Sonic Generation

အောင်မြင်ချင်ရင် ဆင်ခြေမပေးနဲ့

ကမ္ဘာပေါ်မှာ မအောင်မြင်ချင်တဲ့သူ၊ မချမ်းသာချင်တဲ့သူကို
ပြပါဆိုရင် တစ်ယောက်မှကို ပြလို့ ရမှာ မဟုတ်ပါဘူး။

လူတိုင်းက အောင်မြင်မှု ပန်းတိုင်ကို ရောက်ချင်ကြတယ်။
ဒါပေမယ့် လူတိုင်းလည်း မရောက်ကြပါဘူး။

အကြောင်းပြချက်တွေ ပေးနေတာကြောင့်ရယ်၊ လမ်းမှန်ကို
မရွေးနိုင်တာကြောင့်ရယ် ဖြစ်ပါတယ်။

ငါ့မှာ နောက်ခံမရှိလု့ိ၊ ငါ့မှာ ဘွဲ့တွေ မရှိလို့…..ဒီလိုမျို း ဆင်ခြေတွေ ပေးနေကြတယ်။

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆိုရင် ဘာဘွဲ့၊ ဘာဒီဂရီမှမရှိဘဲနဲ့ ကွမ်းယာဆိုင်ဘဝကနေ ရွှေဆိုင်ပိုင်ရှင်ကြီး
ဖြစ်လာတာကို သတိပြု ပါ။ သူလည်း ဘဝကို သုညကနေ
စခဲ့ရသူပါ။ ဒီလိုလူကို ကြည့်ပြီး ကျွန်တော်တို့ အားမကျသင့်ဘူးလား၊ အတုမယူသင့်ဘူးလား၊ ဒါကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပါ။

အချို့ကလည်း အသက်ကြီးလို့ဆိုပြီး ဆင်ခြေပေးပြန်တယ်။
ယနေ့ကမ္ဘာပေါ်မှာ နာမည်ကြီး ကြက်ကြော်ဆိုင်ဖြစ်တဲ့ KFC ကို အသက်ခြောက်ဆယ်ကျော် အဖိုးကြီးကစတင်တည် ထောင်ခဲ့တာကို မိတ်ဆွေ ကြားဖူးပါသလား။ အသက်ကြီးတာ၊ ငယ်တာ အဓိက မကျပါဘူး။လုပ်ချင်စိတ်ရှိဖို့နဲ့ ကြို းစားဖို့ပဲ လိုအပ်ပါတယ်။

ကျ ရှုံးမှုအနည်းငယ် ကြုံ တွေ့ရရုံနဲ့လည်း လက်မလျော့သင့်ပါ။ နာမည်ကြီး ဟယ်ရီပေါ်တာ ဝတ္တု ရေးသားသူ စာရေးဆရာမဂျေကေရိုးလင်း ဆိုရင် သူ့ရဲ့ ဟယ်ရီပေါ်တာ ဝတ္တု ကိုစာအုပ်တိုက်များစွာက ပယ်ချခြင်းခံခဲ့ရပါတယ်။
သူသာ အစောကြီးကတည်းက လက်လျော့ခဲ့ရင် ကျွန်တော်တို့တွေ ဂန္တဝင် ဟယ်ရီပေါ်တာ ဝတ္တု နဲ့ ရုပ်ရှင်ကားတွေ ကြည့်ရှုခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဒီလိုဇွဲမလျော့ခဲ့လို့လည်း ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံးစာရေးဆရာမ၊ သန်းကြွယ်သူဌေး ဖြစ်နေရခြင်းပါ။

ဒီကနေ့နာမည်ကျော် အလီဘာဘာကုမ္ပဏီပိုင်ရှင် ဂျက်မား
ကိုကြည့်ရင်လည်း သူ့ဘဝမှာ ရှုံးနိမ့်မှုများစွာ ကြုံ တွေ့ခဲ့ရတယ်။ စကော်လားလျှောက်တော့လည်း အငြင်းခံရ၊ ရဲသားအဖြစ် လျှောက်တော့လည်း ပယ်ချခံရ၊ မက်ဒေါ်နယ်မှာ လျှောက်ပြန်တော့လည်း သူတစ်ယောက်တည်း အပယ်ခံရပြီး ကျန်တဲ့သူတွေ အားလုံး အလုပ်ရတယ်။ ဒီလောက်ထိ ရှုံးနိမ့်မှု၊ ငြင်းပယ်မှုတွေကြုံ တွေ့ခံခဲ့ရတာတောင် လုံးဝ လုံးဝ ဇွဲမလျော့၊ အရှုံးမပေးခဲ့တဲ့အတွက် အခုလိုမျို းဘီလျံနာ ဖြစ်နေရခြင်းပါ။

ဒါကြောင့်မို့လို့ မိတ်ဆွေရဲ့ ဘဝမှာ ဘယ်လို ရှုံးနိမ့်မှုမျို းကို
ကြုံ တွေ့နေရပါစေ လုံးဝ အရှုံးမပေးပါနဲ့။ ငါ့မှာတော့ ဘာတွေမရှိဘူး၊ သူ့မှာတော့ ဒါတွေ ရှိတယ်…..ဒီလို သူများတွေနဲ့
အမြဲတမ်းနှိုင်းယှဉ်မနေပဲ ကိုယ့်အားသာချက်ကိုရှာ၊
ကိုယ်ဝါသနာပါရာကို အစွမ်းကုန်လုပ်ရင် တစ်နေ့နေ့
တစ်ချိန်ချိန်မှာတော့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိရမှာ
မလွဲမသွေ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *