Sonic Generation

ဂျက်မပြောတဲ့ ဝန်ထမ်းတွေ အကြောင်း

ဂျက်မဆိုရင် လူတိုင်းသိနေတဲ့ သူဌေးကြီးတစ်ယောက်ဖြစ်နေလို့ ထွေထွေထူးထူး မိတ်ဆက်နေဖို့ လိုမယ် မထင်ပါဘူး။ သာမန်ဘဝကနေ အင်မတန်ချမ်းသာတဲ့ သူဌေးကြီးအဖြစ် တက်ရောက်လာနိုင်တဲ့သူ ဖြစ်တဲ့အတွက် ဘဝအတွေ့အကြုံတွေကတော့ အများကြီးပါ။

သူ့ရဲ့ စီးပွားရေး အင်ပါယာကြီးပာာ အလွန်ကြီးမားလှတဲ့အတွက် ဝန်ထမ်းအရေအတွက် ပာာ အင်မတန် များပြားလှပါတယ်။ အဲ့ဒီလို ဝန်ထမ်းတွေထဲကမှ လုပ်ငန်းစတင်ထူထောင်ချိန်ကနေ ယနေ့အချိန်ထိ အတူတူ လက်တွဲခဲ့ကြတဲ့ ဝန်ထမ်းကောင်းတွေ၊ တစ်နည်းအားဖြင့် လုပ်ဖော်ကိုင်ဖက်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့တာပာာ သူအောင်မြင်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ဒီလို ဝန်ထမ်းကောင်းတွေပိုင်ဆိုင်နိုင်တာပာာ ဝန်ထမ်းတွေရဲ့ သဘောကို ကောင်းစွာနားလည်ပြီး သူတို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တာကြောင့်လို့ ဂျက်မ က ပြောဖူးပါတယ်။

လူတစ်ယောက်ပာာ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှာ လာလုပ်တယ်ဆိုရင် သူလိုချင်တဲ့ အဓိကအားဖြင့် အချက်နှစ်ချက် ရှိပါတယ်။

ပထမအချက်က ငွေအတွက်ပါ။
ဒုတိယအချက်က အနာဂတ်အတွက်ပါ။

ကိုယ်သဘောကျတဲ့ ဝန်ထမ်းကို မထွက်စေချင်ရင်တော့ ငွေများများနဲ့ မဆွဲနိုင်သေးရင်တောင် သူ့အတွက် ဒီလုပ်ငန်းက အနာဂတ်ကြီးကြီးမားမား ရှိနိုင်တယ်ဆိုတဲ့အချက်နဲ့ ဆွဲဆောင်နိုင်ရပါမယ်။

လစာငွေများများပေးနိုင်ပေမယ့်လည်း ဝန်ထမ်းတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်ကြလိမ့်မယ်လို့ မျှော်လင့်နေလို့ မရသေးဘူးလို့ ဂျက်မက ဆိုပါသေးတယ်။

ဝန်ထမ်းတွေအဖို့ အလုပ်ခွင်ပာာ ရေရှည်အနာဂတ်လည်း ရှိမယ်၊ လတ်တလောအဖို့လည်း ပျော်ရွှင်တဲ့ အလုပ်ခွင်ပတ်ဝန်းကျင်မျိုး ရှိနေဖို့လည်း လိုအပ်ပါတယ်။

ဒီလိုမှသာ ဝန်ထမ်းကောင်းတွေပာာ အလုပ်ခွင်မှာ တက်တက်ကြွကြွနဲ့ လုပ်ကိုင်ချင်စိတ် ရှိမှာပါ။

နောက်ဆုံးအနေနဲ့ ဂျက်မ ပြောခဲ့တဲ့ ဝန်ထမ်းတွေ အလုပ်မပြီးမြောက်ရတဲ့ အကြောင်းနှစ်ချက်ကိုလည်း ဝေမျှပေးချင်ပါတယ်။

ဝန်ထမ်းတွေပာာ တစ်နေ့တစ်နေ့ အလုပ်ပြီးမြောက်မှုမရှိတာပာာ ဝန်ထမ်းတွေ အရည်အချင်းမရှိတာမျိုး ဖြစ်နိုင်သလို တစ်ဖက်ကလည်း လုပ်ငန်းကို ဦးစီးဆောင်ရွက်နေတဲ့ ခေါင်းဆောင်ကိုယ်တိုင်က အသုံးမကျ၊ စီမံခန့်ခွဲမှု စွမ်းရည် ညံ့ဖျင်းနေတာမျိုး၊ နောက်တစ်ချက်အနေနဲ့လည်း လုပ်ငန်းမှာ ချမှတ်ထားတဲ့ စနစ်ကိုယ်တိုင်က အသုံးဝင်မှုမရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အောင်မြင်တဲ့ လုပ်ငန်းတစ်ခုအဖို့ ဝန်ထမ်းကောင်းတွေ ရှိနေခြင်းပာာ အင်မတန်အရေးကြီးတဲ့အတွက် သူဌေးကြီး ဂျက်မ ပြောခဲ့တဲ့ ဝန်ထမ်းတွေအကြောင်းပာာ မိတ်ဆွေရဲ့ လုပ်ငန်းတိုးတက်မှုအတွက် တစ်ခုခု အကျိုးထူးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *