Sonic Generation

စံနမူပြ ဖြစ်အောင်လုပ်

စံနမူပြ ဖြစ်အောင်လုပ်
တစ်ခါက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးလည်းဖြစ်၊ သူတော်စင်ကြီးလို့လည်း တင်စားခြင်းခံရသူလည်း ဖြစ်တဲ့ ဂန္ဒီ ဆီကို ကလေးအမေတစ်ယောက်က သူ့ကလေးကို ခေါ်ပြီး လာတွေ့ပါတယ်။
အကြောင်းက သူ့ကလေး အချိုတွေ သိပ်စားနေလို့ လျှော့စားအောင် ဆုံးမပေးဖို့ပါ။
ဂန္ဒီက နောက်တစ်လလောက်ကြာမှ ပြန်လာဖို့ ပြောလိုက်ပါတယ်။
နောက်တစ်လကြာလို့ သားအမိနှစ်ယောက် ပြန်လာတဲ့အခါ ဂန္ဒီက ကလေးကို ကြင်ကြင်နာနာနဲ့ ပွတ်သပ်ပြီး “အချိုတွေ လျှော့စားနော် သားလေး” လို့ တစ်ခွန်းပဲ ပြောလိုက်ပါတယ်။
ဒီတော့ ကလေးအမေက မေးတယ်။
ဒီစကားလေးတစ်ခွန်းကို ပြောဖို့ ဘာဖြစ်လို့ တစ်လတောင် စောင့်ရတာလဲပေါ့။
ဒီတော့ ဂန္ဒီက ရှင်းပြတယ်။
လွန်ခဲ့တဲ့ တစ်လက သူကိုယ်တိုင် အချိုတွေ အစားများခဲ့တယ်။ တစ်လလုံးလုံး သူကိုယ်တိုင် အချိုတွေ လျှော့စားပြီးမှ ကလေးကို အချိုတွေ လျှော့စားဖို့ ဆုံးမနိုင်တဲ့ အကြောင်းပြောပါတယ်။ ကိုယ်တိုင် လိုက်နာမကျင့်သုံးနိုင်ပဲနဲ့ အခြားသူကို လိုက်နာကျင့်သုံးဖို့ ဘယ်လိုလို့ ပြောဆိုဆုံးမဖို့ ဖြစ်နိုင်မှာလဲ။
အခြားသူတွေကို ကိုယ့်စကားအောင်တဲ့သူက သူကိုယ်တိုင် သူပြောတဲ့အတိုင်း လုပ်ပါတယ်။
ကိုယ်ပြောတဲ့အတိုင်း ကိုယ်တောင် မလုပ်နိုင်ရင် ဘယ်သူကရော လုပ်မှာလဲ။
စဉ်းစားဖို့ပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

စံနမူျပ ျဖစ္ေအာင္လုပ္
တစ္ခါက အိႏၵိယႏိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္ႀကီးလည္းျဖစ္၊ သူေတာ္စင္ႀကီးလို႔လည္း တင္စားျခင္းခံရသူလည္း ျဖစ္တဲ့ ဂႏၵီ ဆီကို ကေလးအေမတစ္ေယာက္က သူ႔ကေလးကို ေခၚၿပီး လာေတြ႕ပါတယ္။
အေၾကာင္းက သူ႔ကေလး အခ်ိဳေတြ သိပ္စားေနလို႔ ေလွ်ာ့စားေအာင္ ဆုံးမေပးဖို႔ပါ။
ဂႏၵီက ေနာက္တစ္လေလာက္ၾကာမွ ျပန္လာဖို႔ ေျပာလိုက္ပါတယ္။
ေနာက္တစ္လၾကာလို႔ သားအမိႏွစ္ေယာက္ ျပန္လာတဲ့အခါ ဂႏၵီက ကေလးကို ၾကင္ၾကင္နာနာနဲ႔ ပြတ္သပ္ၿပီး “အခ်ိဳေတြ ေလွ်ာ့စားေနာ္ သားေလး” လို႔ တစ္ခြန္းပဲ ေျပာလိုက္ပါတယ္။
ဒီေတာ့ ကေလးအေမက ေမးတယ္။
ဒီစကားေလးတစ္ခြန္းကို ေျပာဖို႔ ဘာျဖစ္လို႔ တစ္လေတာင္ ေစာင့္ရတာလဲေပါ့။
ဒီေတာ့ ဂႏၵီက ရွင္းျပတယ္။
လြန္ခဲ့တဲ့ တစ္လက သူကိုယ္တိုင္ အခ်ိဳေတြ အစားမ်ားခဲ့တယ္။ တစ္လလုံးလုံး သူကိုယ္တိုင္ အခ်ိဳေတြ ေလွ်ာ့စားၿပီးမွ ကေလးကို အခ်ိဳေတြ ေလွ်ာ့စားဖို႔ ဆုံးမႏိုင္တဲ့ အေၾကာင္းေျပာပါတယ္။ ကိုယ္တိုင္ လိုက္နာမက်င့္သုံးႏိုင္ပဲနဲ႔ အျခားသူကို လိုက္နာက်င့္သုံးဖို႔ ဘယ္လိုလို႔ ေျပာဆိုဆုံးမဖို႔ ျဖစ္ႏိုင္မွာလဲ။
အျခားသူေတြကို ကိုယ့္စကားေအာင္တဲ့သူက သူကိုယ္တိုင္ သူေျပာတဲ့အတိုင္း လုပ္ပါတယ္။
ကိုယ္ေျပာတဲ့အတိုင္း ကိုယ္ေတာင္ မလုပ္ႏိုင္ရင္ ဘယ္သူကေရာ လုပ္မွာလဲ။
စဥ္းစားဖို႔ပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *