Sonic Generation

ချမ်းသာသူတွေနဲ့ မချမ်းသာတဲ့သူ ဘာတွေဘယ်လို ကွာလဲ???

လူတိုင်းကို မေးကြည့်လိုက်ပါ။ မချမ်းသာချင်တဲ့လူရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ဒီလို ချမ်းသာချင်တဲ့သူတွေက ချမ်းသာစေမယ့် အမူအကျင့်တွေ မလုပ်ပဲ၊ ဆင်းရဲစေတဲ့ အမူအကျင့်တွေပဲ လုပ်ကိုင်နေကြတာ ဆိုးရွားလွန်းလှပါတယ်။

ဒီတစ်ခေါက်တော့ ချမ်းသာတဲ့သူနဲ့ မချမ်းသာတဲ့သူတွေ လုပ်လေ့ရှိတဲ့ အမူအကျင့်တွေကို ကြည့်ကြရအောင်။

သာမန်လူတွေ တီဗီကြည့်နေချိန်……….
ချမ်းသာတဲ့သူတွေကတော့ စာဖတ်နေကြတယ်။

သာမန်လူတွေ ဘဝရည်မှန်းချက်မရှိပဲ ဖြစ်သလို ဖြတ်သန်းနေချိန်……..
ချမ်းသာတဲ့သူတွေမှာတော့ ခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှိကြတယ်။

သာမန်လူတွေ အခက်အခဲကို ဝေဖန်နေချိန်………
ချမ်းသာတဲ့သူတွေကတော့ အခက်အခဲကို ကျော်လွှားဖို့ ကြိုးစားနေကြတယ်။

သာမန်လူတွေ အပြောင်းအလဲကို ကြောက်ရွံ့နေချိန်
ချမ်းသာတဲ့သူတွေကတော့ အပြောင်းအလဲကို လက်ခံနိုင်ကြတယ်။

သာမန်လူတွေ အရည်မရအဖတ်မရတွေအကြောင်း ပြောနေချိန်……..
ချမ်းသာတဲ့သူတွေကတော့ ဘဝကို ပြောင်းလဲစေနိုင်မယ့် အိုင်ဒီယာတွေ ပြောဆိုနေကြတယ်။

သာမန်လူတွေ သူတို့ကိုသူတို့ အားလုံးသိပြီ၊ တတ်ပြီ ထင်နေကြချိန်…….
ချမ်းသာတဲ့သူတွေကတော့ စဉ်ဆက်မပြတ် လေ့လာနေကြတယ်။

သာမန်လူတွေ အခြားသူတွေကို အပြစ်ပုံချနေချိန်…………
ချမ်းသာတဲ့သူတွေကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ကောင်းကောင်းနားလည်ကြတယ်။

မိဘချမ်းသာလို့ အလိုအလျောက်သူဌေးဖြစ်လာသူတွေ၊ ထီပေါက်လို့ ချမ်းသာလာသူတွေကလွဲလို့ တကယ့်ကို အောက်ခြေကနေ ရိုးရိုးသားသားကြိုးစားလာခဲ့တဲ့ သူဌေးတိုင်းကတော့ အပေါ်က အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။

မိတ်ဆွေရော……………ဘယ်လိုအမူအကျင့်တွေ ပိုင်ဆိုင်ထားပြီလဲ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *