Sonic Generation

စွန့်လွှတ်သင့်တဲ့ အကျင့် (၈) မျိုး

ဘဝမှာ ရှင်သန်ရတဲ့အခါ အချို့၊ အချို့သော အမူအကျင့်၊ အလေ့အထတွေကို စွန့်လွှတ်ပစ်သင့်ရင် စွန့်လွှတ်သင့်ပါတယ်။ ဒီအကျင့်တွေပာာ ကိုယ့်ဘဝအတွက်၊ ကိုယ့်ရဲ့ ကြီးပွားတိုးတက်မှုအတွက် အထောက်အကူမပြုတဲ့အပြင် တားဆီးပိတ်ပင်ထားမှုတောင် ဖြစ်နိုင်ပါတယ်။

၁။ လူတိုင်းကို ကျေနပ်အောင် ပြုလုပ်ခြင်း

  • လူတိုင်းကို ပျော်စေချင်ရင် ဒါပာာ မဖြစ်နိုင်ပါဘူး။ လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ဖို့ကလည်း မလွယ်ကူပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်အလုပ်သာ ကိုယ် အာရုံစိုက်ပြီး လုပ်ပါ။

၂။ အပြောင်းအလဲကို ကြောက်ရွံ့ခြင်း

  • လူတွေပာာ ပြောင်းလဲရမှာကို ကြောက်ရွံ့ကြတယ်။ နေမြဲအတိုင်း နေလိုကြတယ်။ ဒါပေမယ့် အပြောင်းအလဲတွေက သင်မဖြစ်ချင်ရင်တောင် ဖြစ်နေမှာပါ။ အပြောင်းအလဲကို ကြောက်နေမယ့်အစား ကိုယ်ပါ လိုက်လျောညီထွေနေနိုင်အောင် ကြိုးစားပါ။

၃။ အတိတ်တွင် နေထိုင်ခြင်း

  • အောင်မြင်ခဲ့တဲ့ အတိတ်ပဲဖြစ်ဖြစ်၊ ရှုံးနိမ့်ခဲ့တဲ့ အတိတ်ပဲဖြစ်ဖြစ်…… အတိတ်ပာာ အတိတ်ပါပဲ၊ ပြီးဆုံးသွားပါပြီ။ ဒီလိုပြီးဆုံးသွားတဲ့ အတိတ်မှာပဲ နစ်မြောနေပြီး လက်ရှိနဲ့ အနာဂတ်အတွက် ကြိုးစားခြင်း မရှိရင်တော့ အောင်မြင်မှုတွေ ရဖို့ ခက်ခဲပါလိမ့်မယ်။

၄။ အတွေးလွန်ခြင်း

  • လူအချို့က အတွေးလွန်တတ်ကြတယ်။ မဆီမဆိုင်တွေ လျှောက်တွေးတတ်ကြတယ်။ လူတစ်ယောက်က ကိုယ့်ကို တစ်ခုခုပြောဆိုလိုက်တဲ့အခါ သေချာတဲ့ အကြောင်းရင်းမရှိပဲ မဆိုင်တာတွေ လျှောက်တွေးလိုက်ရင် ဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။

၅။ ကွဲပြားခြားနားမှုကို ကြောက်ရွံ့ခြင်း

  • သူများလုပ်တိုင်း လိုက်လုပ်နေရင် သာမန်အဆင့်ကနေ တက်မှာ မပာုတ်ပါဘူး။ စွန့်စားမှုတွေ၊ မတူကွဲပြားမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒါက အောင်မြင်ခဲ့တဲ့လူတိုင်း လုပ်ခဲ့တဲ့အရာပါ။

၆။ အခြားသူများအတွက် မိမိပျော်ရွှင်မှုကို စွန့်လွှတ်ခြင်း

  • စိတ်ထားကောင်းတဲ့ သူတွေပာာ အခြားသူများအတွက် အနစ်နာခံတတ်ကြသလို၊ အခြားသူတွေအတွက် မိမိ ပျော်ရွှင်မှုကို စွန့်လွှတ်ကြတယ်။ ဒါပေမယ့် ရေရှည်အတွက်ဆို နောက်ဆုံး စိတ်ဆင်းရဲရမယ့် သူပာာ သင်ပဲ ဖြစ်ပါလိမ့်မယ်။ ပျော်ရွှင်မှုကို စွန့်လွှတ်ရမယ့်အစား အခြားသူများနဲ့အတူတူ ဝေမျှခြင်းက ပိုကောင်းပါလိမ့်မယ်။

၇။ မိမိကိုယ်ကို အထင်သေးခြင်း

  • စကားတစ်ခွန်းရှိတယ်။ ကိုယ့်ကိုကိုယ် မယုံကြည်ရင် အခြားသူတွေကလည်း သင့်ကို ယုံကြည်ကြမှာ မပာုတ်ပါဘူးတဲ့။ ကိုယ့်ကိုကိုယ် အထင်သေးရင် အခြားသူတွေကလည်း သင့်ကို အထင်သေးပါလိမ့်မယ်။ မိမိကိုယ် မိမိ ယုံကြည်မှုရှိအောင် လုပ်ပါ။

၈။ ဘဝမှာ ရည်ရွယ်ချက် မရှိဘူးလို့ ထင်မြင်ခြင်း

  • လုပ်သမျှ မအောင်မြင်တဲ့အခါ ဒီလို စိတ်တွေ ဝင်တတ်ပါတယ်။ အနာဂတ်ကို စဉ်းစားပါ။ အခြားသူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်က ဘယ်လိုဘဝမျိုးလိုချင်လဲဆိုတာကို မိမိဘာသာ စဉ်းစားပါ။ ဒါပာာ မိတ်ဆွေရဲ့ ရှင်သန်ရခြင်း ရည်ရွယ်ချက်ပါပဲ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *