Sonic Generation
ပညာတတ်သူက ခေါင်းတစ်လုံးသာတယ်
ပညာတတ်သူက ခေါင်းတစ်လုံးသာတယ်
ဒီရက်ပိုင်း ကမ္ဘာ့သတင်းတွေမှာ နေရာယူထားတာက တရုတ်ပြည်က ဝူဟန်ဗိုင်းရပ်စ်………..
မြို့ကြီးပေါင်းများစွာကို အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်လိုက်ရတဲ့အထိကို အခြေအနေတွေက ဆိုးရွားနေတယ်။ သတင်းတွေအရတော့ လူပေါင်း သန်း ၅၀၊ ၆၀ လောက်က ဒီလို မြို့ကြီးတွေမှာ နေကြရတာဆိုတော့ မြန်မာပြည်လူဉီးရေနီးပါးလောက် လူတွေ အပြင်လောကနဲ့ အဆက်အသွယ် လုပ်ခွင့် ပိတ်ပင်ခြင်းခံနေရတာ။
ဒီရောဂါကို တိုက်ထုတ်ဖို့အတွက် တရုတ်ကတော့ ဆရာဝန်များစွာ အဲ့ဒီဒေသတွေဆီ စေလွှတ်နေပါတယ်။ ခက်တာက ဆရာဝန်တွေပါ ကူးစက်ကုန်တယ်ဆိုတော့ ဘယ်လို စခန်းသွားကြမလဲ မပြောတတ်။
ဒီအချိန်မှာတော့ အမေရိကန်မှာ တွေ့ရတဲ့ လူနာတွေကို လူဆရာဝန်တွေနဲ့ မကုပဲ စက်ရုပ်ဆရာဝန်တွေနဲ့ ကုနေတယ်တဲ့။
ပညာပိုတတ်တဲ့ အမေရိကန်ကတော့ သူတို့ ဆရာဝန်တွေ ကူးစက်ခံရမှာတွေ ကြောက်နေဖို့ မလိုတော့ပါဘူး။
ပညာရဲ့ တန်ဖိုးဆိုတာ ဒါကို ပြောတာပါ။
အာရပ်တွေ ချမ်းသာတယ်။
“ရွှေနက်” လို့ဆိုတဲ့ ရေနံတွင်းအများကြီး ပိုင်ထားတယ်။
ဒါပေမယ့် အမေရိကန်လောက် ပညာမတတ်တဲ့အတွက် အမေရိကန်နောက်လိုက်ပဲ ဖြစ်နေရတယ်။
တရုတ်လည်း ချမ်းသာတယ်။ အင်အားကြီးတယ် ဆိုပေမယ့် ပညာရပ်ပိုင်းဆိုင်ရာတွေမှာတော့ အမေရိကန်ကို မယှဉ်နိုင်သေးပါဘူး။ အခု ဖြစ်ရပ်မှာလည်း တရုတ်ပြည်သူတွေက အမေရိကန်ရဲ့ အကူအညီတွေကို တောင်းခံနေကြပါပြီ။
ပညာတတ်တဲ့သူကပဲ ကမ္ဘာကို အုပ်စိုးနိုင်မှာပါ
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
အာရပ်တွေ ချမ်းသာတယ်။
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Leave a Comment
Your email address will not be published. Required fields are marked *