Sonic Generation

ဘရာဇီး ဂန္တဝင်ဘောလုံးသမားကြီး ပီလီ

စစ်မှန်တဲ့ အောင်မြင်မှုပာာ ခင်ဗျားနာမည်ကို မိတ်ဆက်နေဖို့ မလိုပဲ လူတွေက ခင်ဗျားကို သိနေတာပါ။ ဒီစကားပာာ “ပီလီ” လို့ အများသိကြတဲ့ ဘရာဇီး ဂန္တဝင်ဘောလုံးသမားကြီးအတွက် သိပ်မှန်တဲ့ စကားပါ။

သူ့ရဲ့ နာမည် အရင်းပာာ “Edson Arantes do Nascimento” ဖြစ်ပါတယ်။ သူ့ကို ၁၉၄၀ ခုနှစ်က ဘရာဇီးမှာ မွေးဖွားခဲ့တာပါ။ သူပာာ ဆင်းရဲသားကောင်လေးတစ်ယောက်အဖြစ် မွေးဖွားခဲ့ပေမယ့်လည်း ငယ်ရွယ်စဉ်ကပင် ဘောလုံးကစားခြင်းကို ခုံမင်ခဲ့ပြီး စွမ်းရည်ပြသနိုင်ခဲ့ပါတယ်။

သူ့စွမ်းရည်ကို အများက အသိအမှတ်ပြု မခံရသေးတဲ့အတွက် သူ့အသက် ၁၅နှစ်အရွယ်မှာ ဘောလုံးကလပ်တစ်ခုမှာ ကစားဖို့ စတင်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူ့ရဲ့ထူးချွန်မှုကြောင့် ဘရာဇီးနိုင်ငံကိုယ်စားပြု အသင်းမှာ ကစားခွင့်ရရှိခဲ့ပြီး ၁၉၅၈ ခုနှစ် ကမာ ္ဘ့ဖလားဘောလုံးပြိုင်ပွဲမှာ နိုင်ငံ့အသင်းအတွက် အမှတ်များစွာ ရယူပေးနိုင်ခဲ့ပါတယ်။

ကစားတဲ့ သက်တမ်းတစ်လျှောက်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့အတွက် ကမာ ္ဘ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ရာစုနှစ်ရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် ဂုဏ်ပြုခဲ့ပါတယ်။ ကစားပွဲပေါင်း (၁၃၆၃) ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း (၁၂၈၁) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီလိုအောင်မြင်မှုတွေနဲ့ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက် ဘရာဇီးနိုင်ငံရဲ့ အမျိုးသားရတနာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ပီလီပာာ သူနှစ်သက်ရာ ဘောလုံးအားကစားကို တစိုက်မတ်မတ် လုပ်ခြင်းဖြင့် ဆင်းရဲသားဘဝမှ ကမာ ္ဘကျော်တဲ့အထိ အောင်မြင်မှုကြီးကြီးကျယ်ကျယ်ရရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း (၁၀၀) ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ပင် ဖြစ်လာခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *