Sonic Generation

အမေရိကန်ပြည်သူတွေ အချစ်ဆုံး သမ္မတ တစ်ဦးအကြောင်း

အမေရိကန်နိုင်ငံမှာ သမ္မတပေါင်းများစွာ ရှိပါတယ်။ အဲ့ဒီအထဲကမှ အမေရိကန်ပြည်သူတွေ အချစ်ဆုံး၊ အလေးစားဆုံး သမ္မတတစ်ဦးကို ပြပါဆိုရင် သမ္မတ အေဘရာပာမ်လင်ကွန်းကို ပြရမှာပါ။

အေဘရာပာမ်လင်ကွန်းပာာလည်း ကြမ်းတမ်းတဲ့ ဘဝကို ဖြတ်ကျော်ခဲ့ရပါတယ်။ သူ့အသက် (၉)နှစ်မှာ သူ့အမေ ကွယ်လွန်ခဲ့တယ်။ သူ့ အသက် (၂၆) နှစ်မှာ အင်မတန် ချစ်တဲ့ သူ့ညီမ ကွယ်လွန်ခဲ့ပါတယ်။ ဒါ့အပြင် သူအင်မတန် ချစ်မြတ်နိုးတဲ့ သူ့ရည်းစားပာာလည်း သူနဲ့ လက်ထပ်ခါနီးမှာ ကွယ်လွန်ခဲ့ပြန်ပါတယ်။ ဒီအတွက်ကြောင့် လင်ကွန်းပာာ အချိန်အတန်ကြာ ရူးကြောင်ကြောင် ဖြစ်ခဲ့ရပါသေးတယ်။ ဒီလို သူအင်မတန် ချစ်မြတ်နိုးရတဲ့ သူတွေနဲ့ ခွဲခွာခဲ့ရတဲ့အပြင် ငှက်ဖျားရောဂါနှင် ခေါင်းကို မြင်း ကန်ခံရသည့်အတွက် သေမလို ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာ သက်ဆိုးရှည်ခဲ့ရပါတယ်။

သူ့အသက် (၂၁) နှစ်တုန်းက လုပ်ခဲ့တဲ့ စီးပွားရေးပာာလည်း မအောင်မြင်ခဲ့ပါဘူး။ နှစ်နှစ်ကြာပြီးနောက် ပြည်နယ်ဥပဒေပြုလွှတ်တော်မှာ ဝင်ရောက်အရွေးခံခဲ့သော်လည်း အရွေးမခံခဲ့ရပါဘူး။ ဒါ့အပြင် အလုပ်ပြုတ်တဲ့အပြင် ဥပဒေကျောင်းတက်ဖို့ လျှောက်တာလည်း ပယ်ချခံရပါတယ်။ ငွေချေးတဲ့ လုပ်ငန်းတစ်ခုကို ထပ်မံလုပ်ခဲ့သော်လည်း တစ်နှစ်အတွင်း ဒေဝါလီ ခံခဲ့ရပါတယ်။

အသက် (၂၈) နှစ်မှာ ပြည်နယ် ဥပဒေပြုလွှတ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဝင်ရောက်အရွေးခံခဲ့သော်လည်း အရွေးမခံခဲ့ရပါ။အသက် (၃၃) နှစ်မှာ အောက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ပါ။ အသက် (၃၉) နှစ်မှာ နောက်တစ်ကြိမ် ထပ်ပြိုင်သော်လည်း အရွေးမခံခဲ့ရပါ။ အသက် (၄၅) နှစ်မှာ အမေရိကန် အထက်လွှတ်တော်မှာ ဝင်ရောက်အရွေးခံသော်လည်း အောင်မြင်မှုမရခဲ့ပါဘူး။ သူ့ပါတီရဲ့ ဒုတိယဥက္ကဌအဖြစ် အသက် (၄၇) နှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ထုံးစံအတိုင်း အရွေးမခံခဲ့ရပါ။ စိတ်ဓာတ်မကျပဲ အသက် (၄၉) နှစ်မှာ အထက်လွှတ်တော်အမတ်အဖြစ် နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ဒီတစ်ကြိမ်မှာလည်း အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်လည်း လက်မြှောက်အရှုံးမပေးပဲ ဆက်လက်ကြိုးစားခဲ့တဲ့အတွက် သူ့အသက် (၅၁) နှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။

သူ့လက်ထက်မှာ အင်မတန်ဆိုးရွားလှတဲ့ လူမည်းကျွန်ပြုမှုစနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပြီး ဒီအတွက် ဖြစ်လာတဲ့ အမေရိကန်ပြည်တွင်းစစ်ကိုပါ အနိုင်တိုက်နိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် အမေရိကန်ပြည်ထောင်စုပာာ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာကို တန်ဖိုးအထားဆုံးနိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဝံံ့ဝံ့ကြွားကြွား ရပ်တည်နိုင်ခဲ့ပြီး အမေရိကန် သမ္မတပေါင်းများစွာထဲမှာ အေဘရာပာမ်လင်ကွန်းပာာ အမေရိကန်ပြည်သူတွေရဲ့ အချစ်ဆုံး၊ အလေးစားဆုံး သမ္မတ ဖြစ်လာခဲ့ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *