Sonic Generation

နေပျော်တဲ့ ဘဝကြီးကို ပိုင်ဆိုင်နိုင်ဖို့

နေပျော်တဲ့ ဘဝကြီးကို ပိုင်ဆိုင်နိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူများသာ ဖတ်ရန်။
သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းချင်စိတ်ရှိနေတယ်ဆိုရင်တော့ ဖြတ်သန်းရမယ့် နည်းလမ်းလေးတွေကို လမ်းညွှန်ပေးပါ့မယ်။

  1. သင့်ကိုယ်သင် မေးခွန်းတစ်ချို့ကို မေးလိုက်ပါဦး။
  • သင့်ဘဝအတွက် အကြီးမားဆုံးသော အကျိုးသက်ရောက်မှုကို ရဖို့ဆိုရင် ဘယ်အရာဟာ ရပ်တန့်လိုက်သင့်ပြီး။ ဘယ်အရာကို စတင်သင့်လဲမေးပါ။
    အဖြေဖြေတဲ့ အချိန်မှာတော့ ရိုးသားမှုရှိပါစေ။
  1. သင်ဖြစ်ချင်တဲ့ အရာကို ကွဲကွဲဟြးဟြးသိမြင်နေပါစေ။
    သင်ဟာ သင်ဖြစ်ချင်တဲ့အရာကို ကွဲကွဲဟြးဟြး တိတိကျကျသိမှသာ သင့်အနေနဲ့ ဘယ်လိုစီမံရမယ်ဆိုတာကို သိရှိမှာပါ။
  2. သင့်အတွက် အချိန်တွေကို ဖန်တီးလိုက်ပါဦး။
    အချိန်တွေ ဖန်တီးတယ်လို့ ဆိုလိုက်တဲ့ အချိန်တိုင်းမှာ မိန်းကလေးတွေအတွက်တော့ အခက်အခဲဆုံးအချက်လို့ဆိုလို့ရလောက်အောင် မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့ထက် တစ်ခြားသူတွေကို ဂရုစိုက်နေရခြင်းတွေနဲ့ ကုန်ဆုံးနေပါတယ်။ ဒါပေမယ့် မဖြစ်မနေ အချိန်တွေကို ဖန်တီးပါ့မယ်လို့ ကတိပေးပေးပါ။
  3. အနားယူတဲ့အချိန်တွေလည်း ပြည့်ဝအောင် ဖန်တီးလိုက်ပါဦး။
    သင့်အနေနဲ့ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ။ အနားယူမှုကင်းမဲ့ဇုန်ထဲကိုတော့ ခြေစုံပစ်ဝင်မသွားလိုက်ပါနဲ့ဦး။
  4. အတင်းအဖျင်းတွေနဲ့ ဝေးဝေးမှာနေပါ။
    သင်ဟာ ဖန်ဆင်းရှင်လဲမဟုတ်သလို တန်ခိုးရှင်၊ စွမ်းအားရှင်လဲ မဟုတ်ပါဘူး။ သင့်အနေနဲ့ ဘယ်လိုအတင်းအဖျင်းမျိုး၊ သတင်းမျိုးကိုမှ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ လွယ်ကူမနေလို့ ထိပ်တိုက်မတွေ့လိုက်ပါနဲ့။
  5. နေရာအသစ်တွေကို ရှာဖွေပါ၊
    တစ်နေရာတည်း တစ်သမတ်တည်း ထိုင်နေခြင်းထက် ပတ်ဝန်းကျင် အဟြေင်းအလဲပြုလုပ်ခြင်းဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းကို မြင့်စေတာမို့ နေရာအသစ်တွေကိုလဲ ရှာဖွေလိုက်ပါ။
  6. သင့်ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ သင့်အပေါ်မှာ ရှိနေတဲ့ ကျေးဇူးတရားတွေကို လက်ခံလိုက်ပါဦး။
    တစ်စုံတစ်ယောက်က သင့်ကို ကျေးဇူးပြုလာတဲ့ အခါ သင့်ဘက်က ပြန်လည် ကျေးဇူးသိတတ် ကျေးဇူးတင်ခြင်းဟာ စိတ်ချမ်းမြေ့ခြင်းကို ဖြစ်စေတဲ့ အပြင် မင်္ဂလာလည်း မြည်ပါတယ်။
  7. သင့်ရဲ့ အနှစ်ခြိုက်ဆုံး ဝါသနာလေးတွေကို လုပ်ဆောင်ဖို့ စဉ်းစားလိုက်ပါဦး။
    သင့်အနေနဲ့ အလုပ်ချိန်ရဲ့ ပြင်ပ၊ စာသင်ချိန်တွေရဲ့ ပြင်ပမှာ သင့်ကို ပျော်ရွှင်စေမယ့် တစ်ခုခုကို လုပ်ဆောင်ပြီး သင့်ကိုယ်သင် ပျော်အောင်ထားလိုက်ပါဦး။
  8. သင့်ရဲ့ ကိုယ်ပိုင်နေရာကိုလည်း ဂရုစိုက်လိုက်ပါဦး။
    သင်ရဲ့ ကိုယ်ပိုင်နေရာဟာ သင် အနားယူဖို့ အတွက် ဆွဲဆောင်မှုရှိဖို့လိုအပ်သလို အလုပ်လုပ်ဖို့အတွက်လည်း ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အတွေးအခေါ်အကြံဉာဏ်တွေ ကွန့်မြူးဖို့ နေရာကောင်းတစ်ခုလည်း ဖြစ်နေသင့်တာမို့ သင့်စိတ်ကြိုက် အကောင်းဆုံးတွေကို ဖန်တီးလိုက်ပါဦး
  9. ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။
    အနည်းဆုံး တစ်နေ့ကို 15မိနစ်လောက်တော့ ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဖို့ အချိန်ပေးလိုက်ပါ။
  10. စူးစမ်းလေ့လာလိုစိတ် ပြင်းပြနေပါစေ။
    ငယ်စဉ်ကလေးဘဝတုန်းက မိဘတွေကို သိလိုစိတ်နဲ့ မေးခွန်းတွေ တစ်ခုပြီး မေးခဲ့ သလို ကြီးလာတဲ့ အခါမှာလဲ မေးခွန်းတွေ တစ်ခုပြီး တစ်ခုဖော်ထုတ်ပြီး အဖြေကို ဆက်တိုက်ရှာဖွေနေလိုက်ပါ။
  11. တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေကို ရပ်တန်းက ရပ်တန့်လိုက်ပါ။
    သင့်အနေနဲ့ သင့်အတွက် စံပြပုဂ္ဂိုလ်ထားနိုင်ပေမယ့် တစ်ခြားသော သူတွေနဲ့ ယှဉ်နေတာကတော့ လုံးဝကို မလုပ်သင့်တဲ့ အချက်တစ်ခုဆိုရင် မမှားပါဘူး။ သင်နဲ့ သူဟာ လူတစ်ဦးတည်းမဟုတ်တာကြောင့် နှိုင်းယှဉ်လို့မရအောင် ကွဲဟြးတယ်ဆိုတာကို မှတ်ထားစေလိုပါတယ်။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version



Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *