Sonic Generation

ပင်ကိုဉာဏ်မပါပဲ အောင်မြင်ခြင်း

တစ်ချို့က ပြောတယ်။ ဉာဏ်ကောင်းမှ အောင်မြင်မှာတဲ့။
လည်မှ ချမ်းသာမှာတဲ့။

ဒီစကားတွေက အမှန်ပဲလား။

အောင်မြင်တဲ့သူတွေကိုကြည့်ရင် သိပ်ပြီး ကံကောင်းနေသူတွေတော့ မဟုတ်ပါဘူး။ သိပ်ပြီး ဉာဏ်ထက်နေတာလည်း မဟုတ်ပါဘူး။ သိပ်ပြီးလည်း မလည်ပါဘူး၊

ဒါပေမယ့် သူတို့တွေဟာ…………….

• အချိန်တိကျတယ်။ ပေးထားတဲ့ အလုပ်တွေကို သတ်မှတ်ချိန်အတိုင်း ပြီးအောင် လုပ်တယ်။ အလုပ်ကို နောက်ကျတယ်ဆိုတာ မရှိဘူး။

• အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို အမြဲခွဲတယ်။

• ဘယ်အလုပ်မဆို ကြိုးကြိုးစားစားနဲ့ လုပ်ကြတယ်.

• စွမ်းအားအပြည့်ရှိတယ်။

• လူတိုင်းဆီက ပညာယူတယ်။ အစဉ်အမြဲလည်း သင်ယူနေတယ်။

• ရည်မှန်းချက် ရှိတယ်။ ဖြစ်အောင်လည်း ကြိုးစားနေတယ်။

• အောင်မြင်မှုကို မျှော်လင့်ထားသလို ၊ ရှုံးနိမ့်မှုကိုလည်း လက်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်။

ဒါတွေနဲ့ ပြည့်စုံဖို့ ပင်ကိုဉာဏ် သိပ်ပြီး ကောင်းနေဖို့ မလိုပါဘူး။
မိတ်ဆွေရဲ့ ကြိုးစားအားထုတ်မှုပဲ လိုတာပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *