Sonic Generation

လ - စက်တင်ဘာ 2019

ယုံကြည်ခြင်းရဲ့ စွမ်းပကား

“ ယုံကြည်ခြင်းက တောင်တွေကိုတောင် ရွှေ့နိုင်တယ်” ဆိုတဲ့ စကားကို မိတ်ဆွေကြားဖူးပါသလား၊ ယုံကြည်စိတ် ထက်သန်ပြင်းပြခြင်းဟာ မဖြစ်နိုင်ဘူးလို့ လူအများထင်နေကြတဲ့ အရာတွေကို ဖြစ်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ တန်ခိုးစွမ်းအားတွေရှိနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်ကို နယ်ချဲ့လက်အောက်က လွတ်မြောက်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့တယ်။ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းက ကျွန်စနစ်ကို ပပျောက်အောင်လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့်တိုင် လူမည်းတွေကို ကျွန်ပြု သည့်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်က လုပ်ငန်းတိုင်း၊ ကုမ္ပဏီတိုင်းရဲ့ စားပွဲပေါ်မှာ ကွန်ပြူ တာတွေရှိနေရမယ်လို့ ယုံကြည်ခဲ့တဲ့အတွက် လက်တွေ့ဖြစ်လာအောင် ဖန်တီးပေးနိုင်ခဲ့သူ ဘီလ်ဂိတ်ကလည်း ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာခဲ့ပါတယ်။ အင်တာနက်ကုမ္ပဏီကြီးတည်ထောင်နိုင်ရမယ်လို့ ယုံကြည်ခဲ့တဲ့အတွက်သာမန်ကျောင်းဆရာဘဝကနေ သန်းကြွယ်သူဌေး၊ အလီဘာဘာကုမ္ပဏီ ပိုင်ရှင်အဖြစ်သို့ ဂျက်မား ဖြစ်လာခဲ့ပါတယ်။ အို…….. မိတ်ဆွေ……… သင့်မှာရော …

ယုံကြည်ခြင်းရဲ့ စွမ်းပကား Read More »

ဒေါ်နယ်ထရမ့်ဆီက သင်ခန်းစာ

ဘဝမှာ စိတ်ဓာတ်အကျဆုံး အချိန်၊ အဆိုးတွေနဲ့ပဲ ကြုံ တွေ့ရတဲ့အချိန် ဒီလိုအချိန်ကို လူတိုင်းကြုံ တွေ့ခဲ့ကြဖူးမှာပါ။ ဒီလိုအချိန်တွေကို ရဲရဲဝံ့ဝံ့နဲ့ ဖြတ်ကျော်နိုင်ခဲ့သူတွေက အောင်မြင်ကျော်ကြား တဲ့သူတွေ ဖြစ်လာပြီး မဖြတ်ကျော်နိုင်ခဲ့တဲ့ သူတွေကတော့ သာမန်လူအဖြစ်နဲ့သာ ဘဝနိဂုံး ချု ပ်သွားတတ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ဟာ ဒေါ်နယ်ထရမ့်အတွက် ကံဆိုးမိုးမှောင် ကျနေတဲ့ အချိန်ပါ။ သူ့လုပ်ငန်းတွေ အားလုံးအရှုံးပေါ်နေပြီး ဒေဝါလီ ခံရတော့မယ့် အခြေအနေထိတောင် ဖြစ်နေတာပါ။ ဒါပေမယ့် သူဟာ လက်မြှောက်အရှုံးပေးခြင်း မပြု ပါဘူး။ စိတ်ဓာတ်ကျ ၊ အားငယ်နေတဲ့ သူတစ်ယောက်လို နေထိုင်ပြု မူခြင်းလည်း မလုပ်ပါဘူး။ တက်တက်ကြွကြွနဲ့ပဲ အခြေအနေဆိုးကနေ ရုန်းထွက်ဖို့ ကြို းစားပါတယ်။ ညစာစားပွဲတစ်ခုမှာ သူဟာ သူ့မိတ်ဆွေတစ်ယောက်ကို သူ့မှာသာ ငွေအလုံအလောက်ရှိရင် …

ဒေါ်နယ်ထရမ့်ဆီက သင်ခန်းစာ Read More »

လူ့လောကမှာ လူရယ်လို့ ဖြစ်လာကြတဲ့ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်

လူ့လောကမှာ လူရယ်လို့ ဖြစ်လာကြတဲ့ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ စား၊ ဝတ်၊ နေ၊ ရေး ဆိုတဲ့ အချက်တွေကြောင့် လူတိုင်း လူတိုင်းဟာ အချိန်တန် အရွယ်ရောက်တာနဲ့ အလုပ်ကိုယ်စီ လုပ်ကြရပါတယ်။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား၊ ဝတ်၊ နေရေး ဆိုတာတွေကို မိမိရရှိတဲ့ ဝင်ငွေနဲ့ လောက်ငှအောင် သုံးစွဲနေကြရပါတယ်။ မိမိတတ်မြောက်ထားတဲ့ ပညာ၊ ရရှိထားတဲ့ ဘွဲ့တွေအပြင် ပင်ကိုယ်အရည်အသွေးတွေပေါ်မှာ မူတည်ပြီး လုပ်ခ လစာတွေ ရရှိကြပါတယ်။ တချို့လည်း ကိုယ်ပိုင် လုပ်ငန်း စွန့်ဦးတီထွင်ကြသူတွေ ရှိသလို၊ တချို့လည်း မိဘရဲ့ လုပ်ငန်းမှာ ပြန်လည် ဦးစီးကြပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေ ရှာဖွေကြပါတယ်။ အားလုံးသိကြတဲ့အတိုင်းဘဲ…. ဟိုး….အရင်ခေတ်တွေကဆိုရင် အိမ်ထောင်တစ်ခုမှာ လူတစ်ဦး အလုပ်လုပ်ရင် …

လူ့လောကမှာ လူရယ်လို့ ဖြစ်လာကြတဲ့ လူသားတိုင်းရဲ့ အခြေခံလိုအပ်ချက် Read More »

သင်ကိုယ်တိုင် စတင်ပါ။

ဒီစာလေးကို လူတစ်ယောက် ရဲ့ အုတ်ဂူမှာ ရေးသားထားတာပါ။ “ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှုတွေက အကန့်အသတ်မရှိခဲ့ပါဘူး။ ကျွန်တော်ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အသက်လေးနည်းနည်းကြီးလာပြီး အသိဉာဏ်တွေ ရှိလာတော့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်မှန်း သိလာခဲ့တယ်။ ဒီတော့ ကျွန်တော်က ကျွန်တော့်နိုင်ငံကို ပြောင်းလဲဖို့ပဲ စဉ်းစားတော့တယ်။ ဒါပေမယ့် ဒါကိုလည်း မလုပ်နိုင်ခဲ့ပါဘူး။ အသက်တော်တော်လေးကြီးလာတော့ ကျွန်တော်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျွန်တော့်မိသားစုကိုပဲ ပြောင်းလဲပစ်ဖို့ စဉ်းစားခဲ့တယ်။ ဒါလည်းပဲ မအောင်မြင်ခဲ့ပါဘူး။ အခုတော့ ကျွန်တော် အိပ်ရာပေါ်မှာလဲနေပြီး ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေကို စောင့်မျှော်နေရပါပြီ။ ဒီအချိန် ကျွန်တော် သဘောပေါက်လာတာက ကျွန်တော်သာ ကိုယ့်ကိုကိုယ် အရင်ဆုံး ပြောင်းလဲခဲ့မယ့်ဆိုရင် အနည်းဆုံးတော့ မိသားစုကိုလည်း ပြောင်းလဲနိုင်ခဲ့မှာပဲ” သင့်ကမ္ဘာကြီး အတွက်………………… သင့်နိုင်ငံ အတွက် …

သင်ကိုယ်တိုင် စတင်ပါ။ Read More »

XAUUSD (Daily Chart)

ကမ္ဘာ့ရွှေရဲ့ လက်ရှိရောက်နေတဲ့ ဈေးဟာ ပထမ Target တစ်ခု ဖြစ်တဲ့ 1479-1492 Support Zone ထဲမှာပါ။ အဲ့ဒီအပြင် UpTred Line လည်း ရှိနေတာကြောင့် ဒီနေ့ ပိတ်ဈေးကို တစ်ချက် စောင့်ကြည့်သင့်ပါတယ်။ ယခုရောက်နေတဲ့ Support Zone ကို အောင်မြင်စွာ ဖောက်နိုင်ခဲ့မယ် ဆိုရင်တော့ 1434-1450 Support Zone အထိ ရောက်ရှိနိုင်ပါတယ်။ အကယ်၍သာ 1479-1492 Support Zone ကို မ ဖောက်နိုင်ခဲ့ဘဲ Reversal Candle ပေါ်ခဲ့မယ် ဆိုပါက Recent High Resistance Zone ဖြစ်တဲ့ 1536-1556 Zone ကို ဖောက်တက်ဖို့ အခြေအနေ ရှိကြောင်း သုံးသပ်မိပါတယ် …

XAUUSD (Daily Chart) Read More »