၊ နာရီတိုင်းမှာ ပြီးမြောက်မှုတွေ ရှိရပါမယ်။

ကိုယ့်ရဲ့ အချိန်ပြည့် အလုပ်ပြီးလို့ အားနေတဲ့အချိန်တွေမှာလည်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတာတို့၊ Facebook ထိုင်သုံးနေတာတို့၊ ဂိမ်းဆော့နေတာတို့ချည်း လုပ်မနေပဲ ဝင်ငွေ ပိုတိုးဖို့ အချိန်ပိုင်း အလုပ်တွေ လုပ်တာ၊ ပညာရပ်အသစ်တွေ လေ့လာတာမျိုးတွေ ပြုလုပ်ပြီး မိမိဘဝ ယခုထက် ပိုပြီး တိုးတက်အောင် ကြိုးစားကြံစည်သင့်ကြောင်း ရေးသားလိုက်ရပါတယ်

Leave a Comment

Your email address will not be published. Required fields are marked *