Sonic Generation

Passive Income အကြောင်း

Passive Income အကြောင်း
မိတ်ဆွေ အခု အလုပ်လုပ်ပြီး ငွေရှာတယ်။
ဒီငွေနဲ့ မိတ်ဆွေ စားသောက်တယ်။ လိုချင်တာတွေ ဝယ်တယ်။ မိသားစုကို ထောက်ပံ့တယ်။
ဒါပေမယ့် မိတ်ဆွေ အလုပ်မလုပ်နိုင်တဲ့ အချိန်ကို မိတ်ဆွေ စဉ်းစားကြည့်ပါ။
အလုပ်မလုပ်တော့ ငွေမရှိ။ ငွေမရှိရင် ဘာနဲ့ စားသောက်မလဲ။
အသက်ကြီးလို့ ဖြစ်စေ၊ ကျန်းမာရေးကြောင့် ဖြစ်စေ၊ အလုပ်မလုပ်နိုင်တဲ့ အချိန်ဟာ ရောက်လာမှာပါ။
ဒီအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
ဒီနေရာမှာ Passive Income ဆိုတဲ့ စကားလုံးက သိပ်အရေးကြီးလာပါတယ်။
Active Income ဆိုတာ မိတ်ဆွေကိုယ်တိုင် အလုပ်လုပ်မှ ရတဲ့ ငွေကို ဆိုလိုတာ ဖြစ်ပြီး
Passive Income ဆိုတာ ငွေကို ငွေနဲ့ ရှာလို့ ရတဲ့ ငွေကို ပြောတာပါ။ တစ်နည်းပြောရရင် မိတ်ဆွေ အလုပ်လုပ်ဖို့ မလိုပဲ ငွေတွေ သူ့အလိုလို ဝင်နေအောင် လုပ်နေတဲ့ နည်းလမ်းကို ပြောတာပါ။
အလွယ်ကူဆုံး မြင်အောင် ပြောရရင် ဘဏ်မှာ ငွေထည့်ထားပြီး ဘဏ်တိုးနဲ့ စားတယ်ဆိုတာ Passive Income တစ်မျိုးပါပဲ။
နောက် အိမ်၊ တိုက်ခန်းတွေ ဝယ်ထားပြီး ငှားခတွေ ရနေတာကလည်း Passive Income ပါပဲ။
ဘဝနောင်ရေးအတွက် စိတ်အေးချင်ရင် Passive Income လမ်းကြောင်းတွေ များများ တည်ဆောက်ထားဖို့ လိုပါတယ်။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

Passive Income အေၾကာင္း
မိတ္ေဆြ အခု အလုပ္လုပ္ၿပီး ေငြရွာတယ္။
ဒီေငြနဲ႔ မိတ္ေဆြ စားေသာက္တယ္။ လိုခ်င္တာေတြ ဝယ္တယ္။ မိသားစုကို ေထာက္ပံ့တယ္။
ဒါေပမယ့္ မိတ္ေဆြ အလုပ္မလုပ္ႏိုင္တဲ့ အခ်ိန္ကို မိတ္ေဆြ စဥ္းစားၾကည့္ပါ။
အလုပ္မလုပ္ေတာ့ ေငြမရွိ။ ေငြမရွိရင္ ဘာနဲ႔ စားေသာက္မလဲ။
အသက္ႀကီးလို႔ ျဖစ္ေစ၊ က်န္းမာေရးေၾကာင့္ ျဖစ္ေစ၊ အလုပ္မလုပ္ႏိုင္တဲ့ အခ်ိန္ဟာ ေရာက္လာမွာပါ။
ဒီအတြက္ ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုပါတယ္။
ဒီေနရာမွာ Passive Income ဆိုတဲ့ စကားလုံးက သိပ္အေရးႀကီးလာပါတယ္။
Active Income ဆိုတာ မိတ္ေဆြကိုယ္တိုင္ အလုပ္လုပ္မွ ရတဲ့ ေငြကို ဆိုလိုတာ ျဖစ္ၿပီး
Passive Income ဆိုတာ ေငြကို ေငြနဲ႔ ရွာလို႔ ရတဲ့ ေငြကို ေျပာတာပါ။ တစ္နည္းေျပာရရင္ မိတ္ေဆြ အလုပ္လုပ္ဖို႔ မလိုပဲ ေငြေတြ သူ႔အလိုလို ဝင္ေနေအာင္ လုပ္ေနတဲ့ နည္းလမ္းကို ေျပာတာပါ။
အလြယ္ကူဆုံး ျမင္ေအာင္ ေျပာရရင္ ဘဏ္မွာ ေငြထည့္ထားၿပီး ဘဏ္တိုးနဲ႔ စားတယ္ဆိုတာ Passive Income တစ္မ်ိဳးပါပဲ။
ေနာက္ အိမ္၊ တိုက္ခန္းေတြ ဝယ္ထားၿပီး ငွားခေတြ ရေနတာကလည္း Passive Income ပါပဲ။
ဘဝေနာင္ေရးအတြက္ စိတ္ေအးခ်င္ရင္ Passive Income လမ္းေၾကာင္းေတြ မ်ားမ်ား တည္ေဆာက္ထားဖို႔ လိုပါတယ္။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *