ကျွန်တော် နှစ်သက်မိတဲ့ စကားတစ်ခွန်းကို ဝေမျှပါရစေ။
“ကိုယ့်ဘဝကို ကိုယ်တိုင် ၁၀၀% တာဝန်ယူပါ။ ဘယ်သူ့အကူအညီကိုမှ မမျှော်ကိုးနေပါနဲ့”
မိတ်ဆွေ အသက် ဘယ်နှစ်နှစ် ရှိပြီလဲ။
မိတ်ဆွေအနေနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ပြီလား။
သူများအပေါ်အခုထိ အားကိုးနေရတုန်းပဲလား။
အချို့သူတွေ အသက် (၃၀) ကျော်အထိ ဘာအလုပ်မှ မလုပ်၊ ဘာဝင်ငွေမှလည်း မရှိ၊ မိဘဆီက လက်ဖြန့်တောင်းလို့ ကောင်းဆဲ၊ ဒီလို လူတွေ အများကြီး။
မိတ်ဆွေရော သူတို့တွေထဲက တစ်ယောက် ဖြစ်နေပြီလား?
အချိန်တိုင် အရွယ်ရောက်တာတောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်ပဲ မိဘ၊ ညီအကို မောင်နှမတွေ အပေါ် မှီခိုနေရတုန်းဆိုရင်တော့ သင်ဟာ လူ့လောကအတွက် သက်သက် ဖြစ်နေပါလိမ့်မယ်။
ဒီလိုအဖြစ်မျိုးကနေ ရုန်းထွက်ပါ။
ကိုယ့်မိဘက ဘယ်လောက်ပဲ ကိုယ့်ကို တစ်သက်လုံးကျွေးနိုင်ပါစေ၊ ကိုယ့်လုပ်အားနဲ့ ရှာလို့ ရတဲ့ ငွေက သင့်ကို ပိုပြီး ချိုမြိန်ပါစေလိမ့်မယ်။ ကိုယ့်အရည်အချင်းနဲ့ ရှာလို့ ရတဲ့ ငွေကို သုံးရတဲ့ အရသာနဲ့ သူများဆီက တောင်းပြီးမှ သုံးလို့ရတဲ့ အရသာ ကွာခြားတာကို သိလာပါလိမ့်မယ်။
နောက်ဆုံးပြောရရင် သင့်မိဘတွေ ချမ်းသာလို့ တစ်သက်လုံး သုံးနိုင်ဖြုန်းနိုင်နေပါစေ၊ သင် အိမ်ထောင်ကျလို့ ဇနီးမယားရတဲ့အခါ သင့်မိန်းမက သင့်ကို အမှန်တကယ် စိတ်ထဲကနေ ကြည်ညိုလေးစားမယ်လို့ သင်ယုံကြည်ရဲပါသလား။
စဉ်းစားပါ မိတ်ဆွေ။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်၊ ကိုယ့်ဘဝကို ကိုယ်တိုင် အလုံးစုံ တာဝန်ယူနိုင်သူကို လူကြီးတွေက လေးစားပြီး လူငယ်တွေက ရိုသေကြပါလိမ့်မယ်။
မိမိဘဝရဲ့ ပဲ့ကိုင်ရှင်က မိမိသာ ဖြစ်အောင် ကြိုးစားနိုင်ပါစေ။