Sonic Generation

စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာ

မိတ်ဆွေ……………….
သင်ပာာ သင့်လုပ်ငန်း၊ သင့်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ယောက်လား။

ခေါင်းဆောင်ဆိုရင် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေ ပြည့်စုံရပါမယ်။ ဒါမှ စစ်မှန်တဲ့ ခေါင်းဆောာင် ဖြစ်လာမှာပါ။

ခေါင်းဆောင်တစ်ယောက်ပာာ နောက်လိုက်တွေအပေါ်လွှမ်းမိုးနိုင်ရပါမယ်။
အချို့ထင်တာက နောက်လိုက်တွေ အပေါ်လွှမ်းမိုးနိုင်ဖို့ ရာထူး၊နေရာ လိုအပ်တယ်၊ဒါက အရေးကြီးတယ်လို့ မှတ်ယူကြတယ်။

စစ်မှန်တဲ့ ခေါင်းဆောင်မှုပာာ ရာထူး၊နေရာ ကနေ မလာပါဘူး။ တကယ့်အရည်အချင်းကပဲ လာတာပါ။

အချို့လူတွေ ရာထူးကနေ ပြုတ်သွားပြီးနောက် လူတွေ မလေးစားတော့တာ သူတို့ရဲ့ လူအများလေးစားမှုက ရာထူးပေါ်မူတည်ပြီး အရည်အချင်းအပေါ် မူမတည်နေလို့ပါ။

စစ်မှန်တဲ့ ခေါင်းဆောင်တွေရဲ့ အဓိက အရည်အချင်းပာာ နောက်လိုက်တွေကို နားလည်ပေးနိုင်မှုပါပဲ။ ဒီလို နားလည်စာနာပေးနိုင်တဲ့ ခေါင်းဆောင်တွေ၊ ကိုယ်ကျိုးစွန့်အနစ်နာခံနိုင်တဲ့ ခေါင်းဆောင်တွေကိုတော့ ရာထူးရှိရှိ၊ မရှိရှိ နောက်လိုက်တွေက လေးစားမြဲ၊ လေးစားပြီး နာခံလိုက်နာဖို့ အသင့်ဖြစ်နေမှာပါ။

မိတ်ဆွေပာာ လက်ရှိ ခေါင်းဆောင်ဖြစ်နေတယ်ဆိုရင် နောက်လိုက်တွေက မိတ်ဆွေကို အမှန်တကယ် လေးစားပါရဲ့လား။

ရာထူးကြောင့် လေးစားတာလား၊ တကယ့်အရည်အချင်းကြောင့် လေးစားတာလား???

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *