ငွေစုဖို့ လိုလားဆိုတဲ့ မေးခွန်းမျိုးမေးရင် ကိုယ့်အကြောင်းကိုယ် အရင်စဉ်းစားသင့်ပါတယ်။
ကိုယ်ဟာ မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့ သူဌေးမိသားစုကလား???
ကိုယ့်ကို အသက်ကြီးလာတဲ့အထိ ကျွေးမွေးမယ့်သူ ရှိလား???
အသက်ကြီး၊ အလုပ်က အနားယူလို့ ပင်စင်လစာလေးတစ်ခုတည်းနဲ့ အေးအေးဆေးဆေးစားလို့ရတဲ့ နိုင်ငံမှာ နေနေတာလား???
ဆေးမကုနိုင်တဲ့သူကို အခမဲ့ ဆေးကုပေးတဲ့ နိုင်ငံ
အလုပ်မရှိသူကို အလုပ်ရှာပေးပြီး အလုပ်မရသေးတဲ့ အချိန်အတွင်း ထောက်ပံ့စရိတ်ပေးထားတဲ့ နိုင်ငံမှာ နေနေတာလား???
မိန်းမရ၊ ကလေးမွေးလို့ သားသမီးပညာရေးအတွက်
အစိုးရကျောင်းမှာ ထားရုံနဲ့ စိတ်အေးနိုင်တဲ့ နိုင်ငံမျိုးမှာ နေနေသလား???
ကိုယ်က ရာထူးကြီးကြီးပိုင်ထားတဲ့ သူတွေရဲ့
သားတို့၊ မြေးတို့ ဖြစ်နေသလား???
ဟုတ်နေတယ်ဆိုရင်တော့ မိတ်ဆွေ ငွေစုဖို့ မလိုပါဘူး။
ရသမျှ စိတ်ကြိုက်သုံးနေလို့ ရပါပြီ။
မဟုတ်ဘူးဆိုရင်တော့ ………………….