Sonic Generation

ကမ္ဘာကျော်ပောာပြောသူ တိုနီရော်ဘင်အကြောင်း

ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရန်ကုန်မြို့မှာ Motivation Speaker အများစု ပေါ်ထွန်းလာပြီး နာမည်ကျော် လူသိများလာကြပါပြီ။ ဆရာအများစုပြောကြတဲ့ NLP ပညာရပ်ပာာလည်း အတော်လေး ခေတ်စားလာပါတယ်။

မြန်မာပြည်က လက်ရှိနာမည်ကြီးနေတဲ့ Motivation Speaker တွေပာာ တိုနီရော်ဘင်ဆီက ပညာသင်ကြားခဲ့ကြသူတွေ များပါတယ်။ ဒီအတွက်လည်း ဂုဏ်ယူစွာ ပြောဆိုခဲ့ကြပါတယ်။ ကမ္ဘာမှာလည်း တိုနီရဲ့ တပည့်အဖြစ် သင်ကြားခဲ့ရသူတွေပာာ အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

တိုနီရော်ဘင်ဆီမှာ ပညာသင်ယူဖို့ပာာ မလွယ်ပါဘူး။ ပညာသင်ယူခပာာ အင်မတန်ဈေးကြီးပါတယ်။ သူရဲ့ နှစ်နာရီစာ ပောာပြောပွဲမှာ နားထောင်ခွင့်ရဖို့ကို ဒေါ်လာသောင်းချီပြီး ပေးတက်ရတာပါ။ ဒါတောင်မှ သူ့ရဲ့ ပွဲတိုင်းပာာ လူတွေနဲ့ အမြဲတမ်းပြည့်နေပါတယ်။ ဒီလိုဆိုရင် တိုနီရော်ဘင်ပာာ ဘယ်လောက်ထိ အောင်မြင်ပြီး ဘယ်လောက်ထိ ချမ်းသာနေမလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဒါပေမယ့် သူ့ဘဝပာာ ပန်းမွေ့ရာ ရွှေကော်ဇော် ခင်းထားတဲ့ ဘဝမပာုတ်ခဲ့ပါဘူး။ သူပာာ မောင်နှမ သုံးယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့အသက် ခုနှစ်နှစ်မှာ မိဘတွေကွာရှင်းခဲ့ပါတယ်။ ပထွေးနဲ့အတူတူ လိုက်နေခဲ့ရပြီး သူ့ဘဝရဲ့ အစောပိုင်းနေ့ရက်တွေပာာ သာယာမှုမရှိခဲ့ပါဘူး။

ငယ်ရွယ်စဉ်ဘဝပာာ အမြဲတမ်းနှိပ်စက်၊ အနိုင်ကျင့်ခံရတဲ့ နေ့ရက်တွေနဲ့ ပြည့်နှက်နေကြောင်း တိုနီပာာ ပြန်ပြောခဲ့ပါတယ်။ မခံနိုင်တော့တဲ့အဆုံးမှာ သူ့အသက် ၁၇ နှစ်မှာ အိမ်က ထွက်လာခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့ပါဘူး။ ဒါပေမယ့်လည်း မောင်နှမတွေကို သံယောဇဉ်ရှိတဲ့ အတွက် အလုပ်ကြမ်းလုပ်ပြီး ထောက်ပံ့ပေးခဲ့ပါတယ်။

အခြားသူတွေ ကောလိပ်တက်နေချိန် တံခါးစောင့်လုပ်ပြီး အသက်မွေးနေရတဲ့အတွက် ကောလိပ်မတက်ခဲ့ရပါဘူး။

နောက်ပိုင်း Motivation Speaker တွေအတွက် ပရိုမိုးရှင်း လုပ်ပေးနေရာကနေစပြီး ပောာပြောမှုတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုထက်သန်လာတဲ့အတွက် NLP ပညာရပ်တွေ စတင်လေ့လာခဲ့ပါတယ်။ ကြိုးစားတဲ့ တိုနီအဖို့ Motivation Speaker အဖြစ် အသက်မွေးဖို့ ရွေးချယ်လိုက်တာပာာ အောင်မြင်မှုတွေ ကြီးစွာ ရရှိစေခဲ့ပါတယ်။

ဒီလို အောင်မြင်မှုတွေပာာ ချက်ချင်းရလာတာမပာုတ်ပါဘူး။ နှစ်ရှည်လများ ကြိုးစားအားထုတ်ရတဲ့အပြင် ဝေဖန်တိုက်ခိုက်မှုမျိုးစုံကို ကျော်ဖြတ်ပြီးမှ ရလာခဲ့တာပါ။

တိုနီရော်ဘင်ပာာ လူပေါင်းများစွာရဲ့ ဘဝအောင်မြင်ရေးအတွက် စာပေရေးသားခြင်း၊ ပောာပြောပွဲ ကျင်းပခြင်း၊ အကြံဉာဏ်ပေးခြင်း စတာတွေ ပြုလုပ်ပေးခဲ့တဲ့အပြင် အမေရိကန် သမ္မတ ဘီလ်ကလင်တန်အတွက်ပါ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နိုင်တဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

ဘဝအစပိုင်းမှာ ဘယ်လောက်ပဲ ဆိုးရွားခဲ့ပါစေ၊ ယုံကြည်ချက်အပြည့်နဲ့ မိမိ နှစ်သက်ရာ လမ်းကြောင်းကို လျှောက်လှမ်းရင် အောင်မြင်မှုတွေ ရနိုင်ကြောင်း တိုနီရော်ဘင်ကို ဥပမာပြုကာ ရေးသားလိုက်ရပါတယ်။ ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *