Sonic Generation

သင်ကိုယ်တိုင် စတင်ပါ။

ဒီစာလေးကို လူတစ်ယောက် ရဲ့ အုတ်ဂူမှာ ရေးသားထားတာပါ။

“ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှုတွေက အကန့်အသတ်မရှိခဲ့ပါဘူး။
ကျွန်တော်ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။
အသက်လေးနည်းနည်းကြီးလာပြီး အသိဉာဏ်တွေ ရှိလာတော့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ဆိုတာ
မဖြစ်နိုင်မှန်း သိလာခဲ့တယ်။

ဒီတော့ ကျွန်တော်က ကျွန်တော့်နိုင်ငံကို ပြောင်းလဲဖို့ပဲ စဉ်းစားတော့တယ်။
ဒါပေမယ့် ဒါကိုလည်း မလုပ်နိုင်ခဲ့ပါဘူး။

အသက်တော်တော်လေးကြီးလာတော့ ကျွန်တော်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျွန်တော့်မိသားစုကိုပဲ
ပြောင်းလဲပစ်ဖို့ စဉ်းစားခဲ့တယ်။ ဒါလည်းပဲ မအောင်မြင်ခဲ့ပါဘူး။

အခုတော့ ကျွန်တော် အိပ်ရာပေါ်မှာလဲနေပြီး ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေကို စောင့်မျှော်နေရပါပြီ။
ဒီအချိန် ကျွန်တော် သဘောပေါက်လာတာက ကျွန်တော်သာ ကိုယ့်ကိုကိုယ် အရင်ဆုံး ပြောင်းလဲခဲ့မယ့်ဆိုရင်
အနည်းဆုံးတော့ မိသားစုကိုလည်း ပြောင်းလဲနိုင်ခဲ့မှာပဲ”

သင့်ကမ္ဘာကြီး အတွက်…………………
သင့်နိုင်ငံ အတွက် ……………………
သင့်မိသားစု အတွက် ……………………….

အပြောင်းအလဲတွေ လုပ်ဆောင်ပေးချင်တယ်ဆိုရင် ပထမဆုံးနှင့် အရေးကြီးဆုံးလုပ်ဆောင်ရမှာကတော့
သင့်ကိုယ်သင် ပြုပြင်ပြောင်းလဲခြင်းကို စတင်ဖို့ဆိုတာ သတိရပါ။ ။

Leave a Comment

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်