Sonic Generation

အမြဲသန့်ရှင်းသပ်ရပ်နေတဲ့ နေအိမ်လေး

အမြဲသန့်ရှင်းသပ်ရပ်နေတဲ့ နေအိမ်လေးဆိုတာဟာ ပျော်ရွှင်စရာတွေပြည့်နှက်နေတဲ့ လူတွေ နေထိုင်တဲ့ အရပ်ကို ကိုယ်စားပြုပါတယ်။
ဒီလို နေရပ်မျိုးကို ဖန်တီးတတ်ဖို့ ထိန်းသိမ်းတတ်ဖို့ သင့်ကလေးငယ်ကိုလည်း သင်ပေးချင်တယ်။ အချိန်ဇယားနဲ့လည်း အလုပ်လုပ်တတ်သွားစေချင်တယ်။ မိသားစုတွေ စုံစုံညီညီနဲ့ ပျော်ပျော်ပါးပါးလုပ်လို့ရမယ့် သန့်ရှင်းရေး အချိန်ဇယားလေးကို ဖော်ပြချင်ပါတယ်။

  • တနလာၤနေ့ – အိပ်ခန်း
    အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးဖုံးတွေ လဲပါ။ ခုံတွေ၊ ဘီဒိုတွေမှာ ကပ်နေတဲ့ ဖုန်တွေကို ရှင်းလင်းပါ။ မှန်တွေသုတ်ပါ။ ပန်ကာတွေကို သန့်ရှင်းပါ။ ကြမ်းပြင်တွေကို လှည်းကျင်းပါ။ လိုက်ကာတွေကို 10မိနစ်လောက် ဖွင့်ထားခြင်းဖြင့် လေဝင်လေထွက်ကောင်းနေပါစေ။ အခင်းတွေကို လျှော်ပါ။
  • အင်္ဂါနေ့ – ရေချိုးခန်း
    ရေချိုးခန်း ဘေလ်စင်တွေ၊ အိမ်သာတွေကို တိုက်ချွတ်ဆေးကြောပါ။ ရေပိုက်ခေါင်းတွေ၊ မျက်နှာသစ်စင် စတာတွေကို ဆေးကြောပါ။ ရေချိုးခန်းထဲက မှန်တွေကို တိုက်ပါ။ ကြမ်းပြင်တွေကို လှည်းကျင်းပါ။ ရေချိုးခန်းသုံး ပစ္စည်းတွေကို စစ်ဆေးပြီး ပြန်လည်ဖြည့်သွင်းပါ။ မျက်နှာသုတ်ပုဝါ အသစ်တွေလဲလှယ်ပါ။
    အဲ့ဒီနေ့မှာ မျက်နှာသုတ်ပုဝါတွေကို လျှော်ဖွပ်ပါ။
  • ဗုဒ္ဓဟူး – မီးဖိုးချောင်
    မီးဖိုချောင်နဲ့ ပတ်သက်လို့ ရှင်းလင်းကြမယ်ဆိုရင် ရေခဲသေတ္တာကို ရှင်းပါ။ မလိုအပ်တာတွေကို လွှင့်ပစ်ပါ။ လက်ဆေးကန်တွေကို ဆေးကြောပါ။ စားပွဲခုံနဲ့ ကုလားထိုင်တွေကို ဖုန်သုတ်ပါ။ တံမြက်စည်းလှည်းပါ။ အမှိုက်ပစ်ပါ။
    အဲ့နေ့မှာတော့ အရောင်တောက်တောက် အဝတ်အထည်တွေကို လျှော်ဖွပ်ပါ။
  • ကြာသပတေး – အိမ်ရှေ့ခန်း၊ ဧည့်ခန်း
    ဧည့်သည်တွေကို ကြိုဆိုတဲ့ နေရာဟာ သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ ပရိဘောဂပစ္စည်းတွေကို သုတ်ပြီး အရောင်ပြန်တင်ပါ။ TV တွေကို ဖုန်သုတ်ပါ။ ဖုန်တွေသန့်ရှင်းပါ။ လေထုသန့်ရှင်းရေးလုပ်ပါ။ မွှေးကြိုင်နေဖို့ ဆောင်ရွက်ပါ။ လေဝင်လေထွက်ကောင်းဖို့ 10 မိနစ်ခန့် လိုက်ကာတွေ ပြတင်းတံခါးတွေကို ဖွင့်ထားပါ။
    အဲ့ဒီနေ့မှာတော့ အနက်ရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို လျှော်ဖွပ်ပါ။
  • သောကြာနေ့- အလှည့်ကျနေ့
    1 week : အသုံးအဆောင်အားလုံးကို ရှင်းလင်းပါ။
    2 week : မီးဖိုထဲက အံဆွဲတွေကို ရှင်းလင်းပ။
    3 Week : တံခါးတွေ ပြတင်းပေါက်တွေကို တိုက်ချွတ်ဆေးကြောပါ။
    4 week : နံရံတွေ ကြွေဟြးတွေကို တိုက်ချွတ်ဆေးကြောပါ။
    အဲ့ဒီနေ့မှာတော့ အဖြူရောာင် အဝတ်အထည်တွေကို လျှော်ဖွပ်ပါ။
  • စနေနေ့- အိမ်အပြင်ဘက်
    စနေနေ့မှာတော့ အိမ်အပြင်ကို မိသားစုလိုက် ပျော်ပျော်ပါးပါး ထွက်ကြရအောင်ပါ။ စနေနေ့မှာ ကားရေဆေးမယ်။ ခြံထဲက မြက်ပင်တေါကို ပြန်ညှိမယ်။ လှေကားထစ်တွေကို တံမြက်စည်းလှည်းမယ်။ ပန်းခြံတွေကို ပြုပြင်ကြမယ်။
    ညစ်ပေနေတဲ့ အရာတွေကို လျှော်ဖွပ်ရမယ့် နေ့တစ်နေ့ဖြစ်ပါတယ။်
  • တနင်္ဂနွေနေ့မှာတော့ ထွေထွေထူးထူးလုပ်စရာ အိမ်အလုပ်မသတ်မှတ်ထားတာကြောင့် မိသားစု ပျော်ပျော်ပါးပါး လည်ပတ်တာမျိုး၊ မုန့်ထွက်စားတာမျိုးလုပ်လို့ရပါတယ်။
    ဒါ့အပြင် နေ့တိုင်းလုပ်ရမှာလေးကိုလည်း မှာချင်ပါသေးတယ်။ နေ့တိုင်း အိပ်ရာခင်းခင်းခြင်း၊ သိမ်းခြင်းကို မဖြစ်မနေ လုပ်ရမှာဖြစ်သလို စားပြီးသားပန်းကန်တွေဆေးကြောဖို့လည်း မမေ့သင့်ပါဘူး။
    ဒီနည်းလမ်းကို သုံးပြီး သင့်အနေနဲ့ သင်ကြားလို့ ရနိုင်မှာတွေကတော့ အများကြီးပါပဲ။ စည်းလုံးခြင်းရဲ့ စွမ်းအားတွေ၊ နွေးထွေးမှုတွေ၊ ပျော်ရွှင်ခြင်း၊ သန့်ရှင်းခြင်းနှင့် လုပ်ငန်းစဉ်အောင်မြင်ခြင်းဆိုတဲ့ ရလဒ်တွေကို ရရှိမှာပဲ ဖြစ်ပါတယ်။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

အၿမဲသန႔္ရွင္းသပ္ရပ္ေနတဲ့ ေနအိမ္ေလးဆိုတာဟာ ေပ်ာ္႐ႊင္စရာေတြျပည့္ႏွက္ေနတဲ့ လူေတြ ေနထိုင္တဲ့ အရပ္ကို ကိုယ္စားျပဳပါတယ္။
ဒီလို ေနရပ္မ်ိဳးကို ဖန္တီးတတ္ဖို႔ ထိန္းသိမ္းတတ္ဖို႔ သင့္ကေလးငယ္ကိုလည္း သင္ေပးခ်င္တယ္။ အခ်ိန္ဇယားနဲ႔လည္း အလုပ္လုပ္တတ္သြားေစခ်င္တယ္။ မိသားစုေတြ စုံစုံညီညီနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးလုပ္လို႔ရမယ့္ သန႔္ရွင္းေရး အခ်ိန္ဇယားေလးကို ေဖာ္ျပခ်င္ပါတယ္။

  • တနလာေနၤ့ – အိပ္ခန္း
    အိပ္ရာခင္း၊ ေစာင္၊ ေခါင္းအုံးဖုံးေတြ လဲပါ။ ခုံေတြ၊ ဘီဒိုေတြမွာ ကပ္ေနတဲ့ ဖုန္ေတြကို ရွင္းလင္းပါ။ မွန္ေတြသုတ္ပါ။ ပန္ကာေတြကို သန႔္ရွင္းပါ။ ၾကမ္းျပင္ေတြကို လွည္းက်င္းပါ။ လိုက္ကာေတြကို 10မိနစ္ေလာက္ ဖြင့္ထားျခင္းျဖင့္ ေလဝင္ေလထြက္ေကာင္းေနပါေစ။ အခင္းေတြကို ေလွ်ာ္ပါ။
  • အဂၤါေန႔ – ေရခ်ိဳးခန္း
    ေရခ်ိဳးခန္း ေဘလ္စင္ေတြ၊ အိမ္သာေတြကို တိုက္ခြၽတ္ေဆးေၾကာပါ။ ေရပိုက္ေခါင္းေတြ၊ မ်က္ႏွာသစ္စင္ စတာေတြကို ေဆးေၾကာပါ။ ေရခ်ိဳးခန္းထဲက မွန္ေတြကို တိုက္ပါ။ ၾကမ္းျပင္ေတြကို လွည္းက်င္းပါ။ ေရခ်ိဳးခန္းသုံး ပစၥည္းေတြကို စစ္ေဆးၿပီး ျပန္လည္ျဖည့္သြင္းပါ။ မ်က္ႏွာသုတ္ပုဝါ အသစ္ေတြလဲလွယ္ပါ။
    အဲ့ဒီေန႔မွာ မ်က္ႏွာသုတ္ပုဝါေတြကို ေလွ်ာ္ဖြပ္ပါ။
  • ဗုဒၶဟူး – မီးဖိုးေခ်ာင္
    မီးဖိုေခ်ာင္နဲ႔ ပတ္သက္လို႔ ရွင္းလင္းၾကမယ္ဆိုရင္ ေရခဲေသတၱာကို ရွင္းပါ။ မလိုအပ္တာေတြကို လႊင့္ပစ္ပါ။ လက္ေဆးကန္ေတြကို ေဆးေၾကာပါ။ စားပြဲခုံနဲ႔ ကုလားထိုင္ေတြကို ဖုန္သုတ္ပါ။ တံျမက္စည္းလွည္းပါ။ အမႈိက္ပစ္ပါ။
    အဲ့ေန႔မွာေတာ့ အေရာင္ေတာက္ေတာက္ အဝတ္အထည္ေတြကို ေလွ်ာ္ဖြပ္ပါ။
  • ၾကာသပေတး – အိမ္ေရွ႕ခန္း၊ ဧည့္ခန္း
    ဧည့္သည္ေတြကို ႀကိဳဆိုတဲ့ ေနရာဟာ သန႔္ရွင္းေနဖို႔ အေရးႀကီးပါတယ္။ ပရိေဘာဂပစၥည္းေတြကို သုတ္ၿပီး အေရာင္ျပန္တင္ပါ။ TV ေတြကို ဖုန္သုတ္ပါ။ ဖုန္ေတြသန႔္ရွင္းပါ။ ေလထုသန႔္ရွင္းေရးလုပ္ပါ။ ေမႊးႀကိဳင္ေနဖို႔ ေဆာင္႐ြက္ပါ။ ေလဝင္ေလထြက္ေကာင္းဖို႔ 10 မိနစ္ခန႔္ လိုက္ကာေတြ ျပတင္းတံခါးေတြကို ဖြင့္ထားပါ။
    အဲ့ဒီေန႔မွာေတာ့ အနက္ေရာင္ အဝတ္အစား၊ အသုံးအေဆာင္ေတြကို ေလွ်ာ္ဖြပ္ပါ။
  • ေသာၾကာေန႔- အလွည့္က်ေန႔
    1 week : အသုံးအေဆာင္အားလုံးကို ရွင္းလင္းပါ။
    2 week : မီးဖိုထဲက အံဆြဲေတြကို ရွင္းလင္းပ။
    3 Week : တံခါးေတြ ျပတင္းေပါက္ေတြကို တိုက္ခြၽတ္ေဆးေၾကာပါ။
    4 week : နံရံေတြ ေႂကြၾဟးေတြကို တိုက္ခြၽတ္ေဆးေၾကာပါ။
    အဲ့ဒီေန႔မွာေတာ့ အျဖဴေရာာင္ အဝတ္အထည္ေတြကို ေလွ်ာ္ဖြပ္ပါ။
  • စေနေန႔- အိမ္အျပင္ဘက္
    စေနေန႔မွာေတာ့ အိမ္အျပင္ကို မိသားစုလိုက္ ေပ်ာ္ေပ်ာ္ပါးပါး ထြက္ၾကရေအာင္ပါ။ စေနေန႔မွာ ကားေရေဆးမယ္။ ၿခံထဲက ျမက္ပင္ေတါကို ျပန္ညႇိမယ္။ ေလွကားထစ္ေတြကို တံျမက္စည္းလွည္းမယ္။ ပန္းၿခံေတြကို ျပဳျပင္ၾကမယ္။
    ညစ္ေပေနတဲ့ အရာေတြကို ေလွ်ာ္ဖြပ္ရမယ့္ ေန႔တစ္ေန႔ျဖစ္ပါတယ။္
  • တနဂၤေႏြေန႔မွာေတာ့ ေထြေထြထူးထူးလုပ္စရာ အိမ္အလုပ္မသတ္မွတ္ထားတာေၾကာင့္ မိသားစု ေပ်ာ္ေပ်ာ္ပါးပါး လည္ပတ္တာမ်ိဳး၊ မုန႔္ထြက္စားတာမ်ိဳးလုပ္လို႔ရပါတယ္။
    ဒါ့အျပင္ ေန႔တိုင္းလုပ္ရမွာေလးကိုလည္း မွာခ်င္ပါေသးတယ္။ ေန႔တိုင္း အိပ္ရာခင္းခင္းျခင္း၊ သိမ္းျခင္းကို မျဖစ္မေန လုပ္ရမွာျဖစ္သလို စားၿပီးသားပန္းကန္ေတြေဆးေၾကာဖို႔လည္း မေမ့သင့္ပါဘူး။
    ဒီနည္းလမ္းကို သုံးၿပီး သင့္အေနနဲ႔ သင္ၾကားလို႔ ရႏိုင္မွာေတြကေတာ့ အမ်ားႀကီးပါပဲ။ စည္းလုံးျခင္းရဲ႕ စြမ္းအားေတြ၊ ေႏြးေထြးမႈေတြ၊ ေပ်ာ္႐ႊင္ျခင္း၊ သန႔္ရွင္းျခင္းႏွင့္ လုပ္ငန္းစဥ္ေအာင္ျမင္ျခင္းဆိုတဲ့ ရလဒ္ေတြကို ရရွိမွာပဲ ျဖစ္ပါတယ္။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *