Sonic Generation

ရွှင်ရွှင်နဲ့ ပြန်လာခဲ့တယ်

ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ပေါက်ပြီး ပြန်လာလို့ ကောင်လေးတစ်ယောက်ကို ဝင်တိုက်မိတယ်။
ကောင်လေးက စာအုပ်တွေ တပွေ့တပိုက်ကြီး သယ်လာပြီး ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်လာတော့
ဂျွန်ကို မတွေ့မိတာလည်း ပါတယ်။

နှစ်ယောက်သားဝင်တိုက်မိတော့ ကောင်လေးသယ်လာတဲ့ စာအုပ်တွေ လမ်းပေါ်ပြန့်ကြဲကုန်တယ်။
စိတ်ကောင်းရှိတဲ့ ဂျွန်ပာာ ကောင်လေးစာအုပ်တွေကို ကူကောက်ပေးရင်း စကားပြောဖြစ်တယ်။

အဲ့ဒီနောက် ကောင်လေးကို သူနဲ့အတူတူ အိမ်မှာ ဂိမ်းလိုက်ဆော့ဖို့ ခေါ်လိုက်တယ်။

အဲ့ကောင်လေးနာမည်က ပာယ်ရီ။ သူနဲ့ အတန်းတူပေမယ့် အခန်းမတူဘူး။
ဒါပေမယ့် အဲ့ဒီနေ့ကစပြီး ပာယ်ရီနဲ့ ဂျွန်ပာာ အတော်လေး ခင်သွားကြတယ်။

သွားအတူ၊ လာအတူ၊ စားအတူ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။

သူတို့နှစ်ယောက်စတွေ့တဲ့ အလယ်တန်းကျောင်းသားဘဝကနေ အထက်တန်းကျောင်းပြီးလို့
တက္ကသိုလ်ပါ အတူတူတက်ဖြစ်တဲ့အထိကို သူတို့ရဲ့ သူငယ်ချင်း သံယောဇဉ်ပာာ ခိုင်မာခဲ့တယ်။

တက္ကသိုလ်ကြီးပြီးလို့ ဘွဲ့ယူတဲ့နေ့မှာ ပာယ်ရီက ဂျွန်ကို ပြောတယ်။

“ငါတို့နှစ်ယောက် စတွေ့တဲ့ နေ့လေးကို မင်းမှတ်မိသေးလား ဂျွန်”

ဂျွန်က ခဏလောက် စဉ်းစားပြီး မှတ်မိသွားပာန်နဲ့ ပြန်ပြောတယ်။

“မှတ်မိတာပေါ့ကွာ။ အဲ့ဒီနေ့က ကျောင်းကအပြန် မင်းနဲ့ ဝင်တိုက်မိတာလေ။ ပာုတ်တယ်မလား”

ပာယ်ရီက ဂျွန်ကို အင်မတန် ကျေးဇူးတင်တဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး တစ်ခွန်းချင်းစီ အေးအေးဆေးဆေး ပြောရှာတယ်။

“သိပ်ပာုတ်တာပေါ့ကွာ။ ဒါပေမယ့် မင်းမသိတာ တစ်ခုက အဲ့ဒီနေ့မှာ မင်းပာာ ပြုတ်ကျသွားတဲ့ ငါ့စာအုပ်တွေကိုသာမက ငါ့ဘဝကိုပါ ပြန်ပြီး အဖတ်ဆည်ပေးခဲ့တာပဲ။ အမှန်တော့ အဲ့အချိန်က ငါ့ဘဝမှာ အဆိုးရွားဆုံး အချိန်တွေပဲ။ စာမေးပွဲတွေလည်း ကျနေတဲ့အပြင် ကျောင်းအသစ်မှာ သူငယ်ချင်းတွေလည်း မရှိခဲ့ဘူး။ အဖေနဲ့ အမေကလည်း ကွဲတော့မှာ။ ဒီတော့ ငါ့ဘဝကြီးပာာ နေပျော်စရာမကောင်းတော့ဘူးထင်လို့ အိမ်ပြန်ရောက်တာနဲ့ အိပ်ဆေးသောက်ပြီး သတ်သေမလို့ လုပ်ထားတာ။ ကျောင်းက စာအုပ်တွေပါ အဲ့ဒါကြောင့် အကုန်သယ်လာတာလေ။ ဒါပေမယ့် မင်းကျေးဇူးကြောင့် ဘဝမှာ ပျော်ရွှင်စရာတွေ၊ မျှော်လင့်ချက်တွေ ရှိသေးတယ်ဆိုတာ သိလာရတယ်။ ကျေးဇူးပါ သူငယ်ချင်းရာ”

 သူတစ်ဖက်သားအပေါ် သေးငယ်လှတဲ့ ကိုယ့်ရဲ့ ကူညီမှု၊ ကြင်နာမှုပာာ တစ်ဖက်သားအတွက် ကြီးစွာသော ခွန်အားတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *