Sonic Generation

ပညာရေးကို အလေးထားပါ

ပညာရေးကို အလေးထားပါ
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုး သန်းနဲ့ ချီ အသတ်ခံခဲ့ကြရတယ်။
ကျန်ရှိနေသေးတဲ့ ဂျူးလူမျိုးတွေကို စုပြီး အရှေ့အလယ်ပိုင်းမှာ အစ္စရေးဆိုတဲ့ နိုင်ငံသေးသေးလေးတစ်ခု တည်ထောင်ခဲ့တယ်။
နိုင်ငံတည်ထောင်ပြီး အေးအေးဆေးဆေး နေရမယ်ကြံနေတုန်း ဘေးနားက အာရပ်မူဆလင်နိုင်ငံတွေက ဝိုင်းတိုက်တယ်။ စစ်သည်ဉီးရေ အဆမတန်ကွာတဲ့ နိုင်ငံကြီးတွေက အခုမှ နိုင်ငံတည်ထောင်ကာစ နိုင်ငံသေးလေးကို ဝိုင်းတိုက်တယ်။
ဒါပေမယ့် နောက်ဆုံး အစ္စရေးတွေပဲ အနိုင်ရသွားတယ်။ ကမ္ဘာမှာတော့ ခြောက်ရက်တာ စစ်ပွဲလို့ နာမည်ကြီးသွားတယ်။ ခြောက်ရက်အတွင်း အင်အားအဆမတန် ကွာတဲ့ နိုင်ငံကြီးတွေကို အနိုင်တိုက်နိုင်ခဲ့ကြလို့ပါ။
ဘာကြောင့်မို့လို့ လူဉီးရေ နည်းပြီး အခုမှ နိုင်ငံတည်ထောင်ကာစ နိုင်ငံငယ်လေးက အင်အားအဆမတန် ကွာခြားတဲ့ နိုင်ငံကြီးတွေကို အနိုင်တိုက် နိုင်ခဲ့တာလဲ။
အဖြေကတော့ ပညာရေးကြောင့်ပါ။
အစ္စရေးနိုင်ငံတည်ထောင်တော့ ကမ္ဘာအရပ်ရပ်က ပျံ့နှံ့နေတဲ့ ဂျူးလူမျိုးတွေ လာစုစည်းကြတယ်။ သူတို့တွေနဲ့ အတူ နည်းပညာတွေ ပါလာတယ်။
နိုင်ငံတည်ထောင်ကာစဆိုပေမယ့် ကလေးတွေရဲ့ ပညာရေးကို အထူးအားပေးတယ်။ ဒီလိုနည်းပညာတွေရဲ့ အကူအညီကြောင့် အောင်ပွဲဆင်နိုင်ခဲ့တာပါ။
အခုဆိုရင် အစ္စရေးတွေရဲ့ နည်းပညာဟာ ဘယ်လောက်ထိ မြင့်လာသလဲဆိုရင် သဲကန္တာရကိုတောင် စိမ်းလန်းစိုပြေတဲ့ စိုက်ခင်းတွေ အဖြစ် ပြောင်းလဲနိုင်ပြီ။
ပညာရေးကောင်းမွန်တဲ့ အတွက် စီးပွားရေးကလည်း ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲ ပါဝင်လာပြီ။
နိုင်ငံတော် ကာကွယ်ရေးအတွက်လည်း နည်းပညာတွေ သုံးနိုင်ပြီ။
ရန်သူတွေရဲ့ အချိန်မရွေးတိုက်ခိုက်မှုခံရနိုင်တဲ့ နယ်စပ်ဒေသတွေမှာ အဝေးတစ်နေရာကနေ အေးအေးဆေးဆေး ထိန်းချုပ်ပစ်ခတ်နိုင်တဲ့ အလိုအလျောက် စက်သေနတ် (Automatic Machine Gun) အများကြီး တပ်ဆင်ထားတယ်။ တစ်ဖက်နိုင်ငံက ပစ်ခတ်လာတဲ့ ဒုံးကျည်တွေကို စက္ကန့်အနည်းငယ်အတွင်း ပစ်ခတ်နိုင်တဲ့ ဒုံးခွင်းဒုံးစနစ်တွေလည်း တစ်နိုင်ငံလုံးမှာ ရှိနေပြီ။
ပြောချင်တာက လူတစ်ယောက်ချင်း တိုးတက်ဖို့ ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ဖြစ်ဖြစ် ပညာရေးက သိပ်အရေးကြီးတယ်။
ပညာရေးကို ဉီးစားမပေးရင်တော့ ဘယ်လောက်ပဲ “သခင်မျိုး” လို့ အော်နေအော်နေ၊ ကူလီဘဝကနေ လွတ်မှာ မဟုတ်ဘူးလို့ ရေးသားလိုက်ရပါတယ် ခင်ဗျာ။
#Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

ပညာေရးကို အေလးထားပါ
ဒုတိယကမာၻစစ္အတြင္း ဂ်ဴးလူမ်ိဳး သန္းနဲ႔ ခ်ီ အသတ္ခံခဲ့ၾကရတယ္။
က်န္ရွိေနေသးတဲ့ ဂ်ဴးလူမ်ိဳးေတြကို စုၿပီး အေရွ႕အလယ္ပိုင္းမွာ အစၥေရးဆိုတဲ့ ႏိုင္ငံေသးေသးေလးတစ္ခု တည္ေထာင္ခဲ့တယ္။
ႏိုင္ငံတည္ေထာင္ၿပီး ေအးေအးေဆးေဆး ေနရမယ္ႀကံေနတုန္း ေဘးနားက အာရပ္မူဆလင္ႏိုင္ငံေတြက ဝိုင္းတိုက္တယ္။ စစ္သည္ဉီးေရ အဆမတန္ကြာတဲ့ ႏိုင္ငံႀကီးေတြက အခုမွ ႏိုင္ငံတည္ေထာင္ကာစ ႏိုင္ငံေသးေလးကို ဝိုင္းတိုက္တယ္။
ဒါေပမယ့္ ေနာက္ဆုံး အစၥေရးေတြပဲ အႏိုင္ရသြားတယ္။ ကမာၻမွာေတာ့ ေျခာက္ရက္တာ စစ္ပြဲလို႔ နာမည္ႀကီးသြားတယ္။ ေျခာက္ရက္အတြင္း အင္အားအဆမတန္ ကြာတဲ့ ႏိုင္ငံႀကီးေတြကို အႏိုင္တိုက္ႏိုင္ခဲ့ၾကလို႔ပါ။
ဘာေၾကာင့္မို႔လို႔ လူဉီးေရ နည္းၿပီး အခုမွ ႏိုင္ငံတည္ေထာင္ကာစ ႏိုင္ငံငယ္ေလးက အင္အားအဆမတန္ ကြာျခားတဲ့ ႏိုင္ငံႀကီးေတြကို အႏိုင္တိုက္ ႏိုင္ခဲ့တာလဲ။
အေျဖကေတာ့ ပညာေရးေၾကာင့္ပါ။
အစၥေရးႏိုင္ငံတည္ေထာင္ေတာ့ ကမာၻအရပ္ရပ္က ပ်ံ႕ႏွံ႔ေနတဲ့ ဂ်ဴးလူမ်ိဳးေတြ လာစုစည္းၾကတယ္။ သူတို႔ေတြနဲ႔ အတူ နည္းပညာေတြ ပါလာတယ္။
ႏိုင္ငံတည္ေထာင္ကာစဆိုေပမယ့္ ကေလးေတြရဲ႕ ပညာေရးကို အထူးအားေပးတယ္။ ဒီလိုနည္းပညာေတြရဲ႕ အကူအညီေၾကာင့္ ေအာင္ပြဲဆင္ႏိုင္ခဲ့တာပါ။
အခုဆိုရင္ အစၥေရးေတြရဲ႕ နည္းပညာဟာ ဘယ္ေလာက္ထိ ျမင့္လာသလဲဆိုရင္ သဲကႏၲာရကိုေတာင္ စိမ္းလန္းစိုေျပတဲ့ စိုက္ခင္းေတြ အျဖစ္ ေျပာင္းလဲႏိုင္ၿပီ။
ပညာေရးေကာင္းမြန္တဲ့ အတြက္ စီးပြားေရးကလည္း ကမာၻ႔ထိပ္တန္းႏိုင္ငံေတြထဲ ပါဝင္လာၿပီ။
ႏိုင္ငံေတာ္ ကာကြယ္ေရးအတြက္လည္း နည္းပညာေတြ သုံးႏိုင္ၿပီ။
ရန္သူေတြရဲ႕ အခ်ိန္မေ႐ြးတိုက္ခိုက္မႈခံရႏိုင္တဲ့ နယ္စပ္ေဒသေတြမွာ အေဝးတစ္ေနရာကေန ေအးေအးေဆးေဆး ထိန္းခ်ဳပ္ပစ္ခတ္ႏိုင္တဲ့ အလိုအေလ်ာက္ စက္ေသနတ္ (Automatic Machine Gun) အမ်ားႀကီး တပ္ဆင္ထားတယ္။ တစ္ဖက္ႏိုင္ငံက ပစ္ခတ္လာတဲ့ ဒုံးက်ည္ေတြကို စကၠန႔္အနည္းငယ္အတြင္း ပစ္ခတ္ႏိုင္တဲ့ ဒုံးခြင္းဒုံးစနစ္ေတြလည္း တစ္ႏိုင္ငံလုံးမွာ ရွိေနၿပီ။
ေျပာခ်င္တာက လူတစ္ေယာက္ခ်င္း တိုးတက္ဖို႔ ျဖစ္ျဖစ္၊ ႏိုင္ငံတစ္ႏိုင္ငံ တိုးတက္ဖို႔ ျဖစ္ျဖစ္ ပညာေရးက သိပ္အေရးႀကီးတယ္။
ပညာေရးကို ဉီးစားမေပးရင္ေတာ့ ဘယ္ေလာက္ပဲ “သခင္မ်ိဳး” လို႔ ေအာ္ေနေအာ္ေန၊ ကူလီဘဝကေန လြတ္မွာ မဟုတ္ဘူးလို႔ ေရးသားလိုက္ရပါတယ္ ခင္ဗ်ာ။
#Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *