Sonic Generation
နေ့ရက်တိုင်းမှာ Positive Waysတွေနဲ့ ဖြတ်သန်းနိုင်ဖို့
နေ့ရက်တိုင်းမှာ Positive Waysတွေနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် လုပ်ပါဆောင်ရွက်သင့်တဲ့ Positive Tasksများ
-တနလာၤနေ့
(ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့အချိန်သီးသန့်ပေးပါ။)
ရေချိုးပါ။ (နေ့တိုင်းရေချိုးတယ်ဆိုပေမယ့် ဒီနေ့မှတော့ စိတ်ကြည်လင်လန်းဆန်းသွားအောင်အထိ အချိန်ပေးပြီး ရေချိုးလိုက်ပါ)။ ဂျီးချွတ်ပါ။ (ဒါကို မိန်းကလေးတွေပဲ လုပ်ဖို့လိုအပ်တယ်လို့ ထင်ကြပေမယ့် ယောကျာ်းလေးရော မိန်းကလေးပါ လုပ်ဆောင်သင့်ပါတယ်။) မျက်နှာအတွက် နှစ်သက်ရာ Maskတစ်ခုခု ကပ်ပါ။ ( နေရောင်ဒဏ်ကို ယောကျာ်းလေးတွေက ပိုထိတွေ့တတ်ကြမို့ ယောကျာ်းလေးတွေပါ လိုက်ပါဆောင်ရွက်သင့်ပါတယ်။) အဓိက အချက်နဲ့ နောက်ဆုံးအချက်ကတော့ သင့်ကိုယ်သင် စိတ်ကျေနပ်ပျော်ရွှင်စေမယ်ထင်တဲ့ သင်အနှစ်သက်ဆုံးသော ကိစ္စတစ်ခုခုကိုဆောင်ရွက်ပါ။ (ဒါဟာ ရုပ်ရှင်ကြည့်တာ၊ အိပ်တာ၊ ပုံဆွဲတာ စသည်ဖြင့် နှစ်သက်ရာတစ်ခုခုဖြစ်နိုင်ပါတယ်။)
  • အင်္ဂါနေ့
    (Digital ပစ္စည်းတွေရဲ့ အဆိပ်တွေကို လျှော့ချပါ။)
    နည်းနည်းတော့ နားရှုပ်သွားနိုင်ပေမယ့် ညဘက်တစ်ချိန်လုံး ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ TVတွေနဲ့ ဝေးရာကို ဒီတစ်ရက်တော့ ထွက်သွားပေးပါ။ (ဝေးဝေးထားပေးပါ။)
  • ဗုဒ္ဓဟူးနေ့
    (သန့်ရှင်းရေးလုပ်ပါ။)
    သင့်ရဲ့ အိမ်၊ သင့်နေရာ၊ သင့်ပတ်ဝန်းကျင်တွေ အားလုံးမှာ ရှိသမျှ ဖုန်တွေ အားလုံးကုန်စင်သွားအောင် နှံ့နှံ့စပ်စပ်လှဲကျင်းရှင်းလင်းပါ။
  • ကြာသပတေးနေ့
    (ရှင်းလင်းရေးလုပ်ပါ။)
    ဒီနေ့မှာ လုပ်ရမယ့် ရှင်းလင်းရေကတော့ အမှိုက်တွေ ဖုန်တွေ မဟုတ်ဘဲနဲ့ သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ Mailတွေ စာတွေကို ရှင်းထုတ်ရမှာပါ။
  • သောကြာနေ့
    (လှူဒါန်းပါ)
    သင့်မလိုအပ်တဲ့ တစ်ခုခုကို လှူဒါန်းပါ။ အဝတ်အစား၊ ဖိနပ်၊ အစားအသောက်၊ စာအုပ် ဘောပင် စတာတွေအထိ လှူဒါန်းလို့ရပါတယ်။
  • စနေနေ့
    (ကျန်းမာရေးအတွက် အချိန်ပေးပါ။)
    ဒီနေ့အတွက်တော့ ကျန်းမာရေးတဲ့ ညီညွတ်တဲ့ အစားအသောက်တွေပါဝင်နေတဲ့ ညစာစားပွဲလေးကို ဖန်တီးလိုက်ပါ။
  • တနင်္ဂနွေနေ့
    (အားအင်ဖြည့်ပါ။)
    မိနစ်20လောက် လမ်းလျှောက်ပါ။ လေကောင်းလေသန့်တွေကို ရှူရှိုက်ပါ။ တစ်ပတ်လုံးမှာ လုပ်ခဲ့တဲ့ သင့်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ပြန်တွေးပြီး သင့်အနေနဲ့ ပျော်ရွှင်နေတဲ့ စိတ်ကလေးကို မွေးမြူလိုက်ပါ။
    နေ့တိုင်း မပျက်မကွက် ဒါလေးတွေကို လုပ်ပေးခြင်းဖြင့် အကောင်းမြင်ဝါဒတွေနဲ့ ပြည့်နှက်နေပြီး ကြည်လင်နေတဲ့ သင့်စိတ်ကိုသင် ရရှိနိုင်မှာ ဖြစ်ပါတယ်။
    စာကြွင်း ။ ။ နေ့ရက်များအား သင် အဆင်ပြေသလို ရွှေ့ဟြေင်းစီမံလို့ ရပါသည်။
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
-တနလာင်္နေ့
  • အင်္ဂါနေ့
  • ဗုဒ္ဓဟူးနေ့
    (သန့်ရှင်းရေးလုပ်ပါ။)
  • ကြာသပတေးနေ့
    (ရှင်းလင်းရေးလုပ်ပါ။)
  • သောကြာနေ့
    (လှူဒါန်းပါ)
  • စနေနေ့
  • တနင်္ဂနွေနေ့
    (အားအင်ဖြည့်ပါ။)
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Leave a Comment
Your email address will not be published. Required fields are marked *