Sonic Generation

တစ်နေ့တာကို တန်ဖိုးရှိရှိဖြတ်သန်းလိုတဲ့အခါ လုပ်သင့်တဲ့ အချက် ၁၂ချက်

  1. မနက်စောစော အိပ်ရာထပါ။ မနက်စောစော အိပ်ရာထခြင်းဟာ သင့်ရဲ့ စိတ်ကို ကြည်လင်စေတဲ့ အပြင် တစ်နေ့တာမှာ ဆောင်ရွက်စရာရှိတာတွေကို ပိုမိုဆောင်ရွက်ဖို့ အချိန်ပို ပေးလိုက်သလိုပါပဲ။
  2. ရေသောက်ပါ။ သင့်ရဲ့ ဘယ်လို လုပ်ငန်းစဉ်မျိုးကိုပဲ ရေးဆွဲ ရေးဆွဲ အဓိကကျတဲ့ ရေသောက်ဖို့ကိုတော့ ချန်ထားလို့ မရပါဘူး။
  3. တစ်နေ့တာမှာ လုပ်ဆောင်သင့်တာတွေကို ချရေးထားပါ။ သင်ဟာ အလုပ်ရှုပ်တဲ့ သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် ချရေးထားခြင်းဖြင့် သင့်တစ်နေ့တာမှာ လိုအပ်ချက်တွေကို မမေ့မလျော့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
  4. နေ့တိုင်း စာအုပ်ဖတ်ပါ။ စာအုပ်ထဲမှာ သင့်တစ်သက် ရှာမတွေ့နိုင်တဲ့ အတွေ့အကြုံတွေကို သင်တွေ့နိုင်ပါတယ်။
  5. စိတ်ခွန်အားပြည့်ဝနေစေဖို့ လေ့ကျင့်ပါ။ စိတ်ဆောင်နေဖို့ သင့်စိတ်ခွန်အား ပြည့်နေရန် လိုအပ်ပါတယ်။ တရားထိုင်ခြင်းက အလွယ်ဆုံး စိတ်ခွန်အားဖြည့်ခြင်းပဲ ဖြစ်ပါတယ်။
  6. လေ့ကျင့်ခန်းလုပ်ပါ။ တစ်နေကုန် အလုပ်တွေလုပ်ပြီး ထိုင်နေရတဲ့ အခါ အဆီပိုတွေ စုပြီး အဝလွန်တာမျိုးအထိ ဖြစ်နိုင်သလို လှုပ်ရှားမှုနည်းတာကြောင့် ချိနဲ့သွားတာမျိုးအထိ ဖြစ်နိုင်တဲ့ အတွက် လေ့ကျင့်ခန်း များများလုပ်ပေးပါ။
  7. မနက်စာကို နည်းစနစ်မှန်မှန်စားသောက်ပါ။ မနက်စာဟာ သင့်တစ်နေ့တာကို စတင်ဖို့ ပထမဆုံး သင်ရရှိမယ့် အားအင်ဖြစ်တာကြောင့် မနက်စာက အရမ်းကို အရေးပါ အရာရောက်ပါတယ်။
  8. ကျေးဇူးတင်ပါ။ တစ်စုံတစ်ယောက်က သင့်ကို ရည်ရွယ်ချက်ချက် ရှိရှိဖြင့်ဖြစ်စေ ရည်ရွယ်ချက် မပါဘဲဖြစ်စေ ကူညီလာတိုင်းမှာ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့။
  9. သင့်ရဲ့ ခံယူချက်ကို ထုတ်ဖော်ပြသပါ။ သင်ဟာ သင့်ခံယူချက်ကို ပြသခြင်းဖြင့် သင့်ကို လူတွေက ပိုမို သိရှိနားလည်စေနိုင်ပါတယ်။
  10. ချစ်ရတဲ့ သူတွေနဲ့ ဆက်သွယ်ပါ။ သင့်ဆီကို ကြည်နူးပျော်ရွှင်မှုတွေ ရောက်ရှိလာပါလိမ့်မယ်။
  11. သင့်ကိုယ်သင် မေးခွန်းပြန်ထုတ်ပါ။ ဒါဟာ သင့်ကိုသင် ပြန်လည်သုံးသပ်တာနဲ့ တူတဲ့ အတွက်ကြောင့် သင့်ရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်နိုင်မယ့် နည်းလမ်းတွေကို လွယ်လင့်တကူ ရှာဖွေ တွေ့ရှိနိုင်မှာပါ။
  12. အရေးအကြီးဆုံးသော ဆောင်ရွက်ချက်တွေကို ဦးစားပေး ဆောင်ရွက်ပါ။ သင့်ဘဝတွက် အရေးကြီးတယ်လို့ သင်မှတ်ထင်ထားတဲ့ အရာတွေကို လုပ်ဆောင်ဖို့ မမေ့လျော့ပါနဲ့။ ဦးစားပေး ဆောင်ရွက်ပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *