တိုက်တန်းနစ်ရုပ်ရှင်ကားက စလို့ ကမ္ဘာ့ပရိသတ်ရဲ့ နှလုံးသားထဲ အခိုင်အမာနေရာယူထားတဲ့ မင်းသားချော လီယိုနာဒိုဆိုရင် မသိသူ မရှိပါဘူး။ ကမ္ဘာကျော်သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် အောင်မြင်ဖို့ အင်မတန် ခက်ခဲတဲ့အတွက် သူ့မှာ ပြောင်မြောက်တဲ့ အောင်မြင်ရေးနည်းလမ်းတွေ ရှိမယ်ဆိုတာ အသေအချာပါပဲ။ သူပြောခဲ့တဲ့ သူ့ကိုယ်ပိုင် အောင်မြင်ရေးနည်းလမ်းတွေကို ကြည့်ကြရအောင်။
၁။ လူတိုင်းမှာ သူတို့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ တစုံတစ်ခု ရှိကြတယ်။ ဒါကို တွေ့အောင် ရှာနိုင်ဖို့ အရေးကြီးတယ်။
၂။ မင်းရဲ့ ဘဏ်စာအုပ်ထဲမှာ ရှိတဲ့ ဂဏန်းအရေအတွက်ဟာ မင်းဖုန်းနံပါတ်အတိုင်း ဖြစ်လာအောင် ကြိုးစားပါ။
၃။ မင်းအောင်မြင်နေတဲ့ အချိန် လက်ခုပ်မတီးတဲ့သူကို အထူးအာရုံစိုက်ပါ။
၄။ ရှုံးနိမ့်မှုက မင်းကို ထိန်းချုပ်သွားတာမျိုး အဖြစ်မခံပါနဲ့။
၅။ ပျော်ရွှင်ဖို့အတွက် အကောင်းကြိုးစားပါ။
၆။ အောင်မြင်ဖို့အတွက် လုံးဝဆင်ခြင်မပေးပါနဲ့။
၇။ သင့်ကို နှိမ့်ချဆက်ဆံခဲ့သူတွေ၊ အထင်သေးခဲ့သူတွေကို သင့် အောင်မြင်မှုတွေ ပြသလိုက်ပါ။
၈။ မင်းဘဝကို မင်းတစ်ယောက်တည်းသာ ပြောင်းလဲနိုင်တယ်။
၉။ မင်းကိုယ်မင်း မိတ်ဆက်ဖို့ မလိုတော့တဲ့အထိ ကြိုးစားပါ။
၁၀။ ခက်ခဲတဲ့ အချိန်တွေတိုင်းကို ကျေးဇူးတင်ပါ။ သူတို့တွေက မင်းကို အောင်မြင်မှုတွေ ယူဆောင်ပေးလာလိမ့်မယ်။