Sonic Generation

ပြင်းပြတဲ့ ဆန္ဒရှိပါစေ

တစ်ခါက ဘဝမှာ အင်မတန် အောင်မြင်ကျော်ကြားမှုကို ရယူလိုတဲ့ လူငယ်တစ်ယောက် ရှိသတဲ့။

ဒါပေမယ့် သူပာာ ဘဝမှာ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး မသိရှာဘူး ဖြစ်နေတယ်။

ဒီတော့ သူတို့မြို့က ပညာရှိတယ်လို့ အင်မတန်နာမည်ကျော်တဲ့ ဆရာကြီးဆီလာပြီး အောင်မြင်ရေးနည်းလမ်းတွေကို သင်ကြားပြသပေးဖို့ တောင်းဆိုလေတယ်။

ဆရာကြီးက သူနဲ့ အတူ လူငယ်လေးကို ကမ်းစပ်ကို ခေါ်သွားတယ်။

ရေနက်ထဲရောက်တဲ့အခါ ရေထဲ ခေါင်းငုတ်လိုက်ဖို့ လူငယ်ကို ပြောတယ်။

ဘာကြောင့်လဲဆိုတာ မသိပေမယ့်လည်း ဆရာကြီးလုပ်ခိုင်းတော့ လူငယ်ကလည်း ရေထဲခေါင်းငုတ်လိုက်တယ်။ လူငယ်က ရေထဲခေါင်းငုတ်လိုက်တာနဲ့တစ်ပြိုက်နက် ဆရာကြီးက လူငယ်လေးခေါင်းကို အတင်းရေထဲနှစ်ထားတယ်။

လူငယ်ခမြာ ရေထဲကနေ ခေါင်းမဖော်နိုင်တော့ အတော်လေးရေမွန်းသွားတယ်။ ခဏလောက်ကြာမှ ဆရာကြီးက လူငယ်လေးခေါင်းကို လွှတ်ပေးလိုက်တယ်။

ရေလည်းမွန်း၊ ဒေါသလည်း ထွက်နေတဲ့ လူငယ်လေးက ဆရာကြီးကို ဒေါသတကြီး လိုက်ရှာတော့ ဆရာကြီးက ကမ်းစပ်မှာ ရောက်နေပြီ။

လူငယ်လေးလည်း ဆရာကြီးကို ရန်တွေ့မယ်ဆိုပြီး ကမ်းစပ်အထိ ပြန်လျှောက်လာပြီး ရန်တွေ့မလို့ လုပ်နေတုန်း ဆရာကြီးက ပညာသားပါပါနဲ့ ကြည့်ပြီး လူငယ်လေးကို မေးတယ်။
“ကောင်လေး……..မင်းအတော်လေး ရေမွန်းသွားလား။ ရေမွန်းမှာတော့ သေချာပါတယ်။ ဒေါသထွက်မနေပဲနဲ့ ငါမေးတာကို မင်းစဉ်းစားကြည့်ပါဦး။ ရေမွန်းနေတဲ့အချိန် မင်းအလိုချင်ဆုံးက ဘာဖြစ်မလဲ”

ဆရာကြီးက ရုတ်တရက် မေးခွန်းနဲ့ စလိုက်တော့ လူငယ်လေးက ကြောင်သွားတယ်။ နောက်…..သူ သေသေချာချာ စဥ်းစားတယ်။ ရေမွန်းနေတဲ့အချိန် ဘာအလိုချင်ဆုံး ဖြစ်မလဲဆိုတာကိုပေါ့။

“ပာုတ်ပြီ။ ကျွန်တော်ရေမွန်းနေတဲ့အချိန် အလိုချင်ဆုံးက လေပဲ။ လေရှူရဖို့ကို ကျွန်တော်အလိုချင်ဆုံးပဲ”

လူငယ်လေးစကားကြားတဲ့အခါ ဆရာကြီးက ပြုံးပြီး စကားဆိုတယ်။

“မင်းရေအောက်မှာတုန်းက လေ ကို အင်မတန်တောင်းတသလို၊ လိုချင်သလို၊ မင်းဘဝမှာ အောင်မြင်ကို လိုချင်ရင်၊ တောင်းတရင် ဘာလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေ ပေါ်လာပြီး မင်းလိုချင်တာတွေ တကယ်ဖြစ်လာမှာပေါ့ကွာ”

Leave a Comment

Your email address will not be published. Required fields are marked *