Sonic Generation

ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ နည်းလမ်း (၁၅) မျိုး

လူ့လောကကြီးက စိတ်ညစ်စရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုကြပေမယ့် ဒါပာာ အမှန်တကယ်တော့ မိမိရဲ့ ခံယူချက်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ရခဲလှတဲ့ လူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မှ အသက်ရှင်ရကျိုးနပ်မှာပါ။ ဒီလို ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်း (၁၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်မြတ်နိုးတာကို လုပ်ပါ။
၂။ အခြားသူတွေကို ကူညီပါ။
၃။ မိမိအပေါ်ကျေးဇူးပြုဖူးသူတွေကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါ။
၄။ အခြားသူတွေကို မျှဝေပေးပါ။
၅။ ပိုပြီး ပြုံးပါ။
၆။ လေ့ကျင့်ခန်းလုပ်ပါ။
၇။ ဆရာကောင်းတွေကို ဆည်းကပ်ပါ။
၈။ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်မယ့် နည်းလမ်းတွေ ရှာဖွေပါ။
၉။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပါ။
၁၀။ ချစ်ခင်ရသူတွေနဲ့ အတူတူ အချိန်တွေ ကုန်ဆုံးပါ။
၁၁။ အဆိုးမြင်စိတ်ကို ဖျောက်ပစ်ပါ။
၁၂။ ဘယ်လောက်ပဲ တန်ဖိုးနည်းနည်း…..ချစ်ခင်ရသူတွေကို လက်ဆောင်ပေးပါ။
၁၃။ ကိုယ့်အပေါ် မကောင်းမှုပြုဖူးသူတွေကို ခွင့်လွှတ်ပြီး မေ့ပစ်လိုက်ပါ။
၁၄။ မနက်ခင်း၊ ညနေခင်း တွေမှာ သဘာဝရဲ့ သာယာကြည်နူးမှုတွေကို ခံစားပါ။
၁၅။ ကိုယ့်ဘဝကို ကိုယ်တိုင်ဆုံးဖြတ်ပါ

Leave a Comment

Your email address will not be published. Required fields are marked *