Sonic Generation

ကိုသူရိန်အတွက် Second Business

တစ်ခါတစ်လေ ကိုယ့်အလုပ်ကို ကိုယ်စိတ်ပျက်နေမိတယ်။ အထူးသဖြင့် အခုလို မိုးသည်းကြီးမည်းကြီး ရွာနေတဲ့အချိန်မှာပေါ့။ ရုံးသွားရင်လည်း သေချာပေါက်စိုရွှဲကုန်ဦးမယ်။ မသွားပြန်ရင်လည်း လစာက အဖြတ်ခံထိဦးမယ်။

ကိုယ့်အလုပ်အဆင်မပြေတာကို စဉ်းစားရင်း စိတ်တွေက သူငယ်ချင်းအောင်နိုင်သူဆီ ရောက်သွားတယ်။ အမှန်တော့ အောင်နိုင်သူနဲ့ သူရိန်တို့က ငယ်သူငယ်ချင်းတွေ၊ အလုပ်ဝင်တော့လည်း ရုံးတစ်ရုံးထဲ အတူတူ။ လွန်ခဲ့တဲ့နှစ်နှစ်လောက်က အောင်နိုင်သူ အလုပ်ထွက်သွားတယ်။

အလုပ်မအားတာနဲ့ သိပ်မတွေ့ဖြစ်ပေမယ့် အောင်နိုင်သူတစ်ယောက် Forex Trading လုပ်ပြီး အဆင်ပြေနေတယ်လို့ ကြားတယ်။ ဒီထက်ပိုစိတ်ဝင်စားမိတာက သူတို့လိုမျိုး နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်ဖို့ မလိုပဲ လက်ပ်တော့တစ်လုံးနဲ့ ငွေရှာလို့ရတယ်ဆိုတော့ Forex Trading ကို သူရိန်တစ်ယောက် ပိုသိချင်လာတယ်။

ညနေရုံးဆင်းတော့ သူရိန်တစ်ယောက် အောင်နိုင်သူအိမ်ဆီ သွားလည်ဖြစ်တယ်။ ကံကောင်းချင်တော့ အောင်နိုင်သူနဲ့ တန်းတွေ့တယ်။

“ပာ…ဘယ်သူများလဲလို့။ သူရိန်ကိုး၊ လာကွာ။ မတွေ့ရတာ ကြာပြီ။ ဘာတွေလုပ်နေလဲ။ အဆင်ပြေလား”
“အေးကွာ၊ အလုပ်ကတော့ အရင်ရုံးမှာပဲ။ အဆင်ပြေတာ၊ မပြေတာကတော့ ဒီလိုပဲ လုံးလည်ချာလည်လိုက်နေတာ။ထားပါတော့။ ငါအခုလာတာ မင်းလုပ်နေတဲ့ Forex Trading အကြောင်း အဓိက မေးချင်လို့ကွာ။ မင်း အဲ့ဒါနဲ့ အတော်လေးအလုပ်ဖြစ်နေတယ်လို့လည်း ငါကြားတယ်”

“သြော်….မင်းက Forex Trading ကို စိတ်ဝင်စားလို့လား၊ ဒါနဲ့ မေးပါရစေဦး။ ဒီအကြောင်း မင်းဘာတွေ သိလဲ”

“ငါ သိရသလောက်ကတော့ Forex Trading ဆိုတာ ဒေါ်လာ၊ ရွှေ၊ ရေနံ…ဒါတွေကို အွန်လိုင်းကနေ အရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းလို့တော့ သိတယ်။ နောက်ပြီး ဖုန်းတစ်လုံး၊ လက်ပ်တော့တစ်လုံးရှိရုံနဲ့လည်း လုပ်လို့ရတယ်လို့ ကြားဖူးတယ်”

“မင်းပြောတာ မှန်တယ်ကွာ။ မဆိုးဘူး။ မင်း လေ့လာထားတာပဲ။ Forex Trading နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်..ဒီလိုကွာ…………………………..”

အစကတော့ ခဏလောက်ပဲ စကားပြောပြီး ပြန်မလို့ စဉ်းစားထားတာ။ ပြောရင်းဆိုရင်းနဲ့ သုံးနာရီတောင်ကျော်သွားတယ်။

အိမ်အပြန် ခရီးမှာ ကိုသူရိန်တစ်ယောက် ခြေလှမ်းတွေ တက်ကြွနေတယ်။ အောင်နိုင်သူ ပြောခဲ့တဲ့ စကားတွေကို ပြန်လည် ကြားယောင်နေမိတယ်။

“Forex Trading ဆိုတာ ကိုယ်ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် အမြတ်ငွေရှာလို့ရတဲ့ လုပ်ငန်းကွ”

“ဈေးအကျမှာရော၊ အတက်မှာရော အမြတ်ရှာလို့ရတယ်”

“မင်းအနေနဲ့ ပုံမှန်လစာဝင်ငွေကို မထိခိုက်ချင်လို့ လက်ရှိအလုပ်ကို ဆက်လုပ်နေလို့ရပါတယ်။ Forex Trading ကိုလည်း Second Business အနေနဲ့ လုပ်လို့ရတယ်။ ဒါက Forex Trading ရဲ့ အားသာချက်တစ်ခုပဲ”

ကိုသူရိန်အဖို့တော့ အလင်းရောင်ကို မြင်နေရပြီ။
ဆက်လက်လျှောက်လှမ်းဖို့သာ ကျန်ပါတော့တယ်

Leave a Comment

Your email address will not be published. Required fields are marked *