Sonic Generation

စိတ်ပါလက်ပါ အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူး

စိတ်ပါလက်ပါ အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူး
အောင်မြင်ကြီးပွားမယ့်သူနဲ့ သာမန်သူ တစ်ယောက်ကို ယှဉ်ကြည့်ရင် “စိတ်ပါလက်ပါ အလုပ်လုပ်ခြင်း” ရှိ၊ မရှိ က သိပ်ပြီး ထင်ရှားတယ်။
အောင်မြင်သူတွေက အလုပ်လုပ်ရာမှာ စိတ်ရော၊ ကိုယ်ပါ နှစ်ပြီး အလုပ်လုပ်ကြတယ်။ မအောင်မြင်တဲ့သူတွေကတော့ တော်ရုံတန်ရုံပဲ လုပ်ကြတယ်။
ကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ပြောပြချင်ပါတယ်။
ဂျပန်ကို ထွက်လာတဲ့ မြန်မာလူငယ်တစ်ယောက်…………..
အဆက်အသွယ်ကောင်းကောင်း မရှိ၊ ငွေကြေးလည်း သိပ်ပါမလာ၊ ပညာလည်း သိပ်အတတ်ကြီး မဟုတ်။
ဒါပေမယ့် အလုပ်ကြိုးစားတယ်။ ဝန်ထမ်းဘဝနဲ့ လုပ်ရတာတောင် ကိုယ်ပိုင်အလုပ်လို သဘောထားပြီး စိတ်ရော၊ ကိုယ်ပါ နှစ်ပြီး ကြိုးစားတယ်။
သူအလုပ်လုပ်တဲ့ ဆိုင်ကို ဖောက်သည်တစ်ယောက်ဖြစ်တဲ့ ဂျပန်သူဌေးကြီး တစ်ယောက်က အဆိုပါ မြန်မာလူငယ်လေးရဲ့ မခိုမကပ် အလုပ်ကြိုးစားပုံကို မြင်တော့ အတော်လေး သဘောကျတယ်။
အဲ့ဒီအချိန်ကစပြီး ဂျပန်သူဌေးကြီးရဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့်ရ၊ ကြိုးစားမှုကြောင့် ယုံကြည်မှုတွေ ရသထက် ရလာ။ နောက်ဆုံး ကိုယ်ပိုင်အလုပ် ခွဲလုပ်တာတောင် ဂျပန်သူဌေးကြီးရဲ့ အကူအညီတွေ များစွာ ရပြီး ယနေ့အခါမှာ အဆိုပါ လူငယ်လေးဟာ မြန်မာ့သန်းကြွယ်သူဌေးထဲက တစ်ယောက်ဖြစ်တဲ့ ဉီးဇော်ဇော် ဖြစ်လာပါတော့တယ်။
အလုပ်ကို မခိုမကပ်၊ စိတ်ရောကိုယ်ပါ နှစ်ပြီး ကြိုးစားအားထုတ်မှုကြောင့် ယနေ့အခါမှာ လူအများ လေးစားအားကျတဲ့ သူဌေးကြီး ဖြစ်လာခဲ့တာပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

စိတ္ပါလက္ပါ အလုပ္လုပ္ျခင္းရဲ႕ အက်ိဳးေက်းဇူး
ေအာင္ျမင္ႀကီးပြားမယ့္သူနဲ႔ သာမန္သူ တစ္ေယာက္ကို ယွဥ္ၾကည့္ရင္ “စိတ္ပါလက္ပါ အလုပ္လုပ္ျခင္း” ရွိ၊ မရွိ က သိပ္ၿပီး ထင္ရွားတယ္။
ေအာင္ျမင္သူေတြက အလုပ္လုပ္ရာမွာ စိတ္ေရာ၊ ကိုယ္ပါ ႏွစ္ၿပီး အလုပ္လုပ္ၾကတယ္။ မေအာင္ျမင္တဲ့သူေတြကေတာ့ ေတာ္႐ုံတန္႐ုံပဲ လုပ္ၾကတယ္။
ၾကားဖူးတဲ့ ဇာတ္လမ္းတစ္ခုကို ေျပာျပခ်င္ပါတယ္။
ဂ်ပန္ကို ထြက္လာတဲ့ ျမန္မာလူငယ္တစ္ေယာက္…………..
အဆက္အသြယ္ေကာင္းေကာင္း မရွိ၊ ေငြေၾကးလည္း သိပ္ပါမလာ၊ ပညာလည္း သိပ္အတတ္ႀကီး မဟုတ္။
ဒါေပမယ့္ အလုပ္ႀကိဳးစားတယ္။ ဝန္ထမ္းဘဝနဲ႔ လုပ္ရတာေတာင္ ကိုယ္ပိုင္အလုပ္လို သေဘာထားၿပီး စိတ္ေရာ၊ ကိုယ္ပါ ႏွစ္ၿပီး ႀကိဳးစားတယ္။
သူအလုပ္လုပ္တဲ့ ဆိုင္ကို ေဖာက္သည္တစ္ေယာက္ျဖစ္တဲ့ ဂ်ပန္သူေဌးႀကီး တစ္ေယာက္က အဆိုပါ ျမန္မာလူငယ္ေလးရဲ႕ မခိုမကပ္ အလုပ္ႀကိဳးစားပုံကို ျမင္ေတာ့ အေတာ္ေလး သေဘာက်တယ္။
အဲ့ဒီအခ်ိန္ကစၿပီး ဂ်ပန္သူေဌးႀကီးရဲ႕ လုပ္ငန္းေတြမွာ လုပ္ကိုင္ခြင့္ရ၊ ႀကိဳးစားမႈေၾကာင့္ ယုံၾကည္မႈေတြ ရသထက္ ရလာ။ ေနာက္ဆုံး ကိုယ္ပိုင္အလုပ္ ခြဲလုပ္တာေတာင္ ဂ်ပန္သူေဌးႀကီးရဲ႕ အကူအညီေတြ မ်ားစြာ ရၿပီး ယေန႔အခါမွာ အဆိုပါ လူငယ္ေလးဟာ ျမန္မာ့သန္းႂကြယ္သူေဌးထဲက တစ္ေယာက္ျဖစ္တဲ့ ဉီးေဇာ္ေဇာ္ ျဖစ္လာပါေတာ့တယ္။
အလုပ္ကို မခိုမကပ္၊ စိတ္ေရာကိုယ္ပါ ႏွစ္ၿပီး ႀကိဳးစားအားထုတ္မႈေၾကာင့္ ယေန႔အခါမွာ လူအမ်ား ေလးစားအားက်တဲ့ သူေဌးႀကီး ျဖစ္လာခဲ့တာပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *