Sonic Generation
ည နေ ၅နာရီကျော်လာရင် ဘာလုပ်ကြမလဲ
ည နေ ၅နာရီကျော်လာရင် ဘာလုပ်ကြမလဲ။
လွယ်လွယ်ကူကူပဲ ရုံးဆင်းချိန်ဆိုတော့ ကားစီးမယ် အိမ်ပြန်မယ်လို့ပဲ ဖြေကြပါလိမ့်မယ်။ ရန်ကုန်မြို့မှာ နေထိုင်တဲ့ သူတွေအတွက်တော့ ဒီအချက်တွေက bus ကားစီးရင်း လွယ်လွယ်ကူကူ လုပ်နိုင်ဖို့ အထောက်အကူဖြစ်နိုင်မှာပါ။ ရန်ကုန်မှာ မနေသူတွေအတွက်တော့ အေးအေးဆေးဆေး လိုက်ပါဆောင်ရွက်နိုင်ပါတယ်။
  • ညနေ 5နာရီကျော်သွားတာနဲ့ နောက်တစ်နေ့တာအတွက် Plan ရေးဆွဲပါ။ ဒါဟာ ရုံးသမားတွေအတွက် ကွက်တိဖြစ်စေမယ့် အလုပ်ပဲ ဖြစ်ပါလိမ့်မယ်။ ရုံးသမားတွေ အနေနဲ့ သင် ဘာတွေ လုပ်ဖို့ လိုသေးလဲဆိုတာကို ပြန်တွေးပြီး လုပ်ဆောင်ရမှာတွေကို ချရေးထားသင့်ပါတယ်။ (ကားစီးမယ့်သူတွေအနေနဲ့ ကားပေါ်မှာ တွေးတော သုံးသပ်လို့ ရတဲ့အချက်ကနေ စတာမို့ အချိန်အတွက် ပူစရာမလိုတော့ပါဘူး။
  • သင့်ရဲ့ တစ်နေ့တာတွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ကို ပြန်ဖတ်ပါ။ သင်ရဲ့ နေ့ရက်တိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ အောင်မြင်တွေ မှားယွင်းမှုတွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ (ဒါလဲ ကားစီးရင်း လုပ်လို့ ရပါတယ်။)
  • နောက်တစ်နေ့တာအတွက် ပြင်ဆင်ပါ။ သင့်အနေနဲ့ နောက်တစ်နေ့တာ စစချင်း နိုးထတဲ့ အချိန် အဆင်ပြေနေစေဖို့ ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ သင်ဟာ ထမင်းချိုင့်ထည့်သွားတတ်သူဆိုရင် မနက်ချက်ဖို့ အဆင်သင့် ကြိုပြင်ထားတာမျိုး။ အကျီင်္ကြိုထုတ်ထားတာမျိုးကို လုပ်သင့်ပါတယ်။
  • ရေချိုးပါ။ တစ်နေကုန် ပင်ပန်းနွမ်းနယ်လာသမျှ ပြေလျော့သွားစေဖို့ ရေချိးပါ။ သင့်အနေနဲ့ သင်ကြိုက်တဲ့ သီချင်းနားထောင်ရင်းပဲ ဖြစ်စေ၊သင့် စိတ်ကြိုက်လည်း လုပ်ဆောင်လို့ ရပါသေးတယ်။
  • စာအုပ်ဖတ်ဖို့အတွက်တော့ နာရီဝက် 1နာရီလောက်ပေးထားသင့်ပါတယ်။ ဒါကတော့ သင့်ရဲ့စတင်ချိန်ပေါ်မူတည်ပြီး သင့်အနေနဲ့ လိုသလို ချိန်ညှိလို့ ရပါတယ်။
  • ည10နာရီမှာတော့ သင်ဟာ အိပ်စက်အနားယူဖို့ အိပ်ရာထဲကို ရောက်သင့်နေပါပြီ။
    ဒီလိုနည်းတွေကို အသုံးပြုမယ်ဆိုရင် တစ်လအတွင်းမှာ သေချာပေါက် တိုးတက်လာမယ်လို့ အာမခံပါတယ်။
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Leave a Comment
Your email address will not be published. Required fields are marked *