စစ်ပွဲတစ်ပွဲမှာ စစ်မျက်နှာအများကြီး ဖြန့်ပြီး တိုက်ရင် အောင်မြင်နိုင်ချေ နည်းပါတယ်။
စစ်မျက်နှာတစ်ခုတည်းကိုပဲ အင်အား အလုံးအရင်းနဲ့ တိုက်မှ အောင်မြင်နိုင်ပါလိမ့်မယ်။
ဘဝဆိုတဲ့ စစ်မြေပြင်မှာလည်း ဒီလိုပါပဲ။
ကိုယ်က လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ များနေရင် ဘာတစ်ခုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။
ကိုယ်က တစ်ချိန်တည်းမှာ အဆိုတော်လည်း ဖြစ်ချင်တယ်၊ ဆရာဝန်လည်း ဖြစ်ချင်တယ်၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်ချင်တယ် ဆိုရင် ………… အိပ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်။
တစ်ယောက်တည်းနဲ့ မျိုးစုံ အောင်မြင်နေတဲ့သူတွေ မရှိဘူးမဟုတ်၊ ရှိပါတယ်။
ဆရာဝန် စာရေးဆရာ၊ ဆရာဝန် အဆိုတော်၊ ဆရာဝန် စီးပွားရေးသမား…………
ဒါပေမယ့် သူတို့ဟာ တစ်ပြိုင်နက်တည်း အိပ်မက်တွေ ကို အကောင်အထည် ဖော်ခဲ့တာ မဟုတ်ပါဘူး။ တစ်ခု အောင်မြင်မှ နောက်တစ်ခုကို စတင်ခဲ့တာပါ။
ဒီဘဝမှာ မိတ်ဆွေ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အများကြီး ရှိမှာပါ။
ဒါတွေအားလုံးကို လက်ဝယ်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ တစ်ကြိမ်မှာ တစ်ခုကိုပဲ အာရုံစိုက်ပါ။ တစ်ခုကို အရင်ဆုံးအောင်မြင်အောင်လုပ်ပြီးမှ နောက်တစ်ခုကို အကောင်အထည်ဖော်ပါ။
အာရုံတွေ မများပါနဲ့။