ဘာအတွက် ကြိုးစားနေတာလဲ???
ကျွန်တော်တို့ ကြိုးစားနေကြတယ်။
ကြိုးစားပြီး ပညာသင်တယ်။
ကြိုးစားပြီး အလုပ်လုပ်တယ်။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ဘာလဲ။
ပျော်ရွှင်ဖို့ပဲ မလား။
ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် ပျော်ရွှင်စေချင်တယ်။ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်ချစ်သူ၊ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေကို ပျော်ရွှင်စေချင်ကြတယ်။
ဒါပေမယ့်……………
ပျော်ရွှင်မှုကို ရှာဖွေရင်း ကိုယ်ပျော်ရွှင်စေချင်တဲ့သူတွေကို စိတ်ထိခိုက်အောင် လုပ်မိနေမိတယ်။
ကြိုးစားရုန်းကန်ခြင်းနဲ့ ပျော်ရွှင်ခြင်း အဓိပ္ပာယ်ကို မေ့လျော့သွားကြတယ်။
ပိုက်ဆံများများရှာနိုင်မှ ကိုယ့်သားသမီးကို ပျော်ပျော်ရွှင်ရွှင်ထားနိုင်မယ်လို့ ထင်နေတဲ့ မိဘတွေဟာ ပိုက်ဆံရှာရင်းနဲ့ပဲ အချိန်တွေ ကုန်သွားပြီး သားသမီးအတွက် အချိန်မပေးနိုင်တော့ဘူး။ ဒီလိုနဲ့ သားသမီးနဲ့ မိဘကြား ဝေးကွာမှုတွေ ဖြစ်ပေါ်စေတော့တယ်။
မကြိုးစားနဲ့ လို့ မပြောပါဘူး။
ကြိုးစားရမှာပါ။
ဒါပေမယ့် ကြိုးစားနေရင်းနဲ့ ဘာအတွက် ကြိုးစားနေရသလဲဆိုတဲ့ အဓိပ္ပာယ်တွေ မပျောက်သွားဖို့တော့ လိုပါလိမ့်မယ်။