Sonic Generation

လက်ရှိသင်ဟာ အလုပ်အသစ်မှာ စတင်ပြီး အခြေချနေတဲ့ သူလား

လက်ရှိသင်ဟာ အလုပ်အသစ်မှာ စတင်ပြီး အခြေချနေတဲ့ သူလား။
သင်ဟာ အခုမှ အလုပ်စလုပ်မယ့် သူဆိုရင်တော့ ဒါလေးတွေ ရှောင်ဖို့ ဟြေချင်ပါတယ်။ သင့်အနေနဲ့ အလုပ်အသစ်တစ်ခုမှာ မျက်နှာရဖို့ နာမည်ကောင်းရဖို့ သိပ်ကို အရေးကြီးပါတယ်။ သင်ဘာတွေကို ရှောင်ရမှာလဲ။

  • နောက်မကျပါစေနဲ့။
    ဒါဟာ လူတိုင်း လူတိုင်းဟြေနေကြစကားပဲ ဖြစ်ပါလိမ့်မယ်။ အချိန်လေးစားခြင်းဟာ ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုရင် အလုပ်သွားရမယ့်အချိန် နောက်မကျခြင်းကလည်း အလုပ်အပေါ်မှာထားတဲ့ သင့်ရဲ့ အလေးထားမှု တစ်ခုပဲ ဖြစ်ပါတယ်။ သင်ဟာ အလုပ်အသစ်မှာ အလုပ်ကို နောက်ကျမှ ရောက်သွားတယ်ဆိုရင်တော့ ဒါဟာ သင့်ရဲ့ စိတ်ဝင်စားမှု နည်းပါးတယ်လို့ ဟြေလို့ ရသလို သင့်အနေနဲ့ စိတ်ဓာတ်တက်ကြွမှု မရှိဘူးလို့လဲ ဟြေလို့ ရပါတယ်။
  • အကြောင်းမကြား ခွင့်မတိုင်ဘဲ အလုပ်မပျက်ပါနဲ့။
    လူရယ်လို့ ဖြစ်လာရင်တော့ ဖျားနာခြင်းဖြစ်နိုင်တာမို့ သင့်အနေနဲ့ ရုတ်တရက် ဖျားနာသွားခဲ့ရင်တောင် သင့်အထက်လူကြီးကို အကြောင်းကြားဖို့ မမေ့ပါနဲ့။ သင့်ရဲ့ အကြောင်းကြားချိန်ဟာ အလုပ်စတင်ချိန်နဲ့ အနည်းဆုံး 2နာရီလောက်တော့ စောပြီး အကြောင်းကြားသင့်ပါတယ်။
  • ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို ရုံးတွင်းမှာ ဆောင်ရွက်တာမျိုးကို အထူးရှောင်ကြဉ်ပါ။
    သင့်အနေနဲ့ ပထမဆုံး စစ်ဆေးရမှာက သင့်ကို ပေးအပ်ထားတဲ့ အလုပ်တာဝန်တွေ အမှန်တကယ် ပြီးမြောက်ခြင်း ရှိမရှိကိုပါပဲ။ သင့်အနေနဲ့ သင့်အလုပ်တာဝန်တွေကို စောစီးစွာ ပြီးစီးနေခဲ့ရင်တောင် သင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ရှောင်ကြဉ်ပါ။ တစ်ခြား လုပ်ဖော်ကိုင်ဖက်တွေကို ကူညီဖို့ ကြိုးစားပါ။ သင်ယူနိုင်ဖို့ ကြိုးစားပါ။ ဒါဟာ သင့်ရဲ့ တက်ကြွမှုကို ပြသခြင်းတစ်မျိုးဆိုရင်လည်း မမှားပါဘူး။
  • အလုပ်ကနေ ချမှတ်ထားတဲ့ instruction တွေကို မမေ့ပါနဲ့။
    သင့်အနေနဲ့ အလုပ်အရမ်းများနေခဲ့ရင်တောင် instruction တွေကို လုံးဝ လုံးဝမမေ့လိုက်ပါနဲ့
  • ဖိစီးမှု နည်းနိုင်သမျှနည်းပါစေ။
    အလုပ်သစ် ပတ်ဝန်းကျင်သစ်ကို အခြေချရတာ ဖြစ်တဲ့ အတွက်ကြောင့် စိတ်ဖိစီးမှု ရှိနေနိုင်တယ်ဆိုတာတော့ မှန်ပါတယ်။ ဖြစ်နိုင်ပါ့မလား။ အလုပ်လုပ်နိုင်ပါ့မလား။ မှန်ပါ့မလားဆိုတဲ့ Negative Thiniking တွေထက်စာရင် မဖြစ်ဖြစ်အောင် လုပ်မယ်။ ကြိုးစားကြည့်မယ် ဆိုတ့ ဲpositive thinking တွေက သင့်ကို အထောက်အပံ့ပေးမှာပါ။ မလုပ်နိုင်တဲ့ အရာ မဖြစ်နိုင်တဲ့ အရာဆိုတာ မရှိပါဘူး။ ဒါ့အပြင် ပထမဆုံး အလုပ်မှာ အမှားလုပ်မိရင်ဂုဏ်ယူလိုက်ပါ။ ဒါဟာ သင်အလုပ်လုပ်ကြောင်း ပြသနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ အလုပ်မလုပ်တဲ့သူဟာ အမှားမတွေ့နိုင်ပါဘူး။ အမှားမရှိတဲ့ သူဟာလည်း အမှန်ကို မရှာနိုင်ပါဘူး။
    အလုပ်သစ်မှာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်လိုက်ရပါတယ်။
    #Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

လက္ရွိသင္ဟာ အလုပ္အသစ္မွာ စတင္ၿပီး အေျခခ်ေနတဲ့ သူလား။
သင္ဟာ အခုမွ အလုပ္စလုပ္မယ့္ သူဆိုရင္ေတာ့ ဒါေလးေတြ ေရွာင္ဖို႔ ေၾဟခ်င္ပါတယ္။ သင့္အေနနဲ႔ အလုပ္အသစ္တစ္ခုမွာ မ်က္ႏွာရဖို႔ နာမည္ေကာင္းရဖို႔ သိပ္ကို အေရးႀကီးပါတယ္။ သင္ဘာေတြကို ေရွာင္ရမွာလဲ။

  • ေနာက္မက်ပါေစနဲ႔။
    ဒါဟာ လူတိုင္း လူတိုင္းေၾဟေနၾကစကားပဲ ျဖစ္ပါလိမ့္မယ္။ အခ်ိန္ေလးစားျခင္းဟာ ေကာင္းတဲ့ လုပ္ရပ္ျဖစ္တယ္ဆိုရင္ အလုပ္သြားရမယ့္အခ်ိန္ ေနာက္မက်ျခင္းကလည္း အလုပ္အေပၚမွာထားတဲ့ သင့္ရဲ႕ အေလးထားမႈ တစ္ခုပဲ ျဖစ္ပါတယ္။ သင္ဟာ အလုပ္အသစ္မွာ အလုပ္ကို ေနာက္က်မွ ေရာက္သြားတယ္ဆိုရင္ေတာ့ ဒါဟာ သင့္ရဲ႕ စိတ္ဝင္စားမႈ နည္းပါးတယ္လို႔ ေၾဟလို႔ ရသလို သင့္အေနနဲ႔ စိတ္ဓာတ္တက္ႂကြမႈ မရွိဘူးလို႔လဲ ေၾဟလို႔ ရပါတယ္။
  • အေၾကာင္းမၾကား ခြင့္မတိုင္ဘဲ အလုပ္မပ်က္ပါနဲ႔။
    လူရယ္လို႔ ျဖစ္လာရင္ေတာ့ ဖ်ားနာျခင္းျဖစ္ႏိုင္တာမို႔ သင့္အေနနဲ႔ ႐ုတ္တရက္ ဖ်ားနာသြားခဲ့ရင္ေတာင္ သင့္အထက္လူႀကီးကို အေၾကာင္းၾကားဖို႔ မေမ့ပါနဲ႔။ သင့္ရဲ႕ အေၾကာင္းၾကားခ်ိန္ဟာ အလုပ္စတင္ခ်ိန္နဲ႔ အနည္းဆုံး 2နာရီေလာက္ေတာ့ ေစာၿပီး အေၾကာင္းၾကားသင့္ပါတယ္။
  • ကိုယ္ေရးကိုယ္တာ ကိစၥရပ္ေတြကို ႐ုံးတြင္းမွာ ေဆာင္႐ြက္တာမ်ိဳးကို အထူးေရွာင္ၾကဥ္ပါ။
    သင့္အေနနဲ႔ ပထမဆုံး စစ္ေဆးရမွာက သင့္ကို ေပးအပ္ထားတဲ့ အလုပ္တာဝန္ေတြ အမွန္တကယ္ ၿပီးေျမာက္ျခင္း ရွိမရွိကိုပါပဲ။ သင့္အေနနဲ႔ သင့္အလုပ္တာဝန္ေတြကို ေစာစီးစြာ ၿပီးစီးေနခဲ့ရင္ေတာင္ သင့္ရဲ႕ ကိုယ္ေရးကိုယ္တာေတြကို ေရွာင္ၾကဥ္ပါ။ တစ္ျခား လုပ္ေဖာ္ကိုင္ဖက္ေတြကို ကူညီဖို႔ ႀကိဳးစားပါ။ သင္ယူႏိုင္ဖို႔ ႀကိဳးစားပါ။ ဒါဟာ သင့္ရဲ႕ တက္ႂကြမႈကို ျပသျခင္းတစ္မ်ိဳးဆိုရင္လည္း မမွားပါဘူး။
  • အလုပ္ကေန ခ်မွတ္ထားတဲ့ instruction ေတြကို မေမ့ပါနဲ႔။
    သင့္အေနနဲ႔ အလုပ္အရမ္းမ်ားေနခဲ့ရင္ေတာင္ instruction ေတြကို လုံးဝ လုံးဝမေမ့လိုက္ပါနဲ႔
  • ဖိစီးမႈ နည္းႏိုင္သမွ်နည္းပါေစ။
    အလုပ္သစ္ ပတ္ဝန္းက်င္သစ္ကို အေျခခ်ရတာ ျဖစ္တဲ့ အတြက္ေၾကာင့္ စိတ္ဖိစီးမႈ ရွိေနႏိုင္တယ္ဆိုတာေတာ့ မွန္ပါတယ္။ ျဖစ္ႏိုင္ပါ့မလား။ အလုပ္လုပ္ႏိုင္ပါ့မလား။ မွန္ပါ့မလားဆိုတဲ့ Negative Thiniking ေတြထက္စာရင္ မျဖစ္ျဖစ္ေအာင္ လုပ္မယ္။ ႀကိဳးစားၾကည့္မယ္ ဆိုတ့ ဲpositive thinking ေတြက သင့္ကို အေထာက္အပံ့ေပးမွာပါ။ မလုပ္ႏိုင္တဲ့ အရာ မျဖစ္ႏိုင္တဲ့ အရာဆိုတာ မရွိပါဘူး။ ဒါ့အျပင္ ပထမဆုံး အလုပ္မွာ အမွားလုပ္မိရင္ဂုဏ္ယူလိုက္ပါ။ ဒါဟာ သင္အလုပ္လုပ္ေၾကာင္း ျပသနည္းတစ္မ်ိဳးလည္းျဖစ္ပါတယ္။ အလုပ္မလုပ္တဲ့သူဟာ အမွားမေတြ႕ႏိုင္ပါဘူး။ အမွားမရွိတဲ့ သူဟာလည္း အမွန္ကို မရွာႏိုင္ပါဘူး။
    အလုပ္သစ္မွာ ဂုဏ္ယူဝံ့ႂကြားစြာ ရပ္တည္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္းဆက္လိုက္ရပါတယ္။
    #Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *