Sonic Generation
2020ကို ဝင်ငွေတွေ အများကြီး ဖြတ်သန်းနိုင်စေဖို့။
2020ကို ဝင်ငွေတွေ အများကြီး ဖြတ်သန်းနိုင်စေဖို့။
တိုးတက်လာတဲ့ယနေ့ခေတ်ကြီးမှာအလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာတာကိုသင်သတိထားမိပါသလား။ ယခုဆိုရင် Freelance Job, Part-Time Job, Job by Home တွေ များလာတာနဲ့ အမျှ သင့်ရဲ့ ဝင်ငွေတွေ တိုးပွားလာစေဖို့ အခွင့်အရေးကိုပိုပြီး မြှင့်တင်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ အခွင့်အလမ်းတွေကိုလက်မလွတ်ဖို့ အတွက် သင့်ရဲ့ အားလပ်ချိန်လေးတွေကိုဖဲ့ပြီးပေးလိုက်ပါ။ သင်လိုအပ်တဲ့ Skill လေးတွေကိုဟြေပြပေးပါ့မယ်။
၁။ Photoshop နည်းလမ်းတွေကိုသင်ယူပါ။ You Tubeကဖြစ်စေ၊ အပြင်သင်တန်းတွေကနေဖြစ်စေသင့်အနေနဲ့ သင်ယူပါ။ Graphic Design ကဲ့သို့သောသင်တန်းတွေကိုတက်ထားခြင်းကသင့်ကို Freelancer တစ်ဦးဖြစ်စေဖို့ ကူညီမှာပါ။
၂။ Copy Writing, Content Writing နည်းလမ်းတွေ ရှာဖွေလေ့လာပါ။ စာများများဖတ်ပါ။ သတ်ပုံမှန်စေဖို့ လေ့လာမှတ်သားပါ။ ဒါကလည်းသင့်ကိုအလုပ်အကိုင် အခွင့်အလမ်းတွေ ယူလာပေးမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
၃။ သင်ဟာFluencerတစ်ဦးဖြစ်ချင်တယ်ဆိုရင် Flimmaking, editing, စတာတွေကိုလေ့လာပါ။
၄။ သင်ဟာပုံဆွဲဝါသနာပါတဲ့သူတစ်ယောက်ဆိုရင်တော့ Protraitအတန်းတွေကိုရှာဖွေလေ့လာတက်ရောက်ပါ။ သင်ယူလေ့လာပြီးတဲ့အခါ သင့်ရဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေကိုလက်ဆောင်ပေးခြင်းကနေစပြီးသင့်ရဲ့ လက်ရာတွေကိုကြော်ငြာပါ။ ဒါဆိုသင်ဟာ Part time အနေနဲ့ လုပ်ကိုင်လို့ ရပါတယ်။
၅။ သင်ဟာMusicပိုင်းကိုစိတ်ဝင်စားသူဆိုရင်တော့ ဘယ်လိုနည်းတွေနဲ့ လုပ်လို့ရလဲဆိုတာကိုလေ့လာပါ။
၆။ ဓာတ်ပုံရိုက်ကျင့်လိုက်ပါဦး။ သင့်အနေနဲ့ စိတ်ပါဝင်စားလို့ ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်တော့ တခြားဓာတ်ပုံဆရာတွေ ရီုက်ထားတာတွေကိုလေ့လာပါ။ နည်းပညာယူပါ။ Editလုပ်နည်းတွေကိုလေ့လာပါ။ ဒါဟာသင့်ကိုအခွင့်အလမ်းပေးမယ့် နည်းတစ်ရပ်ဆိုလည်းမှန်ပါတယ်။
၇။ စာရင်းပိုင်းဆိုင်ရာတွေကိုလေ့လာပါ။ သင့်အနေနဲ့ သင့်ရဲ့ ငွေကြေးတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုသင်လေ့လာလိုက်ပါဦး။ အခုဆိုရင် အိမ်ကနေအလုပ်လုပ်ပေးလို့ ရတဲ့Accountantတွေကိုခေါ်ယူနေကြပြီပဲ ဖြစ်ပါတယ်။
၈။ ဘာသာစကားအသစ်တွေကိုလေ့လာဖို့ မပျင်းပါနဲ့။ သင့်အနေနဲ့ အချိန်ပေးပြိးသင်တန်းသွားမတတ်နိုင်တဲ့အခါမျိုးမှာသင်ကိုယ်တိုင် You Tube မှာသင့်စိတ်ကြိုက် စာသင်ကြားပုံကိုရှာဖွေလေ့လာလို့ ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာကအသိအမှတ်ပြုထားတဲ့Duolingoကိုအသုံးပြုပြီးဘာသာစကားပေါင်းများစွာကိုသင်ယူနိုင်သေးပါတယ်။ ဒါဟာသင့်အနေနဲ့ Translator ဖြစ်စေ၊ Tour Guide ဖြစ်စေ၊ interpreter ဖြစ်စေလုပ်ကိုင်လို့ ရမယ့်နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒါဟာလဲ Part time လုပ်လို့ ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။
၉။ ကွန်ပျူတာလက်ကွက်လေးတွေလဲကျင့်လိုက်ပါဦး။ ဒါဟာရီစရာကောင်းနေနိင်ပေမယ့် သင့်အနေနဲ့ အိမ်ကနေစာစီစာရိုက်တာပဲ ဖြစ်စေ Data Entry လုပ်ရတာပဲ ဖြစ်စေလုပ်ရတဲ့အခါမျိုးမှာအထောက်အကူ ပြုနိုင်မှာပါ။
၁၀။ သင့်ရဲ့ Excel Skill ကိုလည်း မြှင့်တင်လိုက်ပါဦး။ သင်ဟာ Excel အသုံးပြုပြီးအလုပ်လုပ်နေရတဲ့သူဆိုရင် Fromulaတွေ သိထားခြင်းကသင့်ကိုပိုပြိးလွယ်ကူစေမှာပါ။ (Top 50 formulas in 50 minutes at Microsoft Excel ဆိုပြီးရှာဖွေလေ့လာလို့ ၇ပါတယ်။)
#Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
#Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Leave a Comment
Your email address will not be published. Required fields are marked *