Sonic Generation

ဝါသနာနှင့် အလုပ် ရွေးချယ်ခြင်း

ယနေ့ခေတ်လူငယ်တွေ အဓိကကြုံတွေ့နေရတဲ့အရာတစ်ခုပာာ ဝါသနာ နောက်လိုက်ရမလား။ ငွေနောက်လိုက်ရမလား ဆိုတဲ့ မေးခွန်းတွေပါပဲ။

သင်လည်း ဒီလိုမေးခွန်းတွေ မေးနေမိပြီဆိုရင် အောက်က အကြံပြုချက်ကို ဆက်ဖတ်သင့်ပါတယ်။

ကိုယ်ဝါသနာ ပါတဲ့ အလုပ်ရှိလား ဝေဖန်ဆန်းစစ်ပါ။

ဖြစ်တတ်တဲ့ သဘောက သူများလုပ်လို့ လိုက်လုပ်ကြတာများတယ်။ သူများသီချင်းတွေဆိုလို့ ကိုယ်လည်း အဆိုတော် ဖြစ်ချင်တယ်။ သူများ DJ ဖြစ်လို့ ကိုယ်လည်း ဖြစ်ချင်တယ်။ ဒီလိုဆိုရင်တော့ ကိုယ့်ဝါသနာအစစ်လို့ ပြောဖို့ ခက်ပါတယ်။ ဝါသနာ အစစ်ကို ရှာဖွေပါ။

ကိုယ့်အခြေအနေ ကိုယ်သိပါ။

ကိုယ့်ရဲ့ ဝါသနာပါတဲ့အလုပ်ကို တွေ့ပြီ။ ဒါပေမယ့် အောင်မြင်ဖို့ မလွယ်ဘူး။ အချိန်တွေ စောင့်ရဦးမယ်။ ဒီလိုဆို ကိုယ့်အခြေအနေကို ပြန်ကြည့်ပါ။ ဆိုလိုတာက ဝင်ငွေမရှိပဲ ကိုယ့်အိမ်က ကိုယ့်ကို ထောက်ပံ့နိုင်မလား။ ဥပမာပြောရရင် အောင်မြင်တဲ့ စာရေးဆရာဖြစ်ဖို့ မလွယ်ပါဘူး။ အချိန်တွေ ရင်းရမယ်။ ကိုယ့်အိမ်က ကိုယ့်အပေါ်မှီခိုနေတာဆိုရင် ကိုယ်ဝါသနာ ပါပေမယ့် ဝင်ငွေမရနိုင်တဲ့ အလုပ်မျိုး လုပ်ဖို့ မလွယ်ပါဘူး။ ပထမဦးစားပေးအနေနဲ့ ဝင်ငွေရတဲ့ အလုပ်ကိုပဲ လုပ်သင့်ပါတယ်။

3️⃣ ဝါသနာပါတဲ့ အလုပ်ကို အချိန်ပိုင်းလုပ်ပါ။

မိသားစုကို ထောက်ပံ့ဖို့ အချိန်ပြည့် အလုပ်တစ်ခုလုပ်ပြီး ငွေရှာနေရတယ်။ ဒီလိုဆိုတာနဲ့ သင်ဝါသနာပါတဲ့ အလုပ်ကို ပစ်ထားဖို့ မလိုပါဘူး။ ဘယ်အလုပ်မှ ၂၄ နာရီ လုပ်ရတာ မပာုတ်လို့ အားတဲ့အချိန် ရှိဦးမှာပါ။ ဒီအချိန်တွေမှာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နိုင်ပါတယ်။ ချက်ချင်းအောင်မြင်ဖို့ ခဲယဉ်းပြီး အချိန်တွေ စောင့်ရတဲ့ စာရေးဆရာ၊ ပန်းချီဆရာလို အလုပ်မျိုးတွေမှာ ကမ္ဘာကျော်တဲ့အထိ အောင်မြင်မှုရခဲ့သူတွေ အများကြီးပါ။ သူတို့တွေပာာ ငွေအတွက် အချိန်ပြည့်အလုပ်တစ်ခုလုပ်ပြီး အားလပ်တဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ ဝါသနာပါတဲ့ အလုပ်တွေ လုပ်ပါတယ်။ သူတို့ ဝါသနာနဲ့ ကိုက်ညီတဲ့ အလုပ်တွေ အောင်မြင်မှု ရလာမှသာ အချိန်ပြည့်အလုပ်ကို စွန့်လွှတ်ပြီး ဝါသနာပါရာ နယ်ပယ်ထဲ ခြေစုံပစ်ဝင်ကြသူတွေ ဖြစ်ကြပါတယ်။

ဘဝပာာ တကယ်တော့ ခဏလေးပါ

ဒီတိုတောင်းလှတဲ့ အချိန်လေးမှာ ကိုယ်ဝါသနာပါတာ မလုပ်ရပဲ အချိန်တွေ ကုန်သွားရင် နှမြောစရာကောင်းပါတယ်။

လူငယ်တွေအားလုံး မိမိဖြစ်ချင်တဲ့ ဘဝကို မိမိကိုယ်တိုင် ထူထောင်နိုင်ကြပါစေ။

Leave a Comment

Your email address will not be published. Required fields are marked *