Sonic Generation

နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ

နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ
သင်ဟာ နေ့လည်နေ့ခင်းမှာ တစ်ရေးတစ်မောလောက်အိပ်ရတာကို နှစ်သက်တတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး သင့်အနေနဲ့ အလုပ်ကလည်း ရှုပ်နေတယ်။ ဘယ်လောက်အိပ်သင့်လဲ မသိဘူးဆိုရင် ဒါလေးကို ဖတ်ထား မှတ်ထားသင့်ပါတယ်.
10-20မိနစ်
10-20မိနစ်အိပ်စက်ခြင်းဟာ သင့်ကို တီထွင်ကြံဆနိုင်စွမ်းကို မြှင့်တင်ပေးတဲ့ အပြင် သင့်ခန္ဓာကိုယ်ကို အနားပေးရာလဲရောက်ပါတယ်။ ဒါဟာ သင့်ကို တက်ကြွလန်းဆန်းစေမယ်။ အားအင်ပြည့်ဝစေမယ်။ စိတ်သစ်လူသစ်ပြန်လည်မွေးဖွားခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ လေးလံထိုင်းမှိုင်းခြင်းအလျဉ်းမရှိဘဲ နိုးနိုးခြင်းမှာ တက်တက်ကြွကြွ အလုပ်လုပ်နိုင်သွားပါတယ်။
30 မိနစ်
သင်ဟာ 30မိနစ်လောက် အချိန်ယူပြီး အိပ်တတ်တယ်ဆိုရင်တော့ သင်ဟာ အရမ်းကို ပင်ပန်းနွမ်းနယ်နေရင် အဆင်ပြေပါတယ်။ သင့်အနေနဲ့ အိပ်ရာနိုးလာတဲ့ အခါမှာ လန်းဆန်းမှုကို ရနိုင်မှာပါ။
1နာရီ
1နာရီကြာအောင် အိပ်စက်ခြင်းဟာတော့ သင့်ရဲ့ မှတ်ဉာဏ်စွမ်းအင်ကို တိုးတက်စေပြီး သင့်ကို Communication Skill, အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းအင်ကို တိုးတက်စေမှာ ဖြစ်ပြီး တစ်ဖက်မှာတော့ သင်ဟာ အိပ်ရာနိုးတဲ့အခါ အရက်နာကျသလို မူးမောနေတာမျိုး အားအင်ချိနဲ့တာမျိုးဖြစ်တတ်ပါတယ်။
90မိနစ်
ခဏလောက်ပဲ မှေးမယ်ဆိုပေမယ့် မိနစ်90လောက်ထိ အိပ်မိပြီဆိုရင်တော့ သင့်ရဲ့ ခံစားမှုတွေ တိုးတက်တာတွေ အစဉ်လိုက်လုပ်ရတဲ့ လုပ်ငန်းစဉ်ပိုင်းတွေမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရနိုင်မှာဖြစ်ပေမယ့် ဒါဟာ အိပ်မက်မက်နိုင်တဲ့ အဆင့်ထိရောက်တဲ့ အတွက်ကြောင့် သင့်အနေနဲ့ ပြန်လည် နိုးထဖို့ အနည်းငယ် ခက်ခဲနေပါလိမ့်မယ်။
သင်ဖြစ်ချင်တဲ့ အချက်ပေါ်မူတည်ပြီဒ သင့်အနေနဲ့ အချိန်ဘယ်လောက်ပေးပြီး အိပ်သင့်လဲဆိုတာကို ရှာဖွေလိုက်နာရင်း ကျန်းမာတဲ့ ဘဝတွေကို ပိုင်ဆိုင်စေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်.။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

ေန႔လည္ေန႔ခင္း တစ္ေရးတစ္ေမာ အိပ္ျခင္းဆိုင္ရာ သိေကာင္းစရာမ်ား
သင္ဟာ ေန႔လည္ေန႔ခင္းမွာ တစ္ေရးတစ္ေမာေလာက္အိပ္ရတာကို ႏွစ္သက္တတ္တဲ့ သူတစ္ေယာက္ျဖစ္ၿပီး သင့္အေနနဲ႔ အလုပ္ကလည္း ရႈပ္ေနတယ္။ ဘယ္ေလာက္အိပ္သင့္လဲ မသိဘူးဆိုရင္ ဒါေလးကို ဖတ္ထား မွတ္ထားသင့္ပါတယ္.
10-20မိနစ္
10-20မိနစ္အိပ္စက္ျခင္းဟာ သင့္ကို တီထြင္ႀကံဆႏိုင္စြမ္းကို ျမႇင့္တင္ေပးတဲ့ အျပင္ သင့္ခႏၶာကိုယ္ကို အနားေပးရာလဲေရာက္ပါတယ္။ ဒါဟာ သင့္ကို တက္ႂကြလန္းဆန္းေစမယ္။ အားအင္ျပည့္ဝေစမယ္။ စိတ္သစ္လူသစ္ျပန္လည္ေမြးဖြားျခင္းကိုလည္း ျဖစ္ေပၚေစပါတယ္။ ေလးလံထိုင္းမႈိင္းျခင္းအလ်ဥ္းမရွိဘဲ ႏိုးႏိုးျခင္းမွာ တက္တက္ႂကြႂကြ အလုပ္လုပ္ႏိုင္သြားပါတယ္။
30 မိနစ္
သင္ဟာ 30မိနစ္ေလာက္ အခ်ိန္ယူၿပီး အိပ္တတ္တယ္ဆိုရင္ေတာ့ သင္ဟာ အရမ္းကို ပင္ပန္းႏြမ္းနယ္ေနရင္ အဆင္ေျပပါတယ္။ သင့္အေနနဲ႔ အိပ္ရာႏိုးလာတဲ့ အခါမွာ လန္းဆန္းမႈကို ရႏိုင္မွာပါ။
1နာရီ
1နာရီၾကာေအာင္ အိပ္စက္ျခင္းဟာေတာ့ သင့္ရဲ႕ မွတ္ဉာဏ္စြမ္းအင္ကို တိုးတက္ေစၿပီး သင့္ကို Communication Skill, အာ႐ုံစူးစိုက္မႈနဲ႔ မွတ္ဉာဏ္စြမ္းအင္ကို တိုးတက္ေစမွာ ျဖစ္ၿပီး တစ္ဖက္မွာေတာ့ သင္ဟာ အိပ္ရာႏိုးတဲ့အခါ အရက္နာက်သလို မူးေမာေနတာမ်ိဳး အားအင္ခ်ိနဲ႔တာမ်ိဳးျဖစ္တတ္ပါတယ္။
90မိနစ္
ခဏေလာက္ပဲ ေမွးမယ္ဆိုေပမယ့္ မိနစ္90ေလာက္ထိ အိပ္မိၿပီဆိုရင္ေတာ့ သင့္ရဲ႕ ခံစားမႈေတြ တိုးတက္တာေတြ အစဥ္လိုက္လုပ္ရတဲ့ လုပ္ငန္းစဥ္ပိုင္းေတြမွာ ပိုမိုေကာင္းမြန္တဲ့ ရလဒ္ကို ရႏိုင္မွာျဖစ္ေပမယ့္ ဒါဟာ အိပ္မက္မက္ႏိုင္တဲ့ အဆင့္ထိေရာက္တဲ့ အတြက္ေၾကာင့္ သင့္အေနနဲ႔ ျပန္လည္ ႏိုးထဖို႔ အနည္းငယ္ ခက္ခဲေနပါလိမ့္မယ္။
သင္ျဖစ္ခ်င္တဲ့ အခ်က္ေပၚမူတည္ၿပီဒ သင့္အေနနဲ႔ အခ်ိန္ဘယ္ေလာက္ေပးၿပီး အိပ္သင့္လဲဆိုတာကို ရွာေဖြလိုက္နာရင္း က်န္းမာတဲ့ ဘဝေတြကို ပိုင္ဆိုင္ေစဖို႔ ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္.။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *