“ကျွန်တော်ကတော့ ကမ္ဘာကြီးဟာ မိသားစု တစ်ခုတည်းပဲလို့ ယုံကြည်တယ်။
ပြီးတော့ မိသားစုဝင် အချင်းချင်းလည်း ဖေးမကူညီဖို့လည်း လိုအပ်တယ်”
ဒီစကားကို ပြောခဲ့သူက ကမ္ဘာကျော်ဟောင်ကောင်ရုပ်ရှင်မင်းသားတစ်ဉီးဖြစ်တဲ့ ဂျက်လီ ပြောခဲ့တာပါ။
ကမ္ဘာကြီးပေါ်မှာ လူမျိုးအမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုး၊ အသားအရောင်အမျိုးမျိုး၊ ကိုးကွယ်ယုံကြည်ရာ ဘာသာအမျိုးမျိုးနဲ့ မတူကွဲပြားမှုမျိုးစုံ ရှိနေတဲ့ လူသားတွေ နေထိုင်ကြပါတယ်။
ဘယ်လိုပဲ မတူညီဘူးဆိုဆို၊ ကျွန်တော်တို့တတွေဟာ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူထုတ်နေတဲ့ တူညီတဲ့ လူသားတွေပါပဲ။
တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့တတွေဟာ ကမ္ဘာကြီးရဲ့ မိသားစုဝင်တွေပါပဲ။
ဒါကို သဘောပေါက်ရင် မိတ်ဆွေအနေနဲ့ လူမျိုး၊ ဘာသာ ခွဲခြားမှုတွေ ရှိတော့မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အရင်ခေတ်တွေကတော့ ဒီလို သဘောထားကို လက်ခံဖို့ ငြင်းဆိုခဲ့တဲ့ လူသားအချို့ကြောင့် ကမ္ဘာကြီးရဲ့ သမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ ဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့ပါတယ်။
ဂျူးလူမျိုးတွေကို လူမျိုးသုဉ်းသတ်ဖြတ်တဲ့ ကိစ္စတွေလိုမျိုးကနေ လူသန်းပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ကမ္ဘာစစ်ကြီးတွေဖြစ်ပေါ်စေခဲ့တာပါ။
လူကို လူလိုသာ သဘောထားဆက်ဆံပါ။ ဆင်းရဲလို့ နှိမ်တာ၊ ချမ်းသာလို့ ပစားပေးတာမျိုးလည်း အဓိပ္ပာယ် မရှိပါ။ လူသားအားလုံးဟာ အတူတူပါပဲ။
လူသားတွေအပေါ်မှာ တူညီတဲ့ မေတ္တာတရားထားနိုင်တဲ့အခါ မိတ်ဆွေလည်း တူညီတဲ့ မေတ္တာတရားကို ခံစားရမှာပါ။
ကျွန်တော်တို့ တတွေဟာ ကမ္ဘာကြီးရဲ့ မိသားစုဝင်တွေပါ။
လူသားအားလုံးဟာ မောင်နှမတွေ၊ ဆွေမျိုးသားချင်းတွေပါ။
အားလုံးအပေါ် မေတ္တာထားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။