ချွေတာစုဆောင်း သူဌေးလောင်း
ဒီကနေ့ခေတ် လူတွေက အသုံးအဖြုန်း ပိုပိုကြီးလာတယ်။
သုံးစွဲဖို့ အရာတွေ၊ အပျော်အပါးတွေ ပိုပိုများလာတာလည်း ပါပါတယ်။
ကိုယ်က ဝင်ငွေဘယ်လောက်များနေ၊ များနေ၊ အခုအချိန်မှာ ချွေတာစုဆောင်းမှု မရှိရင် နောင်တစ်ချိန် ငွေမရှာနိုင်တော့တဲ့အခါ ဒုက္ခရောက်ရပါလိမ့်မယ်။
ရှေးလူကြီးတွေ ပြောခဲ့တဲ့ “ပုရွက်ဆိတ်နဲ့ နှံကောင်” ပုံပြင်ဟာ အလကား မဟုတ်ပါ။
အရင်က စုဆောင်းတတ်တဲ့ အကျင့်မရှိသေးရင် “၁၀%” ဖော်မြူလာကို အသုံးချသင့်ပါတယ်။
လစဉ်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို စုဆောင်းဖို့ပါ။
သင့်ဝင်ငွေ ဘယ်လောက် ရှိလဲဆိုတာ အရေးမကြီးပါ။ အရေးကြီးတာက လစဉ် ပုံမှန် ဆယ်ရာခိုင်နှုန်း စုဖြစ်နေဖို့ပါ။
တစ်လ ဝင်ငွေ တစ်သိန်း ရှိရင် တစ်သောင်း စုပါ။
တစ်လ ဝင်ငွေ ၃ သိန်း ရှိရင် ၃သောင်း စုပါ။
တစ်လ ဝင်ငွေ ၅ သိန်း ရှိရင် ၅ သောင်း စုပါ။
လစဉ် စုထားတဲ့ ငွေတွေကို အလွယ်တကူ မသုံးစွဲဖြစ်အောင် စုဘူးထဲ ထည့်စုတာ ဖြစ်ဖြစ်၊ ဘဏ်ထဲမှာ စုတာ ဖြစ်ဖြစ် လုပ်သင့်ပါတယ်။
စုဆောင်းထားတဲ့ ငွေပမာဏများလာရင် သင့်ဘဝနောင်ရေးအတွက် စိတ်ပူပန်မှု ရှိနိုင်မည် မဟုတ်တော့ပါ။
ဒါကြောင့် ဆင်ခြေတွေပေးတာ ရပ်ပြီး အခုပဲ စစုပါတော့။
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
ေခြၽတာစုေဆာင္း သူေဌးေလာင္း
ဒီကေန႔ေခတ္ လူေတြက အသုံးအျဖဳန္း ပိုပိုႀကီးလာတယ္။
သုံးစြဲဖို႔ အရာေတြ၊ အေပ်ာ္အပါးေတြ ပိုပိုမ်ားလာတာလည္း ပါပါတယ္။
ကိုယ္က ဝင္ေငြဘယ္ေလာက္မ်ားေန၊ မ်ားေန၊ အခုအခ်ိန္မွာ ေခြၽတာစုေဆာင္းမႈ မရွိရင္ ေနာင္တစ္ခ်ိန္ ေငြမရွာႏိုင္ေတာ့တဲ့အခါ ဒုကၡေရာက္ရပါလိမ့္မယ္။
ေရွးလူႀကီးေတြ ေျပာခဲ့တဲ့ “ပု႐ြက္ဆိတ္နဲ႔ ႏွံေကာင္” ပုံျပင္ဟာ အလကား မဟုတ္ပါ။
အရင္က စုေဆာင္းတတ္တဲ့ အက်င့္မရွိေသးရင္ “၁၀%” ေဖာ္ျမဴလာကို အသုံးခ်သင့္ပါတယ္။
လစဥ္ဝင္ေငြရဲ႕ ဆယ္ရာခိုင္ႏႈန္းကို စုေဆာင္းဖို႔ပါ။
သင့္ဝင္ေငြ ဘယ္ေလာက္ ရွိလဲဆိုတာ အေရးမႀကီးပါ။ အေရးႀကီးတာက လစဥ္ ပုံမွန္ ဆယ္ရာခိုင္ႏႈန္း စုျဖစ္ေနဖို႔ပါ။
တစ္လ ဝင္ေငြ တစ္သိန္း ရွိရင္ တစ္ေသာင္း စုပါ။
တစ္လ ဝင္ေငြ ၃ သိန္း ရွိရင္ ၃ေသာင္း စုပါ။
တစ္လ ဝင္ေငြ ၅ သိန္း ရွိရင္ ၅ ေသာင္း စုပါ။
လစဥ္ စုထားတဲ့ ေငြေတြကို အလြယ္တကူ မသုံးစြဲျဖစ္ေအာင္ စုဘူးထဲ ထည့္စုတာ ျဖစ္ျဖစ္၊ ဘဏ္ထဲမွာ စုတာ ျဖစ္ျဖစ္ လုပ္သင့္ပါတယ္။
စုေဆာင္းထားတဲ့ ေငြပမာဏမ်ားလာရင္ သင့္ဘဝေနာင္ေရးအတြက္ စိတ္ပူပန္မႈ ရွိႏိုင္မည္ မဟုတ္ေတာ့ပါ။
ဒါေၾကာင့္ ဆင္ေျခေတြေပးတာ ရပ္ၿပီး အခုပဲ စစုပါေတာ့။