Sonic Generation
အမှောင်ကမ္ဘာမှ ကျော်ကြားသူ အဖြစ်သို့
အမှောင်ကမ္ဘာမှ ကျော်ကြားသူ အဖြစ်သို့
စဉ်းစားကြည့်ပါ မိတ်ဆွေ။
ကောင်မလေးတစ်ယောက်……………….
မျက်စိလည်း မမြင်၊ နားလည်း မကြား၊ စကားလည်း မပြောတတ်………………
ဒီလို ကောင်မလေးတစ်ယောက်က ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်ဆိုရင် မိတ်ဆွေ ယုံနိုင်မလား။
တကယ်ရှိခဲ့ပါတယ်။
သူ့နာမည်က ဟယ်လင်ကယ်လား ပါ။ သူက တကယ့်ကို မျက်စိလည်း မမြင်၊ နားလည်း မကြား၊ စကားလည်း မပြောတတ်ပေမယ့် မိဘ၊ ဆရာမရဲ့ အားပေးတိုက်တွန်းမှု၊ သူကိုယ်တိုင် အလွယ်တကူ အရှုံးမပေးတတ်မှု……ဒါတွေကြောင့် အမေရိကန်ရဲ့ အကောင်းဆုံး တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်။
စာအုပ်အများကြီး ရေးခဲ့တယ်။ တကယ်လည်း သူ့စာအုပ်တွေ ပေါက်ခဲ့ပြီး ကမ္ဘာကျော်ခဲ့တယ်။ သူရေးခဲ့တဲ့ စာအုပ်ကို အဲ့ဒီခေတ်က နာမည်အကြီးဆုံး ဟာသ သရုပ်ဆောင် ချာလီချက်ပလင် ကိုယ်တိုင် ရုပ်ရှင်ရိုက်ကူးပြီး သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အောင်မြင်မှုလည်း အကြီးအကျယ် ရခဲ့တယ်။
ဝန်ကြီးချုပ် ဉီးနုခေတ်က မြန်မာပြည်ကိုလည်း လာခဲ့ဖူးပြီး ရွှေတိဂုံဘုရားကို ဖူးမြော်ခဲ့သေးတယ်။ ဆယ်တန်း အဂ်လိပ်စာအုပ်မှာလည်း သူ့အကြောင်းကို သင်ကြားရတယ်။
မိတ်ဆွေဟာ သူ့လောက် ဘဝ မဆိုးသေးပါဘူး။ မျက်စိလည်း မြင်တယ်။ နားလည်း ကြားတယ်။ စကားလည်း ပြောတတ်တယ်။
ဒါကို ဘာအတွက်ကြောင့် စိတ်ဓာတ်တွေ ကျနေမှာလဲ။
ဟယ်လင်ကယ်လား ဆိုတဲ့ ကောင်မလေးတောင် ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်နိုင်သေးရင် မိတ်ဆွေလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ရမှာပါ။
ပြန်ထပါ မိတ်ဆွေ။ ကောင်းမွန်တဲ့ အနာဂတ်ကို သင့်ကို စောင့်မျှော်နေပါတယ်။
#Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
ကောင်မလေးတစ်ယောက်……………….
တကယ်ရှိခဲ့ပါတယ်။
#Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Leave a Comment
Your email address will not be published. Required fields are marked *