Sonic Generation

အောင်မြင်သူတစ်ယောက်ဖြစ်လာစေဖို့

သင်ဟာ တစ်နေ့မှာ အောင်မြင်သူတစ်ယောက်ဖြစ်လာစေဖို့ အိပ်မက်မက်သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ သင့်အနေနဲ့ လေ့ကျင့်ထားရမယ့် အလေ့အကျင့် 15ခုလည်း ရှိနေပါသေးတယ်။ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေနိုင်သေးပေမယ့် အလေ့အကျင့်ဆိုတာမျိုးဟာ လေ့ကျင့်ယူရင် ကောင်းတဲ့ အတွက်ကြောင့် လေ့ကျင့်ယူစေချင်ပါသေးတယ်။

  1. ပထမဆုံးအနေနဲ့ ပြသနာတွေကို ရှောင်မပြေးပဲ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လေ့ကျင့်ထားပေးပါ။ ပြသနာကို ခေါင်းရှောင်ခြင်းဟာ စစ်မှန်တဲ့ အဖြေတစ်ခု မဟုတ်သလို ရှောင်လွှဲလို့ ရမယ့် ပြသနာဆိုတာလည်း မရှိပါဘူး။ အောင်မြင်လာလေ ပြသနာတွေရဲ့ အတိမ်အနက်ပိုကြီးလာလေဖြစ်တာကြောင့် ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပါစေ။
  2. မိမိကိုယ်ကို နားလည်သဘောပေါက်နေပါစေ။ သင့်ရဲ့အားနည်းချက် အားသာချက်တွေကို သင်ကိုယ်တိုင် သိရှိနားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသမျှတိုင်းကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းကို လွယ်လင့်တကူ ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။
  3. ရေရှည်အတွက်သာ စဉ်းစာတတ်ပါစေ။ တစ်ပွဲတိုးအတွက်သာ လုပ်ဆောင်ခြင်းဟာ ရေရှည်အောင်မြင်မှုအတွက် အနှောင့်အယှက်တစ်ခုဖြစ်သလို ရေရှည်စီမံကိန်းချမှတ်နိုင်မှသာ ကောင်းမွန်သော ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။
  4. စိတ်ပိုင်းဆိုင်ရာအတွက်ရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ လိုအပ်သော ပြင်ဆင်မှုတွေကို ပြုလုပ်ထားသင့်ပါတယ်။
  5. အချိန်တွေကို စီမံခန့်ခွဲတတ်ပါစေ။ သင့်ရဲ့အချိန်တွေ အလေအလွင့်နည်းစေဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ အထူးလိုအပ်ပါတယ်။ အချိန်တွေကို စီမံခန့်ခွဲတတ်ပါစေ။
  6. မိမိကိုယ်ကိုလည်း ဂရုစိုက်တတ်ပါစေ။ သင့်အတွက်သင် ဆောင်ရန်ှရှောင်ရန်တွေကစလို့ ဂရုစိုက်သင့်သည်များကို အကောင်းမွန်ဆုံး ဂရုစိုက်တတ်ဖို့ လိုအပ်ပါသေးတယ်။ ဒါမှသာ သင့်အနေနဲ့ အလုပ်တွေကို အချိန်ပိုမို ကြာကြာနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။
  7. နားထောင်တတ်သူတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပါ။ သင့်ဟာ စကားများများဟြေတတ်သူဖြစ်နေတယ်ဆိုရင်တော့ လျှော့ချဖို့ စတင်လိုက်ပါတော့။ စကားများများဟြေလေ အမှားများများပါလေ ဖြစ်တာကြောင့် လျှော့ချပါ။ နားထောင်ပေးဖို့အတွက်သာ ကြိုးပမ်းပါ။ နားထောင်ခြင်းကြောင့် တစ်ပါးသူများရဲ့ အတွေ့အကြုံတွေကစလို့ ကောင်းခြင်းဆိုးခြင်းများကိုပါ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။
  8. အခွင့်အလမ်းတွေကို အချိန်ကိုက် ဖမ်းယူနိုင်ပါစေ။ အခွင့်အရေးဆိုသည်မှာ နှစ်ခါပြန်မလာတတ်သော အမျိုးအစားဖြစ်တာကြောင့် သင့်ဆီရောက်လာတဲ့ ဘယ်လို အခွင့်အရေးမျိုးကိုမှ လက်လွှတ်ခံဖို့ မကြိုးစားပါနဲ့။
  9. မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံတတ်ပါစေ။ သင့်အတွက် လိုအပ်တဲ့ ပညာရပ်တွေအားလုံးကို လေ့လာခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံတတ်ပါစေ။
  10. စာဖတ်အားသန်သူတစ်ယောက်ဖြစ်ပါစေ။ သင်ဟာ စာဖတ်ခြင်းအားဖြင့် မတူညီ ကွဲဟြးတဲ့ စာရေးသူများရဲ့ အတွေ့အကြုံတွေကို တစ်ထိုင်တည်းလက်ခံရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
  11. အလုပ်အတွက် ကျွမ်းကျင်ဖြစ်နေဖို့ ကြိုးပမ်းမှုကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။
  12. လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ သတိပြုပါ။ သက်လုံကောင်းမှသာ အလုပ်ကောင်းကောင်းလုပ်နိုင်မယ်ဆိုတဲ့ အချက်ကို ဘယ်တော့မှ မမေ့သင့်ပါဘူး။
  13. အချိန်ဆွဲနေတာတွေကို ရပ်တန့်လိုက်ပါတော့။ ချက်ချင်းလုပ်လို့ ချက်ချင်းပြီးသွားမယ့် အရာတွေကို အချိန်မဆွဲဘဲ လုပ်ခြင်းအားဖြင့် သင့်အတွက် အချိန်တွေ ပိုထွက်လာဖို့ လုပ်ဆောင်ပါ။
  14. သင့်ဘဝရဲ့ အလုပ်အကိုင်နဲ့ ဘဝအခက်အခဲတွေကို စဉ်ဆက်မပြတ် မှတ်တမ်းတင်နေဖို့ ကြိုးစားပါ။ ဒါမှသာ သင်ဟာ အခက်အခဲတွေကို သင်ဘယ်လို ကျော်လွှားခဲ့လည်းဆိုတာကို ပြန်ကြည့်ပြီး ဂုဏ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
  15. တန်ဖိုးရှိသော အရာများတွင်သာ အာရုံပြုထားပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

သင္ဟာ တစ္ေန႔မွာ ေအာင္ျမင္သူတစ္ေယာက္ျဖစ္လာေစဖို႔ အိပ္မက္မက္သူတစ္ေယာက္ျဖစ္တယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ ေလ့က်င့္ထားရမယ့္ အေလ့အက်င့္ 15ခုလည္း ရွိေနပါေသးတယ္။ သင့္အေနနဲ႔ ခက္ခဲေကာင္းခက္ခဲေနႏိုင္ေသးေပမယ့္ အေလ့အက်င့္ဆိုတာမ်ိဳးဟာ ေလ့က်င့္ယူရင္ ေကာင္းတဲ့ အတြက္ေၾကာင့္ ေလ့က်င့္ယူေစခ်င္ပါေသးတယ္။

  1. ပထမဆုံးအေနနဲ႔ ျပသနာေတြကို ေရွာင္မေျပးပဲ ရင္ဆိုင္ေျဖရွင္းတတ္ဖို႔ ေလ့က်င့္ထားေပးပါ။ ျပသနာကို ေခါင္းေရွာင္ျခင္းဟာ စစ္မွန္တဲ့ အေျဖတစ္ခု မဟုတ္သလို ေရွာင္လႊဲလို႔ ရမယ့္ ျပသနာဆိုတာလည္း မရွိပါဘူး။ ေအာင္ျမင္လာေလ ျပသနာေတြရဲ႕ အတိမ္အနက္ပိုႀကီးလာေလျဖစ္တာေၾကာင့္ ေျဖရွင္းဖို႔ အဆင္သင့္ျဖစ္ေနပါေစ။
  2. မိမိကိုယ္ကို နားလည္သေဘာေပါက္ေနပါေစ။ သင့္ရဲ႕အားနည္းခ်က္ အားသာခ်က္ေတြကို သင္ကိုယ္တိုင္ သိရွိနားလည္ျခင္းအားျဖင့္ ျဖစ္ေပၚလာသမွ်တိုင္းကို ရင္ဆိုင္ႏိုင္မယ့္ နည္းလမ္းကို လြယ္လင့္တကူ ရွာေဖြႏိုင္မွာပဲ ျဖစ္ပါတယ္။
  3. ေရရွည္အတြက္သာ စဥ္းစာတတ္ပါေစ။ တစ္ပြဲတိုးအတြက္သာ လုပ္ေဆာင္ျခင္းဟာ ေရရွည္ေအာင္ျမင္မႈအတြက္ အေႏွာင့္အယွက္တစ္ခုျဖစ္သလို ေရရွည္စီမံကိန္းခ်မွတ္ႏိုင္မွသာ ေကာင္းမြန္ေသာ ရလဒ္ကို ရရွိမွာ ျဖစ္ပါတယ္။
  4. စိတ္ပိုင္းဆိုင္ရာအတြက္ေရာ ႐ုပ္ပိုင္းဆိုင္ရာအတြက္ပါ လိုအပ္ေသာ ျပင္ဆင္မႈေတြကို ျပဳလုပ္ထားသင့္ပါတယ္။
  5. အခ်ိန္ေတြကို စီမံခန႔္ခြဲတတ္ပါေစ။ သင့္ရဲ႕အခ်ိန္ေတြ အေလအလြင့္နည္းေစဖို႔အတြက္ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ အထူးလိုအပ္ပါတယ္။ အခ်ိန္ေတြကို စီမံခန႔္ခြဲတတ္ပါေစ။
  6. မိမိကိုယ္ကိုလည္း ဂ႐ုစိုက္တတ္ပါေစ။ သင့္အတြက္သင္ ေဆာင္ရႏ္ွေရွာင္ရန္ေတြကစလို႔ ဂ႐ုစိုက္သင့္သည္မ်ားကို အေကာင္းမြန္ဆုံး ဂ႐ုစိုက္တတ္ဖို႔ လိုအပ္ပါေသးတယ္။ ဒါမွသာ သင့္အေနနဲ႔ အလုပ္ေတြကို အခ်ိန္ပိုမို ၾကာၾကာနဲ႔ စြမ္းစြမ္းတမံ ေဆာင္႐ြက္ႏိုင္မွာပဲ ျဖစ္ပါတယ္။
  7. နားေထာင္တတ္သူတစ္ေယာက္ျဖစ္ဖို႔ ေလ့က်င့္ပါ။ သင့္ဟာ စကားမ်ားမ်ားေၾဟတတ္သူျဖစ္ေနတယ္ဆိုရင္ေတာ့ ေလွ်ာ့ခ်ဖို႔ စတင္လိုက္ပါေတာ့။ စကားမ်ားမ်ားေၾဟေလ အမွားမ်ားမ်ားပါေလ ျဖစ္တာေၾကာင့္ ေလွ်ာ့ခ်ပါ။ နားေထာင္ေပးဖို႔အတြက္သာ ႀကိဳးပမ္းပါ။ နားေထာင္ျခင္းေၾကာင့္ တစ္ပါးသူမ်ားရဲ႕ အေတြ႕အႀကဳံေတြကစလို႔ ေကာင္းျခင္းဆိုးျခင္းမ်ားကိုပါ ေလ့လာသိရွိႏိုင္မွာျဖစ္ပါတယ္။
  8. အခြင့္အလမ္းေတြကို အခ်ိန္ကိုက္ ဖမ္းယူႏိုင္ပါေစ။ အခြင့္အေရးဆိုသည္မွာ ႏွစ္ခါျပန္မလာတတ္ေသာ အမ်ိဳးအစားျဖစ္တာေၾကာင့္ သင့္ဆီေရာက္လာတဲ့ ဘယ္လို အခြင့္အေရးမ်ိဳးကိုမွ လက္လႊတ္ခံဖို႔ မႀကိဳးစားပါနဲ႔။
  9. မိမိကိုယ္ကို ရင္းႏွီးျမႇဳပ္ႏွံတတ္ပါေစ။ သင့္အတြက္ လိုအပ္တဲ့ ပညာရပ္ေတြအားလုံးကို ေလ့လာျခင္းအားျဖင့္ ရင္းႏွီးျမႇဳပ္ႏွံတတ္ပါေစ။
  10. စာဖတ္အားသန္သူတစ္ေယာက္ျဖစ္ပါေစ။ သင္ဟာ စာဖတ္ျခင္းအားျဖင့္ မတူညီ ကြဲၾဟးတဲ့ စာေရးသူမ်ားရဲ႕ အေတြ႕အႀကဳံေတြကို တစ္ထိုင္တည္းလက္ခံရရွိႏိုင္မွာပဲ ျဖစ္ပါတယ္။
  11. အလုပ္အတြက္ ကြၽမ္းက်င္ျဖစ္ေနဖို႔ ႀကိဳးပမ္းမႈကို ဘယ္ေတာ့မွ မရပ္တန႔္ပါနဲ႔။
  12. ေလ့က်င့္ခန္း ပုံမွန္လုပ္ဖို႔ သတိျပဳပါ။ သက္လုံေကာင္းမွသာ အလုပ္ေကာင္းေကာင္းလုပ္ႏိုင္မယ္ဆိုတဲ့ အခ်က္ကို ဘယ္ေတာ့မွ မေမ့သင့္ပါဘူး။
  13. အခ်ိန္ဆြဲေနတာေတြကို ရပ္တန႔္လိုက္ပါေတာ့။ ခ်က္ခ်င္းလုပ္လို႔ ခ်က္ခ်င္းၿပီးသြားမယ့္ အရာေတြကို အခ်ိန္မဆြဲဘဲ လုပ္ျခင္းအားျဖင့္ သင့္အတြက္ အခ်ိန္ေတြ ပိုထြက္လာဖို႔ လုပ္ေဆာင္ပါ။
  14. သင့္ဘဝရဲ႕ အလုပ္အကိုင္နဲ႔ ဘဝအခက္အခဲေတြကို စဥ္ဆက္မျပတ္ မွတ္တမ္းတင္ေနဖို႔ ႀကိဳးစားပါ။ ဒါမွသာ သင္ဟာ အခက္အခဲေတြကို သင္ဘယ္လို ေက်ာ္လႊားခဲ့လည္းဆိုတာကို ျပန္ၾကည့္ၿပီး ဂုဏ္ယူႏိုင္မွာပဲ ျဖစ္ပါတယ္။
  15. တန္ဖိုးရွိေသာ အရာမ်ားတြင္သာ အာ႐ုံျပဳထားပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *