Sonic Generation

အများကြီး သာအောင် လုပ်ပါ

စကားတစ်ခွန်းမှတ်သားဖူးတယ်။

“နွားနို့ကို ရေရောလို့ ရပေမယ့် တဆင့်တိုးတက်လာတဲ့ ထောပတ်ကိုတော့ ရေရောလို့ မရတော့ပါဘူး။
လူတွေပာာ သူတို့ထက် နည်းနည်းပဲ သာရင် မနာလိုတတ်ကြပေမယ့် အများကြီးသာတဲ့ သူကိုတော့ အားကျတတ်ကြတယ်။ ထောပတ်ဖြစ်အောင် လုပ်ပါ။ အများကြီးသာအောင် လုပ်ပါ”

ဒီစကားကို မိတ်ဆွေ ဘယ်လိုမြင်ပါသလဲ။

ကျွန်တော်တော့ သိပ်မှန်တယ်လို့ ထင်တယ်။

လူတွေက ကိုယ်ပတ်ဝန်းကျင်က ကိုယ်နဲ့ သိပ်မကွာတဲ့သူတွေ ကိုယ့်ထက် သာသွားမှာကို သိပ်စိုးရိမ်ကြတယ်။ တကယ် သာသွားရင်လည်း မနာလိုဖြစ်တတ်ကြတယ်။ ဒါက လူတွေရဲ့ သဘောပါ။

ဒီထက်ပိုဆိုးလာရင်တော့ သူတို့ရဲ့ မနာလိုစိတ်ကြောင့် ပျက်စီးရာ ပျက်စီးကြောင်းတွေ ကြံလာနိုင်တယ်။

မိတ်ဆွေလည်း မိတ်ဆွေကို မနာလိုတဲ့ သူတွေ နဲ့ ကြုံဖူးပါလိမ့်မယ်။ ဒီလိုဆိုရင် သိရမှာက ကိုယ်က သူတို့ထက် သာနေလို့ သူတို့တွေက မနာလို ဖြစ်နေကြတယ် ဆိုတဲ့ အချက်ပါ။

ဒါပေမယ့် မနာလိုဖြစ်ခံရတဲ့ အဆင့်ပဲဆိုရင်တော့ သင်ပာာ သူတို့ထက် သိပ်မသာသေးပါဘူး။

သူတို့တွေ သင့်ကို မနာလိုမဖြစ်ကြတော့ပဲ အားကျတဲ့စိတ်၊ အတုယူချင်တဲ့ စိတ်တွေ ပေါ်လာမှသာ သင်ပာာ သူတို့ထက် အပြတ်အသတ်ကွာသွားမှာပါ။

ဒါကြောင့်မို့လို့ သင့်ကို မနာလိုဖြစ်ပြီး သင့်အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေသူတွေကို ဒေါသနဲ့ တုံ့ပြန်ဖို့ထက် လက်ရှိအခြေအနေထက် ပိုကောင်းအောင် ကြိုးစားပြီး သူတို့တွေ မနာလိုမဖြစ်နိုင်တော့ပဲ လေးစားအားကျလောက်တဲ့ ဘဝတစ်ခု၊ အခြေအနေတစ်ခုကိုသာ ပိုင်ဆိုင်အောင် ကြိုးစားလိုက်ပါ။

ဒါပာာ အကောင်းဆုံး လက်တုံ့ပြန်ခြင်းပါပဲ။ ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *