Sonic Generation

အလှပဆုံးသော ပန်းတိုင်တဲ့လား

အလှပဆုံးသော ပန်းတိုင်တဲ့လား။ ခက်ခဲကြမ်းတမ်းမှုတွေရဲ့ အလွန်မှာ တည်ရှိပါတယ်။
ခက်ခဲမှုမှ ရရှိလာမည့် အလှတရားလို့သာ ခေါင်းစဉ်တပ်ရမယ်ဆိုရင် ခက်ခဲခြင်းကြောင့် အောင်မြင်မှုဟာ အရသာပိုရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါလိမ့်မယ်။
ငွေကို ကိုယ်ကိုတိုင်ရှာဖွေသုံးစွဲတဲ့ အခါမှသာ ငွေတန်ဖိုးကို နားလည်သွားတဲ့ လူငယ်တစ်ယောက်လို ခက်ခဲမှုကို ကြုံပြီးသွားမှ ရရှိတဲ့ အောင်မြင်မှုဟာ ပြန်လည်ဟြေပြဖို့ အရသာရှိပါလိမ့်မယ်။
တောင်ကွေ့တောင်ဆင်းတွေကို ခက်ခက်ခဲခဲ မောင်းနှင်ကျော်ဖြတ်ပြီးမှ တွေ့ရတဲ့ သဘာဝရှုခင်ကြီး အရမ်းလှပသလို ဘဝအကွေ့အကောက်တွေကို ဖြတ်ကျော်ပြီးမှ တွေ့ရမယ့် ပန်းတိုင်ဟာလည်း သိပ်ကို တန်ဖိုးရှိပါတယ်။
နက်နက်တူးမှ အဝီစိတွင်းရေရသလို အသိပညာနက်မှ ရတဲ့ အောင်မြင်မှုဟာ တန်ဖိုးကြီးပါလိမ့်မယ်။
ကျောက်အောင် မအောင် မသိသေးခင်မှာ ဝယ်လိုက်ရတဲ့ ကျောက်ပွဲစားတစ်ယောက် ကျောက်အောင်သွားသလိုပါပဲ။ ဖြစ်နိုင်ချေရှိမယ့် နည်းလမ်းကို ရွေးပြီးမှ ရွေးချယ်မှု မှန်ကန်သွားတဲ့အခါ သင်ဟာ ရရှိတဲ့ အကျိုးအမြတ်က များပါလိမ့်မယ်။
ဘယ်ဆီနေမှန်းမသိတဲ့ ကျောက်ကို မှန်းဆပြီး တူးနေရတဲ့ ကျောက်တူးသမားများအနေနဲ့ တစ်နေ့တော့ တွေ့ရမယ်ဆိုတဲ့ စိတ်ရှိသလို သင့်အနေနဲ့ အောင်မြင်မှုဆီ တစ်နေ့တော့ ရောက်ရလိမ့်မယ်လို့ တွေးထင်နေရုံနဲ့တင် အနာဂတ်က အနည်းငယ် တောက်ပပါတယ်။
ခက်ခဲနေပြီလား။ ပြုံးပြုံးကြီး ရင်ဆိုင်လိုက်ပါ။ မုန်တိုင်းပြီးရင် လေပြေလာသလို ခက်ခဲပြီးရင် အောင်မြင်လာမှာပါ။ လောကဓံ ဘယ်လောက်ကြမ်းကြမ်း သင် ခိုင်ခံဖို့ပဲ လိုတာပဲ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

အလွပဆုံးေသာ ပန္းတိုင္တဲ့လား။ ခက္ခဲၾကမ္းတမ္းမႈေတြရဲ႕ အလြန္မွာ တည္ရွိပါတယ္။
ခက္ခဲမႈမွ ရရွိလာမည့္ အလွတရားလို႔သာ ေခါင္းစဥ္တပ္ရမယ္ဆိုရင္ ခက္ခဲျခင္းေၾကာင့္ ေအာင္ျမင္မႈဟာ အရသာပိုရွိတယ္လို႔ အဓိပၸါယ္သက္ေရာက္ပါလိမ့္မယ္။
ေငြကို ကိုယ္ကိုတိုင္ရွာေဖြသုံးစြဲတဲ့ အခါမွသာ ေငြတန္ဖိုးကို နားလည္သြားတဲ့ လူငယ္တစ္ေယာက္လို ခက္ခဲမႈကို ႀကဳံၿပီးသြားမွ ရရွိတဲ့ ေအာင္ျမင္မႈဟာ ျပန္လည္ေၾဟျပဖို႔ အရသာရွိပါလိမ့္မယ္။
ေတာင္ေကြ႕ေတာင္ဆင္းေတြကို ခက္ခက္ခဲခဲ ေမာင္းႏွင္ေက်ာ္ျဖတ္ၿပီးမွ ေတြ႕ရတဲ့ သဘာဝရႈခင္ႀကီး အရမ္းလွပသလို ဘဝအေကြ႕အေကာက္ေတြကို ျဖတ္ေက်ာ္ၿပီးမွ ေတြ႕ရမယ့္ ပန္းတိုင္ဟာလည္း သိပ္ကို တန္ဖိုးရွိပါတယ္။
နက္နက္တူးမွ အဝီစိတြင္းေရရသလို အသိပညာနက္မွ ရတဲ့ ေအာင္ျမင္မႈဟာ တန္ဖိုးႀကီးပါလိမ့္မယ္။
ေက်ာက္ေအာင္ မေအာင္ မသိေသးခင္မွာ ဝယ္လိုက္ရတဲ့ ေက်ာက္ပြဲစားတစ္ေယာက္ ေက်ာက္ေအာင္သြားသလိုပါပဲ။ ျဖစ္ႏိုင္ေခ်ရွိမယ့္ နည္းလမ္းကို ေ႐ြးၿပီးမွ ေ႐ြးခ်ယ္မႈ မွန္ကန္သြားတဲ့အခါ သင္ဟာ ရရွိတဲ့ အက်ိဳးအျမတ္က မ်ားပါလိမ့္မယ္။
ဘယ္ဆီေနမွန္းမသိတဲ့ ေက်ာက္ကို မွန္းဆၿပီး တူးေနရတဲ့ ေက်ာက္တူးသမားမ်ားအေနနဲ႔ တစ္ေန႔ေတာ့ ေတြ႕ရမယ္ဆိုတဲ့ စိတ္ရွိသလို သင့္အေနနဲ႔ ေအာင္ျမင္မႈဆီ တစ္ေန႔ေတာ့ ေရာက္ရလိမ့္မယ္လို႔ ေတြးထင္ေန႐ုံနဲ႔တင္ အနာဂတ္က အနည္းငယ္ ေတာက္ပပါတယ္။
ခက္ခဲေနၿပီလား။ ၿပဳံးၿပဳံးႀကီး ရင္ဆိုင္လိုက္ပါ။ မုန္တိုင္းၿပီးရင္ ေလေျပလာသလို ခက္ခဲၿပီးရင္ ေအာင္ျမင္လာမွာပါ။ ေလာကဓံ ဘယ္ေလာက္ၾကမ္းၾကမ္း သင္ ခိုင္ခံဖို႔ပဲ လိုတာပဲ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *