Forex Trading ကို စတင်ပြုလုပ်ချင်တယ်။ ဘယ်ကနေ စ ရမလဲ။ ဘာတွေ လိုအပ်သလဲ လို့ တော်တော် များများ မေးကြပါတယ်။
Forex Market ထဲကို စတင်ဝင်ရောက်ပြီး အရောင်းအဝယ်လုပ်ချင်သူတွေအတွက်
(၁) Laptop or Desktop Computer တစ်လုံး ရှိရပါမယ်။ Mobile Phone တစ်လုံး ရှိရပါမယ်။
(၂) Computer ကို အခြေခံ အသုံးပြုတတ်ရပါမယ်။
(၃) မိမိရဲ့ ကွန်ပျူတာဟာ အင်တာနက် Connection ရှိနေဖို့ လိုအပ်ပါမယ်။
(၄) ကွန်ပျူတာနဲ့ အင်တာနက် Browser များ အသုံးပြုတတ်ဖို့ လိုအပ်ပါမယ်။
(၅) လေ့လာသင်ယူလိုစိတ် ရှိဖို့ လိုအပ်ပါတယ်။ စာများများ ဖတ်ဖို့လိုအပ်ပါမယ်။
(၆) စည်းကမ်းရှိဖို့ လိုအပ်ပါမယ်။
နံပါတ် (၁) ကနေ (၃) အထိအောင်က Physical Devices တွေနဲ့ သက်ဆိုင်တာမို့ သိပ်ပြီး ရှင်းပြစရာ မလိုအပ်လောက်ပါဘူး။ နံပါတ် (၄)အချက်ကတော့ ကွန်ပျူတာ အခြေခံတတ်ပြီးသားဆိုရင် သင်ယူ တတ်မြောက်ဖို့ မိနစ်ပိုင်းလောက် အချိန်ပေးရုံနဲ့ ရပါတယ်။ နံပါတ် (၅) အချက်မှာတော့ လေ့လာသင်ယူ လိုစိတ်ရှိဖို့ လိုအပ်တယ် ဆိုတဲ့ နေရာမှာ နဲနဲလေး အကျယ်ချဲ့ပြီး ပြောပြချင်ပါတယ်။
လေ့လာသင်ယူတဲ့နေရာမှာ ပုံစံအမျိုးမျိုးနဲ့ လေ့လာသင်ယူလို့ ရပါတယ်။ မိမိရဲ့ ပညာရေးအခြေအနေ၊ အင်တာနက် အသုံးပြုတတ်မှုတွေပေါ်မှာ မူတည်ပါတယ်။ ပညာရေးအခြေအနေဆိုတဲ့နေရာမှာလဲ ဘွဲ့ရမှ ဒီပညာကိုလေ့လာလို့ ရတာမဟုတ်ပါဘူး။ ဘွဲ့ရ မဟုတ်ပေမယ့်လဲ ဒီပညာရပ်ကို လေ့လာလို့ ရပါတယ်။ Online မှာ Forex Market နဲ့ ပတ်သက်ပြီး မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရှင်းပြထားတာတွေကို ရှာဖွေ ဖတ်မှတ်ပြီး လေ့လာလို့ ရပါတယ်။ Video File တွေလဲ ရှိပါတယ်။ အင်္ဂလိပ်စာအားကောင်းတဲ့သူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး လေ့လာစရာ နေရာတွေ ပိုများတာကိုတွေ့ရမှာပါ။ အခမဲ့ လေ့လာလို့ ရတဲ့နေရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအပြင် ယခုဆိုရင် Forex Market နဲ့ ပတ်သက်တဲ့ မြန်မာစာအုပ်တွေလဲ ရှိနေပြီမို့ စာအုပ်အရောင်းဆိုင်တွေမှာ ဝယ်ယူဖတ်ရှု့လို့ ရပါတယ်။
အကယ်၍ မိမိဟာ Online မှာ Self Study လုပ်ဖို့ အခြေအနေမပေးတာ၊ Self Study လုပ်သော်လည်း ခရီးမရောက် နားမလည် ဖြစ်နေတာ၊ မြန်မာလို ရေးထားတဲ့ စာအုပ်တွေကို ဖတ်သော်လည်း သေသေချာချာ နားမလည်တာမျိုးတွေ ရှိခဲ့တယ် ဆိုရင်လဲ Forex Trading ကို ဝန်ဆောင်မှုပေးနေတဲ့ Broker Company တွေကနေ အခမဲ့ သင်တန်းပေးနေတာတွေ ရှိကြပါတယ်။ အဲ့လို သင်တန်းမျိုးမှာ သွားရောက် သင်ယူ လေ့လာလို့ ရပါတယ်။ ဒီ့အပြင် သင်တန်းကြေးယူတဲ့ သင်တန်းတွေလဲ ရှိပါသေးတယ်။ Online မှာသင်တဲ့ သင်တန်း၊ အပြင်မှာ သင်တဲ့ သင်တန်း စသဖြင့် သင်တန်းတွေ အများကြီး ရှိနေပြီ ဖြစ်ပါတယ်။
အဲ့လို သင်တန်းတွေ တက်ပြီး လေ့လာလို့ရပါတယ်။ သင်တန်းတစ်ခုရဲ့ ကြာချိန်ဟာ ၂ ရက်ကနေ တစ်ပတ်ထိ ကြာတတ်ကြပါတယ်။
အဲ့ဒီနေရာမှာ အရေးကြီးဆုံး တစ်ချက်အနေနဲ့ ပြောချင်တာလေး တစ်ခုရှိပါတယ်။ သင်တန်းတက်ပြီးပြီ ဆိုတဲ့ အချိန်မှာ ဖြစ်သွားတတ်တဲ့ စိတ်အခြေအနေလေးပါ။ သင်တန်းမှာ သင်လိုက်တာတွေကို လက်တွေ့စမ်းသပ်ချင်တဲ့စိတ်၊ အောင်မြင်သူတစ်ယောက်ဖြစ်တော့မယ် ဆိုတဲ့ အိပ်မက်လေးတွေ ကိုယ်စီ မက်တတ်ကြပါတယ်။ သင်တန်းပြီးတာနဲ့ Real Trading Account တွေဖွင့်ပြီး စတင်ပြီး Trade ကြပါ တော့တယ်။ လုံးဝမလုပ်ပါနဲ့။ ထပ်ပြောပါရစေ။ Real Account နဲ့ လုံး၀ မ Trade ပါနဲ့ဦး။
သင်တို့ တက်လိုက်တဲ့ သင်တန်းရဲ့ ကြာချိန်ဟာ အနည်းဆုံး ၂ ရက်ကနေ ၇ ရက်ဘဲ ကြာပါလိမ့်မယ်။ ဒီလောက် အချိန်တိုလေးအတွင်းမှာ ငွေရှာဖို့ လုံလောက်တဲ့ ပညာအရည်အချင်း သင်တို့မှာ ရှိသွားပြီးလား ဆိုတာ စဉ်းစားကြစေချင်ပါတယ်။ လူအများစုဟာ အချိန်တစ်ပတ်လောက် သင်တန်းတက်ပြီး မိမိပိုင်ဆိုင်တဲ့ ငွေကြေးများစွာကို ရင်းနှီးမြှုပ်နှံဖို့ စိတ်လောနေကြတာကို တွေ့ရတတ်ပါတယ်။
Forex Trading ဆိုတာ Online ကနေ ရွှေနဲ့ ငွေကြေးတွေကို အရောင်းအဝယ်လုပ်ပြီး ငွေရှာတဲ့ စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဥပမာ- ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ စသဖြင့်ပေါ့။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အချိန် ဘယ်လောက်ပေးပြီး ပညာသင်ယူကြရပါသလဲ။ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ အချိန်ဘယ်လုပ်ပေးပြီး ပညာသင်ယူကြရပါသလဲ။ ရှေ့နေဆိုလဲ ထု့ိအတူပါဘဲ။ သက်ဆိုင်ရာ တက္ကသိုလ်တွေကနေ သက်ဆိုင်ရာပညာရပ်တွေကို အမှန်တကယ်တတ်မြောက်ပြီလို့ ယူဆပြီး ဘွဲ့လက်မှတ်တွေ ပေးလိုက်ပြီးပေမယ့်လဲ တကယ့် လုပ်ငန်းခွင်ထဲမှာ အလုပ်တန်းလုပ်လို့ မရသေးပါဘူး။ မိမိထက် အတွေ့အကြုံရင့်ကျက်ပြီး ပညာတတ်တဲ့သူတွေဆီမှာ သတ်မှတ်ထားတဲ့ အချိန်ကာလ တစ်ခု ကြာအောင် အလုပ်သင်ဆရာဝန် ပြန်လုပ်ရပါသေးတယ်။ ရှေ့နေတွေ ၊ အင်ဂျင်နီယာတွေလဲ ဒီလိုပါဘဲ။ ဒီတော့ ဆရာဝန်တစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက် ဖြစ်ဖို့ ကျောင်းစတက်တဲ့အချိန်ကနေ အလုပ်သင် လုပ်ပြီးတဲ့ အချိန်ထိ အလုပ်လုပ်ခွင် လိုင်စင်ရတဲ့အထိ အနည်းဆုံး (၄)နှစ် (၅)နှစ် မက ကြာအောင် ပညာသင်ယူ အချိန်ပေးရပါတယ်။ ပညာသင်စရိတ်တွေ အကုန်ကျ ခံရပါတယ်။
Financial Education ဖြစ်တဲ့ Forex Trading ဟာလဲ အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင် Financial Market အကြောင်းကို တက္ကလိုလ်အဆင့် ကျောင်းတွေမှာ Minor Subject အနေနဲ့ သင်ယူရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာသာ ၎င်းဘာသာရပ်ဟာ ဖွံ့ဖြိုးမှု မရှိသေးတာပါ။
သို့သော်လည်း ဒီပညာရပ်ကို မြန်မာနိုင်ငံမှာ လေ့လာခွင့်ရနေပြီ ဖြစ်ပါတယ်။ ပိုပြီးကောင်းတာတစ်ခုက ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီပညာရပ်ကို သင်ယူဖို့အတွက် စနစ်တကျ သင်ယူမယ်ဆိုရင် ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေလို အချိန် (၄/၅) နှစ် ပေးပြီး လေ့လာစရာမလိုပါဘူး။ ဘွဲ့ရမှ၊ ဆယ်တန်းအောင်မှ ဆိုတဲ့ ပညာအရည်အချင်း ကန့်သတ်ချက်တွေမလိုပါဘူး။ ထိုက်သင့်တဲ့ အချိန် တစ်ခု၊ ထိုက်သင့်တဲ့ ပညာသင်စရိတ် နဲ့ အမှန်တကယ် တတ်မြောက်ပြီး လက်တွေ့အသုံးချလိုတဲ့ စိတ် ရှိဖို့ဘဲ လိုအပ်တာပါ။
မိတ်ကပ် အလှပြင်သင်တန်းတွေ၊ Fashion Designer သင်တန်းတွေတောင် သင်တန်းကြေး သိန်း (၂၀) (၃၀) ထိရှိတာကို တွေ့ဘူး ကြားဘူးပါတယ်။ ဒီသင်တန်းတွေဟာလဲ အသက်မွေးဝမ်းကြောင်း သင်တန်းတွေပါဘဲ။ Forex Trading သင်တန်းတွေဟာလဲ ထို့တူပါဘဲ။ အခမဲ့သင်တန်းတွေ ရှိတယ် ဆိုပေမယ့် တကယ်တန်ဘိုးရှိတဲ့ ပညာရပ်တွေအတွက် ထိုက်သင့်တဲ့ အချိန်နဲ့၊ ထိုက်သင့်တဲ့ သင်တန်းကြေးတွေကတော့ အသုံးပြုဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ သင်ဟာ အင်္ဂလိပ်စာကောင်းပြီး အင်တာနက်မှာ ကောင်းကောင်းရှာဖွေတတ်သူ တစ်ယောက် ဖြစ်တယ်ဆိုရင်တော့ သင့်အတွက် ဒီပညာကို သင်ယူဖို့ အလွန်အဆင်ပြေပြီး သင်တန်းစရိတ် သက်သာနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျနော် အကြံပေးချင်တာကတော့ အခမဲ့ သင်တန်းတွေမှာ သင်ယူလေ့လာပါ။ အဲ့ဒီမှာ အခြေခံ အကြောင်းအရာလေးတွေကို သိလာပါလိမ့်မယ်။ အဲ့ဒီနောက်မှာ Online မှာ ရှာဖွေ ဖတ်မှတ် လေ့လာသင်ယူပါ။ သို့မဟုတ်ပါက Paid သင်တန်းတွေကို တက်ပါ။ Market ရဲ့ သဘော သဘာဝကို သေချာနားလည်အောင် လုပ်ပါ။ ငွေကြေးတတ်နိုင်ပြီး အချိန် အနည်းငယ်အတွင်း တတ်မြောက်ချင်သူတွေ ကတော့ Paid သင်တန်းတွေ တက်သင့်ပါတယ်။ တစ်ဘက်က ပြန်စဉ်းစားကြည့်ရင် သင်တန်းတက်တာဟာ မိမိရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ငွေကြေးနဲ့ လဲလှယ်ခြင်းလို့ မြင်ပါတယ်။
ကျန်းမာ ချမ်းသာကြပါစေ။