“လူတွေပာာ ဖြည်းဖြည်းမှန်မှန် ချမ်းသာဖို့ထက် ခုန်ပျံကျော်လွှားချမ်းသာဖို့ကို ပိုလိုလားကြတယ်”
(ဝါရင်းဘတ်ဖတ်)
လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်လောက်က မြန်မြန်ချမ်းသာချင်ကြတယ်။
ဒီကနေ့မွဲနေပေမယ့် မနက်ဖြန် ဘောစိ ဖြစ်ချင်နေကြတယ်။
ဒါပာာ စိတ်ကူးယဉ်နေရုံသက်သက်သာ ဖြစ်မှာပါ။
အချို့ကတော့ မြန်မြန်ချမ်းသာချင်တဲ့ ဇောနဲ့ တရားဥပဒေနဲ့ မကင်းလွတ်တဲ့ လုပ်ငန်းတွေ၊ လောင်းကစားဆန်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြတယ်။
ချမ်းသာကောင်း ချမ်းသာနိုင်ပေမယ့် ရေပွက်ပမာ အချိန်အကြာကြီး မခံပါဘူး။
အချမ်းသာဆုံးလူတွေ ကြည့်လိုက်ရင် နှစ်ရှည်လများ ဇွဲရှိရှိနဲ့ ကြိုးစားလုပ်ကိုင်ခဲ့ကြသူတွေပါ။
သူတို့ရဲ့ လုပ်ငန်းတွေကို ရေရှည်တည်တံ့အောင် ကြိုးစားတယ်။ Brand ကို ကောင်းမွန်အောင် တည်ဆောက်တယ်။ ရေတိုအကျိုးအမြတ်ထက် ရေရှည်အကျိုးအမြတ်ကို ပိုအလေးထားတယ်။
မြန်မာပြည်က နာမည်ကြီးသူဌေးတွေ ဖြစ်တဲ့ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်တို့၊ မက်စ် ဦးဇော်ဇော်တို့ကလည်း နေ့ချင်းညချင်း ချမ်းသာလာတာ မပာုတ်ပါဘူး။ နှစ်ရှည်လများ စိတ်ရှည်ရှည်နဲ့ ကြိုးစားအားထုတ်ခဲ့လို့ပါ။
အလီဘာဘာပိုင်ရှင် ဂျက်မကို ကြည့်မလား။
Microsoft ပိုင်ရှင် ဘီလ်ဂိတ် ကိုကြည့်မလား။
ဖေ့ဘုတ်စ် တီထွင်သူ ဇူကာဘတ် ကိုကြည့်မလား။
ဘယ်လိုအောင်မြင်နေတဲ့ သန်းကြွယ်သူဌေးမဆို နှစ်ရှည်လများ ကြိုးစားခဲ့ကြလို့ပါ။
မိတ်ဆွေလည်း အားမလျှော့ပါနဲ့။ ဒီကနေ့ မအောင်မြင်သေးပေမယ့် တစ်နေ့ အောင်မြင်မှာပါ။
စိတ်ရှည်ပါ။ လိုအပ်တဲ့ ပညာရပ်တွေ ဆည်းပူးပါ။ တစ်နေ့နေ့တော့ အောင်မြင်လာမယ်လို့ ယုံကြည်ပါ။
မိတ်ဆွေရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာမှာပါ။