Sonic Generation

ရှုံးနိမ့်မှုပေါင်းများစွာ ကျော်ဖြတ်ခဲ့သူ တရုတ်သူဌေးကြီး ဂျက်မ အကြောင်း

ဂျက်မ ဆိုတာ ဘယ်သူလဲ????
သူပာာ နာမည်ကျော် အလီဘာဘာကုမ္ပဏီကို တည်ထောင်သူဖြစ်တယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး သူဌေးတွေထဲက တစ်ယောက်ဖြစ်ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၃၉ ဘီလျံကျော် ချမ်းသာပါတယ်။

အစောပိုင်းဘဝနဲ့ ပညာရေးအကြောင်း???
သူ့ကို ၁၉၆၄ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ သူငယ်ရွယ်စဉ်ကတည်းက အင်္ဂလိပ်စာကို လေ့လာဖို့အတွက် မိုင် ၇၀ ဝေးတဲ့ တိုးရစ်တွေ အလာများတဲ့ နေရာကို စက်ဘီးစီးသွားကာ အဆိုပါ နိုင်ငံခြားသားတွေနဲ့ စကားပြော လေ့ကျင့်ခဲ့တယ်။ နောက်ပိုင်းမှာတော့ သူပာာ ကောလိပ်တက်ဖို့ ကြိုးစားခဲ့ရာ ဝင်ခွင့်စာမေးပွဲကို လေးနှစ်တိတိဖြေဆိုပြီးမှ အောင်မြင်ခဲ့သည်။ သူပာာ ၁၉၈၈ ခုနှစ်မှာ BA (English) ဘွဲ့ကို ရရှိခဲ့ကာ အဆိုပါကောလိပ်တွင် တက ္ကသိုလ်ဆရာအဖြစ် အလုပ်လုပ်ခဲ့သည်။

သူ့ဘဝမှာ ရှုံးနိမ့်မှုတွေ ရှိခဲ့လား???
သူပာာ အလုပ်ပေါင်း ၃၀ ကျော် လျှောက်ခဲ့ပြီး တစ်ခုမှ မရခဲ့ပါဘူး။ ရဲဝန်ထမ်းလုပ်ဖို့ ကြိုးစားခဲ့ရာမှာလည်း မအောင်မြင်ခဲ့ပါဘူး။ သူတို့မြို့မှာ လာဖွင့်တဲ့ KFC မှာ အလုပ်လုပ်ဖို့ လျှောက်ခဲ့ရာ လာရောက်လျှောက်ထားသူ (၂၄) ယောက်ထဲမှ (၂၃) ယောက်အရွေးခံရပြီး သူတစ်ဦးတည်းသာ ပယ်ချခံခဲ့ရသည်။ သူပာာ ပာားဗတ်စီးပွားရေးသင်တန်းကျောင်းကို တက်ခွင့်လျှောက်ခဲ့သော်လည်းပဲ ထုံးစံအတိုင်း အငြင်းခံခဲ့ရပါသည်။

သူဘယ်လို အောင်မြင်မှုများ ရယူနိုင်ခဲ့လဲ???
သူ့အသက် (၃၁)နှစ်၊ ၁၉၉၅ ခုနှစ်မှာ သူ့မိတ်ဆွေတွေနှင့်အတူ အမေရိကန်မှာ အင်တာနက်အကြောင်း စတင်လေ့လာခဲ့တယ်။ အဲ့ဒီနှစ် ဧပြီမှာ သူ့ဇနီးနှင့် မိတ်ဆွေတွေထံမှ အရင်းအနှီး ဒေါ်လာနှစ်သောင်းဖြင့် website တွေ ရေးဆွဲပေးတဲ့ “China Page” အမည်ရှိ ကုမ ္ပဏီကို တည်ထောင်ခဲ့တယ်။ သုံးနှစ်အတွင်း ဒေါ်လာ ၈သိန်း ဝင်ငွေ ရခဲ့တယ်။ ၁၉၉၈ခုနှစ်မှာ တရုတ်ပြည်အစိုးရက ထောက်ပံ့ပေးထားတဲ့ နည်းပညာကုမ ္ပဏီတစ်ခုကို ဦးဆောင်ခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာတော့ အဲ့ဒီ ကုမ ္ပဏီက ထွက်ပြီး တရုတ်အခြေစိုက် စီးပွားရေး လုပ်ငန်းအချင်းချင်း ချိတ်ဆက်ပေးတဲ့ အရောင်းအဝယ် website တစ်ခုကို သူငယ်ချင်းတွေနဲ့အတူ တည်ထောင်ခဲ့တယ်။ ၎င်းကို အလီဘာဘာ လို့ အမည်ပေးခဲ့ပါတယ်။ အလီဘာဘာပာာ ပိုမို ကြီးထွားလာပြီး ရင်းနှီးမြှုပ်နှံငွေ ၂၅ မီလီလျံအထိ ၂၀၀၀ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၃ ခုနှစ်မှ စတင်ကာ Taobao Marketplace, Alipay, Ali Mama, Lynx အစရှိတဲ့ ကုမ ္ပဏီတွေကို ဆက်တိုက်တည်ထောင်ခဲ့ပါတယ်။ Ebay က Taobao ကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့ကာ အဲ့ဒီအစား Yahoo ထံမှ ရင်းနှီးငွေ တစ်ဘီလျံကို လက်ခံခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ လုပ်ငန်းလည်ပတ်ငွေ ဒေါ်လာ ၂၅ ဘီလျံရှိသည့် ကုမ ္ပဏီအဖြစ် နယူးယောက်ခ် စတော့အိတ်ချိန်းမှာ စာရင်းဝင်ခဲ့ကာ ရှယ်ယာများ ရောင်းချခဲ့ပါတယ်။

သူ့အကြောင်း မိတ်ဆွေသိရတော့ ဘာတွေ သဘောပေါက်လာပါသလဲ???

မိတ်ဆွေရော သူ့လောက် ရှုံးနိမ့်မှုတွေ ကြုံတွေ့နေရပြီလား???
သူတောင်မှ ဒီအခြေအနေတွေကို ကျော်လွှွှားပြီး အောင်မြင်အောင် လုပ်နိုင်သေးရင် မိတ်ဆွေ အနေနဲ့ရော ဘီလျံနာမပာုတ်ရင်တောင် ဘဝမှာ အောင်မြင်တဲ့သူ၊ ချမ်းသာကြွယ်ဝသူ ဖြစ်အောင် မကြိုးစားနိုင်ဘူးလား???

ဒါကတော့ မိတ်ဆွေ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ ။

Leave a Comment

Your email address will not be published. Required fields are marked *