Sonic Generation

ဒေါ်နယ်ထရမ့်ဆီက သင်ခန်းစာ

ဘဝမှာ စိတ်ဓာတ်အကျဆုံး အချိန်၊ အဆိုးတွေနဲ့ပဲ ကြုံ တွေ့ရတဲ့အချိန်
ဒီလိုအချိန်ကို လူတိုင်းကြုံ တွေ့ခဲ့ကြဖူးမှာပါ။
ဒီလိုအချိန်တွေကို ရဲရဲဝံ့ဝံ့နဲ့ ဖြတ်ကျော်နိုင်ခဲ့သူတွေက အောင်မြင်ကျော်ကြား
တဲ့သူတွေ ဖြစ်လာပြီး မဖြတ်ကျော်နိုင်ခဲ့တဲ့ သူတွေကတော့
သာမန်လူအဖြစ်နဲ့သာ ဘဝနိဂုံး ချု ပ်သွားတတ်ပါတယ်။
၁၉၉၀ ပြည့်နှစ်ဟာ ဒေါ်နယ်ထရမ့်အတွက် ကံဆိုးမိုးမှောင် ကျနေတဲ့
အချိန်ပါ။ သူ့လုပ်ငန်းတွေ အားလုံးအရှုံးပေါ်နေပြီး ဒေဝါလီ ခံရတော့မယ့်
အခြေအနေထိတောင် ဖြစ်နေတာပါ။
ဒါပေမယ့် သူဟာ လက်မြှောက်အရှုံးပေးခြင်း မပြု ပါဘူး။
စိတ်ဓာတ်ကျ ၊ အားငယ်နေတဲ့ သူတစ်ယောက်လို နေထိုင်ပြု မူခြင်းလည်း မလုပ်ပါဘူး။ တက်တက်ကြွကြွနဲ့ပဲ အခြေအနေဆိုးကနေ ရုန်းထွက်ဖို့ ကြို းစားပါတယ်။

ညစာစားပွဲတစ်ခုမှာ သူဟာ သူ့မိတ်ဆွေတစ်ယောက်ကို သူ့မှာသာ
ငွေအလုံအလောက်ရှိရင် လုပ်ဆောင်မယ့် Business Plan တစ်ခု
အကြောင်း စိတ်အားထက်သန်စွာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒါကို ဘေးနားမှာ ထိုင်နေတဲ့ ဘဏ်သူဌေးတစ်ယောက်က ကြားသွားတဲ့
အခါ အင်မတန် စိတ်ဝင်စားသွားပြီး ထရမ့်ရဲ့ Business Plan မှာ
ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှု ပ်နှံလိုက်ပါတယ်။

အဲ့ဒီလုပ်ငန်းဟာ အကြီးအကျယ် အောင်မြင်မှု ရပြီးနောက် ထရမ့်လည်း
ချမ်းသာသထက် ချမ်းသာလာကာ အခုဆိုရင် ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးရာထူးဖြစ်တဲ့ အမေရိကန် သမ္မတ ရာထူးကိုပါ ဆက်ခံခွင့်ရနေတာအားလုံးအမြင်ပဲ မဟုတ်ပါလား။

အကယ်၍ သူသာ ကံဆိုးမိုးမှောင် ကျနေချိန် စိတ်ပျက်လက်ပျက်နဲ့
အရှုံးသမားပုံစံလိုမျို း နေနေရင် ဒီလို အောင်မြင်မှုတွေ ဘယ်တော့မှ
ရလာနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ ဘယ်လိုပင် အခက်အခဲတွေနဲ့ ကြုံ တွေ့နေရပါစေ၊
အရှုံးသမားပုံစံလိုမျို း မနေထိုင်ပဲ တက်တက်ကြွကြွနဲ့ အခက်အခဲတွေကို
ရင်ဆိုင်ကျော်လွှားဖို့ ကြို းစားကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်