Sonic Generation
၂၁ ရာစု မြန်မာလူငယ်တိုင်း လိုအပ်တဲ့ အရည်အချင်း (၃) ခု
၂၁ ရာစု မြန်မာလူငယ်တိုင်း လိုအပ်တဲ့ အရည်အချင်း (၃) ခု
ကိုယ်လိုချင်တဲ့ အလုပ်ရဖို့ဆိုရင် ကိုယ်တိုင်ကလည်း အရည်အသွေးပြည့်မီမှ ဖြစ်မှာပါ။
ကျွန်တော့်အမြင်ကို ပြောရရင် မြန်မာပြည်က လူငယ်တိုင်းဟာ ဒီအရည်အချင်း (၃) ခုကိုတော့ မဖြစ်မနေ ပိုင်ဆိုင်ထားသင့်တယ်လို့ မြင်ပါတယ်။
ဒါမှသာ အခြားသူများနဲ့ ယှဉ်ပြိုင်ရတဲ့အခါ နောက်ကောက်မကျန်ခဲ့မှာပါ။
၁။ ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည်
  • အဂ်လိပ်စာဖြစ်ဖြစ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား ……………..ဒီလို ဘာသာစကားတစ်မျိုးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတာဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် အတော်လေး ကောင်းပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး လစာနဲ့ အခြားအခွင့်အရေးတွေကလည်း များသထက် များလာမှာ အမှန်ပါပဲ။
    ၂။ ကွန်ပျူတာ ကျွမ်းကျင်မှု
  • အနိမ့်ဆုံးအဆင့်အနေဖြင့် Microsoft Office ကို အခြေခံ မဖြစ်မနေ တတ်ကျွမ်းဖို့ လိုပါတယ်။ ဒီလောက်မှ မလုပ်တတ်ရင်တော့ ရွာပြန်ပြီး ကောက်စိုက်ရပါလိမ့်မယ်။ ဒီထက်ပိုတတ်သင့်တာက Excel ပါ။ လုပ်ငန်းတိုင်းဟာ စာရင်းဇယားတွေနဲ့ ကင်းကွာလို့ မရတဲ့အတွက် Excel အသုံးပြုပြီး တွက်တတ်၊ ချက်တတ်တဲ့သူက ပိုသာပါလိမ့်မယ်။ နောက် Email အသုံးပြုတတ်ရပါမယ်။ Google ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့၊ Facebook Page တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်ဖို့ ဒါတွေလည်း လိုပါတယ်။
    ၃။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု
  • အလုပ်လုပ်ရင် သေချာတာ တစ်ခုကတော့ တစ်ယောက်တည်း လုပ်လို့ မရပါဘူး။ လူများစွာနဲ့ ပြောဆိုဆက်ဆံရမှာပါ။ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ လက်အောက်ငယ်သားတွေ၊ ဖောက်သည်တွေ………..ဒီလို လူပေါင်းစုံနဲ့ ဆက်ဆံရတဲ့အခါမှာ ပေါင်းသင်းဆက်ဆံရေး ကောင်း၊ မကောင်းက အများကြီး စကားပြောပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းအောင် ကြိုးစားပါ။
    #Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
    #Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Leave a Comment
Your email address will not be published. Required fields are marked *